21.1 C
Yangon

ရေတာရှည်တွင် ၆ ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများ ရှိနေပြီး PDF ရဲဘော်တစ်ဦး ကျဆုံး

Must read

ရေတာရှည်တွင် ၆ ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများ ရှိနေပြီး PDF ရဲဘော်တစ်ဦး ကျဆုံး

ရန်ကုန်၊ ဧပြီ ၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ဧပြီလ ၁ ရက်နေ့မှ ယနေ့ အချိန်အထိ ၆ ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ သေဆုံးမှု များပြားနေကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဧပြီလ ၁ ရက်နေ့မှစတင်၍ ရေတာရှည်မြို့နယ်၊ မိကျောင်းအိုင်ကျေးရွာအုပ်စုအတွင်း ၅ ရက် ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် PDF ၃၅၀၂ ၊ ၃၅၀၁ နှင့်အတူ KNLA ပူးပေါင်းစစ်ကြောင်းတို့က စစ်တပ်ကို တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲများ နေ့စဥ် ဖြစ်ပွားပြီး ဧပြီလ ၄ ရက်နေ့ ၆နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ Drone ဖြင့် ဗုံးသီးချစစ်ကူပေးနိုင်ခဲ့ရာ စစ်ကောင်စီတပ်များ အထိနာခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ကျေးရွာများသို့ လက်နက်ကြီး ပစ်ကူ အလုံး ၃၀ ခန့်ပစ်ခတ်ပေးသည့်အပြင် MI 35 ရဟတ်ယာဥ်ဖြင့် ၄ ကြိမ် တိတိပစ်ခတ်ခဲ့ကြောင်း၊ ဧပြီလ ၄ ရက်နေ့ ညနေ ၅နာရီခွဲ ခန့်အချိန် တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲံကြောင်း သိရှိရသည်။

” တပ်ရင်း ၃၅၀၁ ခွဲ၄ မှ ရဲဘော်တစ်ဦး လည်ပင်းကျည်ထိမှန် ကျဆုံးခဲ့ပါတယ်။ ကျန်ရဲဘော်တွေလည်း အနည်းငယ် ထိခိုက်မှု(မစိုးရိမ်ရ) ရှိခဲ့ပါတယ်။ ရန်သူ စစ်ခွေးတွေရဲ့ သေဆုံးမှု အရေအတွက်တော့ မသိရသေးပါဘူး။ အရပ်သားတွေရှိတဲ့နေရာတွေကို ပစ်ခတ်လို့ အရပ်သားတွေ လက်နက်ကြီး ထိမှန်သေဆုံးတဲ့ သတင်းတွေလည်း ရရှိထားပါတယ်” ဟု PDF သတင်းရင်းမြစ်က ပြောဆိုသည်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် KNLA တပ်မဟာ ၂ က တော်လှန်ရေးတပ်များ ပူးပေါင်းကာ စစ်ကြောင်းကြီးများ ထူထောင်ထားပြီး စစ်ကောင်စီတပ်များကို စစ်အာဏာရှင် ချေမှုန်းရေး အတွက် တိုက်ခိုက် ချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article