ဖားကန့်မြို့တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ မတ် ၂၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ မတ်လ ၂၇ ရက် နေ့၌ KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲတွင် KIA၊ PDF တိုက်ပွဲတိုင်းမာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ ၊ တရားမဝင်ရွေးကောက်ပွဲလူထုအားဖြင့်တိုက်ဖြတ်ကြ ၊ လူထု သစ္စာဖောက် နိုင်ငံရေးပါတီများ အလိုမရှိ၊ လူထုတိုက်ပွဲ အရှိန်မြင့်ကြ ဘုံရန်သူကို ချေမှုန်းကြ၊ ဖက်ဆစ် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့် မရစေရ စသည့်ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြောင်း သိရသည်။


