စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသော ကျောင်းသား ကိုထက်မြတ်အောင် ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်ရေကြောင်း တက္ကသိုလ် တွင် ပြုလုပ်
ရန်ကုန်၊ မတ် ၁၂
စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသော ရေကြောင်း တက္ကသိုလ် ကျောင်း သား ကိုထက်မြတ်အောင် ၂ နှစ်ပြည့် အထိမ်းအမှတ်အကြိုအဖြစ် ရေကြောင်းတက္ကသိုလ် ကျောင်းပရဝုဏ်တွင် ပြုလုပ်သည်။
ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ကိုထက်မြတ်အောင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အကြိုလှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ တွင် ပြည်မြို့စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြ တွင် အကြမ်းဖက်ရဲနှင့်စစ်တပ်၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပထမနှစ်ကျောင်းသား ကိုထက်မြတ်အောင် ကျဆုံးခဲ့ရခြင်းဖြစ်သည်။