ဝက်လက်တွင် စစ်တပ် စစ်ကြောင်းများကို PDF တပ်များက ခုခံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိ
ရန်ကုန်၊ မတ် ၁၂
စစ်ကိုင်းတိုင်း ဝက်လက်မြိုနယ် ဟန်လင်းရွာ အနီး တပ်စွဲထားသော အကြမ်း ဖက် စစ်တပ်နှင့် ပျူစောထီးများ မတ်လ ၁၁ ရက်နေ့တွင် ပြည်သူပိုင် နေအိမ်တစ်လုံးကို ဖျက်ဆီးနေစဉ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီဝင်နှင့် ပျူစောထီးများ ထိခိုက်မှု ရှိနိုင်ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ထို့ပြင် မတ်လ ၁၁ ရက်နေ့ ညပိုင်းတွင်လည်း ဟန်လင်းရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီးများသည် ပြည်သူပိုင် နေအိမ်တိုကို ဖျက်ဆီးလျက်ရှိကြောင်း သတင်းရရှိသဖြင့် လက်နက်ကြီးကျည် ၁၂ လုံးဖြင့် မတ် ၁၁ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုကို BLACK WOLF – ARMY တပ်ဖွဲ ဝင်များမှ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဝင်များ၏ ထိခိုက်မှုကို မသိရသေးပေ။
အလားတူ မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ဆားတောင်နှင့်ဝက်လက်မြို့အကြား တိုက်ပွဲသို့ စစ်ကူလာသော တပ်မ၃၃မှ စစ်ယာဉ်တန်းကို နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့နှင့် ဆားတောင် မိုးကြိုး အဖွဲ့ က ပဒေသာမိုင်း ပွိုင့် ၂ ပွိုင့်ထား၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ထိုးရပ်သွားပြီး ကားပေါ်တွင် ပါလာသော စစ်သား ထိခိုက်သေ ဆုံးမှုများရှိကြောင်း၊ မိုင်းဆွဲခံရပြီးနောက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များ ဖြင့် ပြန်လည်ပစ်ခတ်ကြကြောင်း၊ စစ်ကူရန် သွားရောက်သော စစ်ကားမှာ စစ်ကူမသွားနိူင်တော့ဘဲ မတ် လ ၁၀ ရက်နေ့ ညပိုင်းတွင် ပျက်စီးနေသော စစ်ကားများကို ပြန်လည် ဆွဲယူသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဝက်လက်ဒေသမှ PDF တပ်ဖွဲ့ဝင်တစ်ဦး။