အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့တွင် မြန်မာ့အရေး အမေရိကန် ထိရောက် စွာ အရေးယူ ပေးရန် နှင့် မြန်မာတွင် No Fly Zone သတ်မှတ်ပေးရန် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီရှိ သမ္မတ အိမ်ဖြူတော်၊ အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီးဌာနရှေ့တို့တွင် မြန်မာ့အရေး ဆန္ဒပြ ချီတက်ပွဲ ပြုလုပ် နေပြီး နှင်းများ ကျနေသည့် ရာသီဥတုအတွင်းတွင်ပင် မြန်မာနိုင်ငံသားများနှင့် မြန်မာ့အရေးလှုပ်ရှားသူများ ချီတက်ဆန္ဒပြနေကြသည်။
ဆန္ဒပြတောင်းဆိုသူများက မြန်မာနိုင်ငံတွင် လေယာဉ်မပျံသန်းရဇုန် No Fly Zone သတ်မှတ်ရန်၊ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူရန် တောင်းဆိုနေကြသည်။


