လောင်းလုံးမြို့နယ်တွင် “ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရား” လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ ဧပြီ ၁၀
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီဝင်များမှ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာ ၃ ရွာရှိ ဈေးများသို့ သွားရောက်၍ လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်။
စည်းရုံးလှုံ့ဆော်ရေးလှုပ်ရှားမှုကို ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရားများနှင့်ပတ်သက်၍ ဒေသခံရွာသားများ သိရှိယုံကြည်လာစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ပြီး “ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရား” လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စည်းရုံးဟောပြောမှုများပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။


