ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၈
အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ဖေဖေါ်ဝါရီလ ၂၈ ရက်တွင် ၃၈၆ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြပြီး ရုရှားနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုကို ခုခံစစ်ဆင်နွှဲနေသော ယူကရိန်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့ကြသည်။