39 C
Yangon

ရေးမြို့နယ်တွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းပြီး အပြန်လမ်းတွင် စစ်တပ်နှင့်တိုက်ပွဲဖြစ်

Must read

ရေးမြို့နယ်တွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းပြီး အပြန်လမ်းတွင် စစ်တပ်နှင့်တိုက်ပွဲဖြစ်

ရန်ကုန်၊ မတ် ၁၅

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းပြီး အပြန်လမ်းတွင် စစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က တရားဝင် ထုတ်ဖော်ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့၊ နံနက် ၈ နာရီခွဲအချိန် ရေးမြိုနယ်၊ ကျောင်းရွာ၊ အုန်းတောရပ်ကွက်တွင် နေထိုင်သည့် စစ်ကောင်စီသတင်းပေး လွင်မိုးအေးကို ရေးဘီလူးအဖွဲက ပစ်ခတ်ရှင်းလင်းပြီးအပြန်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“လွင်မိုးအေးကို ရှင်းလင်းပြီးအပြန်မှာ ရေးဘီလူးအဖွဲနဲ့ စစ်ကောင်စီတပ်တို ထိပ်တိုက်တွေ့တယ်။ တွေ့ပြီးတော့ ပစ်ခတ်မှုခဏတာဖြစ်ခဲ့တယ်။ ဆုတ်လမ်းမှာ ကျွန်တော်တိုတွေကို အပိုင်စောင့်ပစ်တာဖြစ်ပါတယ်။ ကျနော်တို့ကားတစ်စီး ဆုံးရှုံးခဲ့ရပါတယ်”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

လွင်မိုးအောင်သည် စစ်တပ်အတွက် သတင်းပေးလုပ်ကိုင်ပြီး လောင်းကစားဒိုင် ကိုင်ကြောင်း၊ စစ်တပ်ထဲတွင်သွားရောက် အိပ်ပြီး စစ်တပ်အရာရှိများ၊ စစ်တပ်နှင့်အတူ သွားလာနေထိုင်ကာ သတင်းပေးလုပ်ကိုင်နေသူဖြစ်ကြောင်း သိရှိရသည်။

ရေးဘီလူးအဖွဲ့သည် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်တပ်လက်အောက်ခံ သတင်းပေးများ၊ စစ်တပ်နှင့်ရဲများ၊ ဒေါင်တိုင်များ၊ ပျူစောထီးများကို အဓိက ပစ်မှတ်ထား ဦးတည် တိုက်ခိုက်နေသော စစ်အာဏာရှင် တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article