25 C
Yangon

ဖားကန့်၊ ကာမိုင်းစစ်ဆေးရေးဂိတ်ကို KIA၊ PDF ပူးပေါင်းတပ် ဝင်တိုက်၊ စစ် ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး သေနတ် ၅ လက်သိမ်းဆည်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကာမိုင်းစစ်ဆေးရေးဂိတ်ကို KIA၊ PDF ပူးပေါင်းတပ် ဝင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး သေနတ် ၅ လက်သိမ်းဆည်းမိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ အတည်ပြုပြောဆိုသည်။

ဖားကန့်လမ်းပိုင်းရှိ အစစ်အဆေးကြမ်းသော စစ်ကောင်စီ ၏ ကားမိုင်း စစ် ဆေး ရေးဂိတ် ဖေဖော်ဝါရီ ၂၄ မနက် ၆ နာရီ တွင် KIA PDF တပ်ဖွဲ့ဝင် များက တိုက်ခိုက်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦးသေပြီး သေနတ် ၅ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ အဆိုပါ စကစ စစ်ဆေးရေး ဂိတ် အနီးရှိ ပြည်သူ တဦး လည်း သေဆုံးခဲ့ကြောင်း၊ကာမိုင်းဗျူဟာကုန်းမှ စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လမ်းတွင် KIA PDF အဖွဲ့ဝင်များ ကြားဖြတ် တိုက်ခိုက်သောကြောင့် အထိအခိုက်များနိုင်ကြောင်း သိရှိရသည်။

တိုက်ပွဲသည် မိနစ် ၅၀ ခန့်ကြာမြင့်ပြီး ကာမိုင်း-လဝါလမ်းဆုံရှိ အဆိုပါဂိတ်ကို ဖျက်ဆီးလိုက်နိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ် ကာမိုင်းမြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ စခန်းကို ဖျက်ဆီး ခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိကာ အထိအခိုက်မရှိ ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article