28 C
Yangon

ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဟု ကြေညာချက်ကြောင့် စစ်တပ်မြို့တော် ပုလဲမြို့သစ်တွင် ဆောက်ပြီးသား သင်္ကြန်မဏ္ဍပ်များ ဖျက်သိမ်း၊ ရန်ကုန်တိုင်းစစ်ကောင်စီ၏ ပြည်သူ့ရင်ပြင် သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲ

Must read

ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဟု ကြေညာချက်ကြောင့် စစ်တပ်မြို့တော် ပုလဲမြို့သစ်တွင် ဆောက်ပြီးသား သင်္ကြန်မဏ္ဍပ်များ ဖျက်သိမ်း၊ ရန်ကုန်တိုင်းစစ်ကောင်စီ၏ ပြည်သူ့ရင်ပြင် သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဧပြီ ၉

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် စစ်တပ်က လုံခြုံရေး တာဝန်မယူနိုင်ခြင်း၊ တပ်တွင်းသင်္ကြန်ပွဲများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဟု ကြေညာထားခြင်းတို့ကြောင့် တည်ဆောက်ပြီးသား သင်္ကြန်မဏ္ဍပ်များကို ပြန်လည် ဖျက်သိမ်းသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလဆန်းပိုင်းတွင် တည်ဆောက်ပြီးစီးခဲ့သော ပုလဲမြို့သစ်ရှိ သင်္ကြန်မဏ္ဍပ်များကို စစ်တပ်က ပြန်လည် ဖျက်သိမ်းသွားကြောင်း၊ ဖျက်သိမ်းရာတွင် စုပုံရှင်း ပုံစံဖြင့် ပြန်လည် ဖျက်သိမ်းသွားခြင်းဖြစ်ပြီး မည်သည့် အကြောင်းပြချက်မှ မပေးဟု သိရှိရသည်။

“ပုလဲမြို့သစ် သင်္ကြန်မဏ္ဍပ်တွေ ဆောက်‌ပြီး ပြန်ဖျက်လိုက်တာတော့ တွေ့ရတယ်။ ဘာလို့လဲတော့မသိဘူး။ အသင့်ဆောက်ထားပြီးသားတွေ အကုန်ပြန်ဖျက်တာ” ဟု ပုလဲမြို့ခံတစ်ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်က တပ်သတင်းရင်းမြစ်တချို့ ထံသို့ ပုလဲမြို့သစ်မှ သင်္ကြန်မဏ္ဍပ်တချို့ ဖျက်သိမ်းမှုနှင့်ပတ်သက်၍ မေးမြန်းရာ လုံခြုံရေး အာမ မခံနိုင်ခြင်းကြောင့်ဖြစ်ပြီး ပုလဲမြို့သစ်သင်္ကြန်မဏ္ဍပ်များတွင် တပ်မိသားစုများ ပါဝင်ဆင်နွှဲရန် စီစဉ်ထားခဲ့ကြောင်း၊ သို့ရာတွင် တပ်တွင်း သင်္ကြန်ပွဲများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဆိုသော ကြေညာချက်ကြောင့် မဏ္ဍပ်များ ဖျက်သိမ်း လိုက်ခြင်းဖြစ်ကြောင်း၊ စစ်တပ်အတွင်း တပ်တွင်းသင်္ကြန်ပွဲများကိုလည်း မကျင်းပရန် အကျဉ်းချုံးလုပ်ဆောင်ရန် လည်း ညွှန်ကြားချက်များရရှိထားကြောင်း၊ လုံခြုံရေး ဦးစားပေး အရေးကြီးဆုံးဖြစ်၍ သင်္ကြန်ပွဲများကို အဖြစ်သာ ကျင်းပတော့မည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း၊ ပြည်သူ့ရင်ပြင်တွင် ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ လူထိခိုက်မှုရှိကြောင်း စစ်တပ်၏ သတင်းဌာန News of Myanmar က တယ်လီဂရမ်တွင်သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်အခြေစိုက် Dark Shadow(YGN UG) အဖွဲ့ကမူ ဧပြီလ ၈ ရက်နေ့် ညနေ ၆ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးရှေ့ ပြည်သူ့ရင်ပြင်ရှိ အကြမ်းဖက်စစ်တပ် ကျင်းပမည့် သင်္ကြန် မဏ္ဍပ် ၂ ခုကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စမ်းချောင်း ရဲစခန်းရှေ့ မြို့နယ် ရေကစား မဏ္ဍပ်နှင့် ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးရှေ့ရှိ ဗဟိုသင်္ကြန်မဏ္ဍပ်တို့ကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဖောက်ခွဲတိုက်ခိုက်မှုနှင့် ပတ် သက် ထိခိုက်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း၊ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များအနေဖြင့် အထိအခိုက်မရှိ ဘေးကင်းလုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်တပ်မြို့တော် ပုလဲမြို့သစ်တွင် ပြန်လည် ဖျက် သိမ်း သွားသော သင်္ကြန်မဏ္ဍပ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article