33 C
Yangon

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာအနီးတွင် စစ်ကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်

Must read

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာအနီးတွင် စစ်ကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၉

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ လယ်တောင်ယာ ရွာအနီးတွင် အကြမ်းဖက်စစ်ကား တစ်စီးကို ကြားဖြတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြိတ်ခရိုင်တပ် ရင်း – ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၉ ရက် နံနက် အစောပိုင်း ၁ နာရီခွဲခန့်က တနင်္သာ ရီမြို့မှ ထွက်လာသော အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်ကားအကြီးတစ်စီးကို မြိတ်ခရိုင် တပ်ရင်း-၂ တပ်ခွဲ ၂၊တနင်္သာ ရီပြောက်ကျား၊ တနင်္သာရီရိုးမ၊ တောင်ပံနီတပ်ဖွဲ့နှင့် ကျွန်းစုပကဖ အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့် အပြန် အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

“ပြောက်ကျားတိုက်ခိုက်ခဲ့တာပါ၊ အင်အား ၆၀ လောက်ပါတဲ့ခွေးကားအကြီးပါဗျ၊ တနင်္သာရီမြို့နဲ့ နီးတယ်၊ မောတောင်-ထုံခါး ကုန်သွယ်ရေးလမ်းမကြီးပေါ်မှာပါ၊ စစ်ခွေးထိခိုက်ဒဏ်ရာရတာရှိရှိနိုင်ပေမယ့် အတိအကျမသိရသေးပါဘူး၊” မြိတ်ခရိုင်တပ် ရင်း – ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကားမှာ ခမရ ၅၅၈ တပ်ရင်းအတွင်းသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article