32 C
Yangon

မှော်ဘီလျှပ်စစ်ရုံးခန်းထဲတွင် မီတာ လျှောက်မည်ဟုဆိုပြီး ပါဆယ်ဗုံးထောင် ဖောက်ခွဲမှု Non-CDM ဝန်ထမ်း ၂ ဦး ဒဏ်ရာရ ၊ ဗုံးထောင်သူများကို CCTV မှတစ်ဆင့် ဖမ်းဆီးရန် စစ်တပ်က ကြိုးပမ်းနေ

Must read

မှော်ဘီလျှပ်စစ်ရုံးခန်းထဲတွင် မီတာ လျှောက်မည်ဟုဆိုပြီး ပါဆယ်ဗုံးထောင် ဖောက်ခွဲမှု Non-CDM ဝန်ထမ်း ၂ ဦး ဒဏ်ရာရ ၊ ဗုံးထောင်သူများကို CCTV မှတစ်ဆင့် ဖမ်းဆီးရန် စစ်တပ်က ကြိုးပမ်းနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မှော်ဘီလျှပ်စစ်ရုံးခန်းထဲတွင် လျှပ်စစ်မီတာ လျှောက်မည်ဟုဆိုပြီး ဝင်ရောက် ပါဆယ်ဗုံးထောင် ဖောက်ခွဲသဖြင့် ဝန်ထမ်း ၂ ဦး ဒဏ်ရာရပြီး ဗုံးထောင်သူများကို CCTV မှတစ်ဆင့် ဖမ်းဆီးရန် စစ်တပ်က ကြိုးပမ်းနေကြောင်း မှော်ဘီသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန် မှော်ဘီမြိုနယ်၊လျှပ်စစ်ရုံး၊ စီမံဌာနအတွင်းသို့ လျှပ်စစ်မီတာ လျှောက်ထားရန်အတွက်ဟုဆိုကာ လူ ၂ ဦး ဝင်ရောက်လာပြီး ပါဆယ်အထုပ်တစ်ထုပ်ကို ထားရှိခဲ့ကြောင်း၊ ယင်းနောက် ယင်းပါဆယ်ထုပ် ပေါက်ကွဲပြီး လျှပ်စစ်ဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“မှော်ဘီလျှပ်စစ်ရုံး ရုံးခန်းထဲဗုံးပေါက်တာက မီတာလျှောက်ချင်လို့ဆိုပြီး အထဲဝင်လာတာ။ အဲဒါ ပြီးတော့ အထုပ်ထားပြီး ပြန်လာခဲ့မယ်ဆိုပြီး ပြန်ထွက်သွားတယ်။ အဲဒီနောက်မှာ ဗုံးပေါက်တာပဲ။ Non- CDM ၂ ဦး ဒဏ်ရာပါတယ်။ ရုံးမှာ CCTV တပ်ထား‌တော့ CCTV မှတ်တမ်းကနေလိုက်နေတယ်။ အခုထိတော့ မိတယ်လို့ မကြားသေးဘူး။ ရုံးခန်းတော့ အတော်ပျက်စီးသွားတယ်။ အခုတော့ ရုံးပိတ်ထားတယ်” ဟု မှော်ဘီသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ယနေ့ နံက်ပိုင်း သင်္ဃန်းကျွန်းမြို့နယ်တွင် ဗုံးပေါက်ကွဲသံကြားရပြီး နေရာကို အတိအကျ မသိရှိရသေးကြောင်း၊ စစ်တပ်က ရန်ကုန်မြို့ တစ်ဝန်းတွင် လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article