အုတ်ဖို၊ တာဝါတိုင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်ကြောင်းကို တိုက် ခိုက်မှု စစ်သား ၆ ဦးခန့် သေဆုံးနိုင်၊ ရွှေဘိုတွင် ကင်းလှည့်စစ်ကြောင်းကို တိုက် ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး
ရန်ကုန် ၊မတ် ၂၆
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်များအတွင်းမှ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူပြီး မီးရှို့ဖျက်ဆီး နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးခန့်သေ ဆုံးနိုင် ကြောင်း ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၆ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က အုတ်ဖိုမြို့နယ်၊ ဂမုန်း ဆည် အနီးရှိ ဝိုင်းကျေး ရွာအုပ်စု တာဝါတိုင်ရွာတွင် တပ်စွဲထားပြီး ပြည်သူပိုင် နေအိမ်များအတွင်းမှ ပစ္စည်းများကို ခိုးယူကာ နေအိမ်များကို မီးရှို့ဖျက်ဆီး နေ သော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စက် သေနတ်၊ ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်သား ၆ ဦး ခန့်သေဆုံးနိုင်ကြောင်း သိရသည်။
စစ်ဆင်ရေး တိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ၅ နှင့် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ၅၊ တပ်စု ၂ ပူးပေါင်းတပ်ဖွဲ့များက မြွေပွေးစစ်ကြောင်း၊ မြင်းပျံ စစ်ကြောင်း (၂)ခု ခွဲ၍ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ လက်နက်ကြီး၊ စက်သေနတ် များဖြင့် ရမ်းသန်းကာ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
“ထိခိုက်သေဆုံးမှုတော့ရှိနိုင်ပါတယ်” ဟု ကြို့ပင်ကောက် Hero ပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။
မတ်လ ၂၄ ရက်နေ့ကလည်း အဆိုပါ တာဝါတိုင်ကျေးရွာတွင် အကြမ်းဖက် စစ် တပ်နှင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၆ ဦးသေ ဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း၊ အထိနာခဲ့သော အကြမ်း ဖက် စစ်တပ် က တာဝါတိုင်ကျေးရွာ၊ ဝိုင်းကျေးရွာနှင့် ချောင်းစောက် ရွာများကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ မတ်လ ၂၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာမှ ကင်းလှည့်ထွက်လာသော စစ်သားနှင့် ပျူစောထီး ၇ ဦးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
မန္တလေးခရိုင် အမှတ် ၄ တပ်ရင်းနှင့်အတူ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊MDF Shwe Bo နှင့် ဗိုလ်ကျားရိုင်း- ရွှေဘို(LPDF)အဖွဲ့၊ဗိုလ်ဂျပန်ကြီး(TTT) ရွှေဘို (LPDF)အဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်း အဖွဲ့တို့မှ ပူး ပေါင်းတိုက်ခိုက်ရာ တိုက်ပွဲစုစုပေါင်းကြာချိန် မိနစ် ၂၀ခန့်ကြာမြင့်၍ စစ်သားနှင့် ပျူစောထီး ၅ ဦးသေဆုံး၍ ၂ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ ကာကွယ် ရေးမဟာမိတ်တပ်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။
“အဲဒီ ပလိုင်းကျေးရွာမှာ စစ်ခွေးတွေ အထိုင်ချနေတာ ၁ နှစ်ကျော်နေပြီ။ စစ်ကူလာတာလည်း မရှိပါဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။