31.4 C
Yangon

မတ္တရာ၊ ကျောက်ဆည်လေးရွာရှိ စစ်တပ်စခန်းကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား သေဆုံးမှုများပြား၊ ဘီးလင်းနှင့်စစ်ကိုင်းတို့တွင် ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

Must read

မတ္တရာ၊ ကျောက်ဆည်လေးရွာရှိ စစ်တပ်စခန်းကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား သေဆုံးမှုများပြား၊ ဘီးလင်းနှင့်စစ်ကိုင်းတို့တွင် ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်ဆည်လေးကျေးရွာရှိ အကြမ်းဖက် စစ် တပ် အထိုင်စခန်းကို ဗုံး ကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြား သေဆုံးခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦး က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၇ ရက် မွန်းလွဲ ၂ နာရီခန့်က အဆိုပါအကြမ်းဖက်စစ်တပ်စခန်းအား သင်္ကြန်အကြိုလက်ဆောင် အဖြစ် မြနန္ဒာစစ်ဆင်ရေးအဖွဲ့မှ အီနာဂါ ဗုံးသီး ၂ လုံး ပစ်ခတ်ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲဒီရွာက အရင်ကတည်းက စစ်ခွေးတွေ တပ်စွဲထားတဲ့ရွာ၊ အင်အားများတယ်၊ မဟာမိတ်တွေက ဒရုန်း နဲ့ဗုံးကျဲပြီးတော့ ကျနော်တို့အဖွဲ့က အီနာဂါဗုံးသီး ၂ လုံး ပစ်ခဲ့တာ၊ ခွေးတွေတပ်စွဲထားတဲ့ အထိုင်နေရာ ကို တည့်တည့်ကျကွဲပြီး ၂၀ ကျော်သေတာ၊ ကျနော်တို့လည်း ပစ်ပြီး ဆုတ်လာခဲ့တာ၊ စစ်ခွေးတွေ ဘယ် လောက် သေလဲဆိုတာ နောက်မှ ရွာက ထဲကနေ စုံစမ်းသိရတာပါ၊ အဲစခန်းက အရင်ကတည်း ခဏခဏ ဗုံးချခံရဖူးတယ်” ဟု မြနန္ဒာစစ်ဆင်ရေးအဖွဲ့မှ တာ ဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံ သို့ ရှင်းပြသည်။

ထိုသို့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သားများက ရမ်း သမ်းပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တင်များ အထိ အခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ် မွန်ပြည်နယ် ဘီးလင်း မြို့နယ်ရှိ မဲလံ BGF ဂိတ်စခန်းကို သထုံမြို့နယ်ပြည်သူ့ ကာကွယ် ရေးတော် လှန်ရေးအင်အားစု TPDF နှင့် KNLA ၊ PDF ၊ KRF၊ PPDF-KD၊ ဘီးလင်းပကဖ ပူးပေါင်းတပ်များ မှ ယနေ့ ဧပြီလ ၉ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ် ခန့်တွင် ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ရာ BGF အရာရှိ ၂ ဦး သေဆုံးပြီး ဒါဏ်ရာရရှိ သူအချို့ ရှိခဲ့ကြောင်း သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ အုန်းတောရွာ စစ်တပ်စခန်း နှင့်မာလဲ တော ပျူစောထီးရွာကို ဒရုန်းဖြင့် တပြိုင်တည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယူနီ ကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၇ ရက် ညနေ ၅ နာရီခန့်က အုန်းတောစစ်တပ်အတွင်းသို့ ဒရုန်းဖြင့် ဗုံး သီး ၂ လုံး၊ မာလဲတော (ပျူ)ရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကို တို့ကို ဒ ရုန်း ၃ စီးဖြင့် တပြိုင်တည်း ကျဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု မသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ဒရုန်း ၃ စီးနဲ့ တပြိုင်တည်းချခဲ့တာ၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်၊ ခွေး သေ ထိခိုက်မှုအခြေ အနေကတော့ မသိရသေးဘူး၊ ဒရုန်းကလည်း အ ဆောက် အအုံတွေတွေပဲ မြင်ရတာရတာ၊ ခွေးတွေရှိမယ့် နေရာကို မှန်းချခဲ့ တာဆိုတော့” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဝေဟင်တိုက်ခိုက်ရေးဒရုန်းတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article