အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၈
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ဇွဲရှိရှိနဲ့ ညီညွတ်စွာတွန်းလှန်ကြရင် ပန်းတိုင်ဆိုတာ လက်တကမ်းမှာပါ၊ သွေးမအေးပဲ အဆုံးထိ ဆက်လျှောက်ကြမယ်” စာတန်းများကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။



