27.6 C
Yangon

ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေတွင် ရုရှား-မြန်မာ နူကလီးယား အချက် အလက် နည်းပညာစင်တာကို မင်းအောင်လှိုင်ကိုယ်တိုင် မနက်ဖြန် ဖွင့်လှစ်မည်

Must read

ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေတွင် ရုရှား-မြန်မာ နူကလီးယား အချက် အလက် နည်းပညာစင်တာကို မင်းအောင်လှိုင်ကိုယ်တိုင် မနက်ဖြန် ဖွင့်လှစ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေဝင်း(RC2) အတွင်းတွင် ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာကို အကြမ်းဖက် မင်းအောင်လှိုင်ကိုယ်တိုင် မနက်ဖြန်တွင် တက်ရောက် ဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်တွင် Nuclear Technology Information Center တည်ထောင်ရန် ရုရှား နိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနတို ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ၃ လနီးပါးကြာချိန်တွင် ယင်းသို့ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေဝင်းအတွင်းတွင် နူကလီးယား အချက်အလက် နည်းပညာစင်တာဖွင့်လှစ် ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ (RC2) အတွင်း စနိုက်ပါတပ်များ၊ ကင်းပုန်းများ၊ လုံခြုံရေးများ အထူးတင်းကျပ်စွာ ချထားကြောင်း၊ ယနေ့တွင်မူ မင်းအောင်လှိုင်သည် ဧရာ၀တီတိုင်းဘက်သို့ သွားရောက်ရန်ရှိနေကြောင်း သိရှိရသည်။

နူကလီးယား အချက်အလက် နည်းပညာစင်တာဖွင့်ပွဲသို့ အကြမ်းဖက် မင်းအောင်လှိုင်နှင့်အတူ ရုရှားစစ်ဘက်နှင့် နိုင်ငံခြားရေးဘက်မှ ပုဂ္ဂိုလ်များလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း၊ ယင်းနည်းပညာစင်တာတွင် စစ်ကောင်စီ၏ ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်အဖွဲ့၊ နူကလီးယားဆိုင်ရာ ဌာနဘက်မှ စစ်ဘက်အရာရှိများ၊ သိပ္ပံနှင့်နည်းပညာဌာနမှ ပုဂ္ဂိုလ်များကိုလည်း ခန့်ထားမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၂၂ ရက်နေ့ မြန်မာနိုင်ငံအတွက် နူကလီးယား စွမ်း အင် အားသုံး လျှပ်စစ် ဓာတ် အားပေး စက်ရုံ တည် ဆောက်ရန် ရုရှားနှင့် မြန်မာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article