21.1 C
Yangon

ရွှေက္ကိုလ်တွင် စစ်တပ်နှင့်BGF အင်အား ၁၀၀ နီးပါး အင်အား ထပ်မံဖြည့်တင်းပြီး လက်နက်ကြီး များဖြင့် ရမ်းသမ်း ပစ်ခတ်

Must read

ရွှေက္ကိုလ်တွင် စစ်တပ်နှင့်BGF အင်အား ၁၀၀ နီးပါး အင်အား ထပ်မံဖြည့်တင်းပြီး လက်နက်ကြီး များဖြင့် ရမ်းသမ်း ပစ်ခတ်

■ တရားမဝင် ဒုစရိုက်မြို့တော် ရွှေက္ကိုလ်မှ ပြည်သူများ တိမ်းရှောင်ကြရန်၊ ကရင်ပြည်နယ်ကို ပျက်စီးစေသည့် ရွှေက္ကိုလ်ကို တိုက်ခိုက်မည်ဟု ကော်သူလေးတပ်မတော် ကြေညာ

ရန်ကုန်၊ ဧပြီ ၈

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ဒေသတွင် စစ်တပ်နှင့် BGF အင်အား ၁၀၀ နီးပါး ယမန်နေ့ညပိုင်း အင်အား ထပ်မံ ဖြည့်တင်းလာကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့မှစတင်၍ Lion Battalion အပါအဝင် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ရွှေက္ကိုလ်ဒေသရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းများကို စတင် တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုတွင် BGF ၈၀ ကျော်သေဆုံးပြီး လက်နက် ၇၅ လက်ရရှိခဲ့ကြောင်း၊ တိုက်ပွဲများသည် ဧပြီလ ၆ ရက်နေ့ ၊ ဧပြီလ ၇ ရက်နေ့တို့တွင် ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်နှင့် BGF ဘက်မှ ရွှေက္ကိုလ်မြို့၏ လုံခြုံရေးအတွက် ထပ်မံ အင်အား ဖြည့်တင်း လာကြောင်း သိရှိရသည်။

” မနေ့ ဧပြီလ ၇ ရက်နေ့ ည ၁၀ နာရီခွဲမှာ စစ်ကောင်စီနဲ့ BGF ကားသေး Double Cab ၁၉ စီးကျော် မြဝတီ-အာရှလမ်း ဖားချောင်းရွာကိုဖြတ်ပြီး မြ၀တီဘက်ကို တက်သွား တယ်။ မြ၀တီ နဒီ လင်းမြိုင်မှ ရွှေကုက္ကိုလ်ဘက်သွားတယ်လို့ အဲဒီဘက်က ဒေသခံတွေဆီက သိရတယ်။ မနေ့ည ၁၁ နာရီဝန်းကျင်မှာ မဲ့ပလဲ့ ၊ထီးဝါးပလော ၊သဲပုံ၊ ထီးချားရာ ရွှေကုက္ကိုဘက်အခြမ်းတွေမှာ စစ်ခွေး တွေနဲ့ BGF တွေက လက်နက်ကြီးတွေ ရမ်းသမ်း ပစ်ခတ်နေခဲ့တယ်” ဟု စစ်တပ်နှင့် BGF ၏ စစ်ရေးလှုပ်ရှားမှုကို မျက်ခြည်မပြတ်စောင့်ကြည့်နေသူ ဒေသသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ကော်သူလေးတပ်မတော်က ဧပြီလ ၇ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် တစ်ရပ် ထုတ် ပြန်လိုက်ပြီး ရွှေက္ကိုလ်သည် စစ်ကောင်စီအတွက် တရားမဝင် ငွေမည်း ရှာဖွေပေးနေသော နေရာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ဖြန့်ဖြူး သုံးစွဲရောင်းချခြင်း၊ လောင်းကစားနေရာပြုလုပ်ခြင်း၊ ပြည့်တန်ဆာအဖြစ် လိမ်လည်လှည့်ဖြား ခိုင်းစေခြင်း၊ နိုင်ငံခြားမှ အလုပ်သမားများကို လိမ်လည်ခေါ်ဆို ခိုင်းစေခြင်း များလုပ်ကိုင်သော နေရာဖြစ်ကြောင်း ပြည်သူများအနေဖြင့် ယင်းတိုက်ပွဲဧရိယာမှ လွတ်ရာသို့ တိမ်ရှောင်ကြရန် ကြေညာချက် ထုတ်ပြန်သည်။

စစ်ကောင်စီ လက်အောက်ခံ BGF ခေါ် နယ်ခြားစောင့်တပ်၏ လုပ်ဆောင်ချက်များသည် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်စေဘဲ ပျက်စီးမှုကိုသာ ဖြစ်စေသောကြောင့် ရွှေက္ကိုလ်ဒေသကို ကော်သူလေး တပ်မတော်က ပူးပေါင်းအဖွဲ့များနှင့်အတူ တိုက်ပွဲ ဝင်နေခြင်းဖြစ်ကြောင်း ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article