ရန်ကုန်တွင် ဗကသ ကျောင်းသားများက စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ချိတ်ဆွဲ
ရန်ကုန်၊ ဖေဖော်ဝါရီ ၄
ရန်ကုန်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်) မှ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် “နှောင်ကြိုးမှ တပါး ဆုံးရှုံးစရာမရှိ” စာတန်း ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

