29.6 C
Yangon

မဲဆောက်တွင် တော်လှန်ရေးရဲဘော် ၃ ဦးကို ထိုင်းက ဖမ်းဆီးပြီး BGF ထံ အပ် နှံမှု ဥပဒေချိုးဖောက်မှုဖြစ်၍ ဖြေရှင်းချက်ပေးရန် ထိုင်းနိုင်ငံရေးပါတီ တောင်း ဆို၊ ထိုင်းလ၀က၏ လုပ်ရပ်ကို ရှုတ်ချ

Must read

မဲဆောက်တွင် တော်လှန်ရေးရဲဘော် ၃ ဦးကို ထိုင်းက ဖမ်းဆီးပြီး BGF ထံ အပ် နှံမှု ဥပဒေချိုးဖောက်မှုဖြစ်၍ ဖြေရှင်းချက်ပေးရန် ထိုင်းနိုင်ငံရေးပါတီ တောင်း ဆို၊ ထိုင်းလ၀က၏ လုပ်ရပ်ကို ရှုတ်ချ

ရန်ကုန်၊ ဧပြီ ၁၀

စစ်အာဏာရှင် တော်လှန်ရေးရဲဘော် ၃ ဦးကို မဲဆောက်တွင် ထိုင်းက ဖမ်းဆီး ပြီး စစ်ကောင်စီ လက်အောက်ခံ BGF ထံ အပ်နှံမှု ဥပဒေချိုးဖောက်မှုဖြစ်၍ ဖြေရှင်း ချက်ပေးရန် ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Commoners’ Party က ဧပြီလ ၈ ရက်နေ့တွင် တရားဝင် ကြေညာချက် တောင်းဆိုလိုက်သည်။

PDF ၃ ဦးကို ထိုင်းလူ၀င်မှုကြီးကြပ်ရေးက ဖမ်းဆီးကာ မြန်မာစစ်အုပ်စုထံ လွှဲ ပြောင်း ခဲ့သည့် လူသေဆုံးခဲ့မှု ဖြစ်စဉ်တွင် ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့ကိုယ်တိုင် လက်မှတ်ရေး ထိုးထားသော “ညှဉ်းပမ်း နှိပ်စက်ခြင်းနှင့် လက်စဖျောက် ဖမ်း ဆီးခြင်းကို ဆန့်ကျင်သည့် ဥပဒေ (Act Against Torture and Enforced Disappearance)” အား ချိုးဖောက်ခဲ့ခြင်းအပေါ် ဖြေရှင်းချက်ပေးရန် ထိုင်း အစိုးရကို တိုက်တွန်းလိုက်သည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့တွင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် ဆေးကုသ ရန်လာသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င် (၃)ဦးကို ထိုင်းလူဝင်မှု ကြီးကြပ် ရေး က ဖမ်းဆီးခဲ့ပြီး မြန်မာစစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ နောက်ဆုံးရ ရှိသော သတင်းများအရ အဆိုပါ တပ်ဖွဲ့၀င်တချို့ကို မြန်မာစစ်အုပ်စုက သတ် ဖြတ် ခဲ့ကြောင်း သိရှိရသည်။

ထိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ဆေးကု သခွင့် ငြင်းဆိုလိုက်ခြင်း သည် တတိယဂျီနီဗာ သဘောတူညီချက် အပိုဒ်(၁၃) အပါအဝင်၊ စစ်မက်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်သည့် သဘော သက်ရောက်သည်ဟု Commoners’ Party က ယူဆကြောင်း၊ ၎င်းတို့ (၃)ဦးအား နှိပ်စက် ညှဉ်းပမ်းမှုများ ရင်ဆိုင်ရစေရန် သက်ဆိုင်ရာ နိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးခြင်းသည် ထိုင်းနိုင်ငံအနေဖြင့် “ညှင်းပမ်းနှိပ်စက်ခြင်းကို ဆန့်ကျင်သည့် သဘောတူစာချုပ် (Convention Against Torture)” နှင့် “အတင်း အကျပ် နေရပ်ပြန်မပို့ရေး နိုင်ငံတကာ ဓလေ့ထုံးတမ်းဥပဒေ (The Principle of Non-refoulement)” ကိုလည်း ချိုးဖောက်ရာ ရောက် နေ ကြောင်း၊ ထို့အပြင် မြန်မာစစ်အုပ်စု၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အကြမ်း ဖက် လုပ်ရပ်များတွင် ထိုင်းအစိုးရက အားပေးကူညီ ပါ၀င်ပတ်သက်နေခြင်းဖြင့် စစ်ရာဇ၀တ်မှု တခုကိုပါ ကျူးလွန်ရာ ရောက်နေကြောင်း တရားဝင် သတင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်သည် မြန်မာပြည်သူများကို အကြမ်းဖက်သတ် ဖြတ် နေသည့် အာဏာသိမ်း စစ်အုပ်စုကို ဆန့်ကျင်တော်လှန်ရန် ပေါ်ပေါက်လာ သည့် အရပ်သားအစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့ တခုဖြစ်ကြောင်း ထိုင်း အာ ဏာ ပိုင်များက ရှင်းရှင်းလင်းလင်း သိရှိထားပြီးဖြစ်သော်လည်း နိုင်ငံတကာ ဥပဒေနှင့် ပြည်တွင်း ဥပဒေများ ကိုပါ ချိုးဖောက်ခဲ့ကြောင်း ပြစ်တင် ဝေဖန် ထားသည်။

“ညှင်းပမ်းနှိပ်စက်ခြင်းနှင့် လက်စဖျောက် ဖမ်းဆီးခြင်း တားဆီးနှိမ်နင်းရေး ဥပဒေ (Act on Prevention and Suppression of Torture and Enforced Disappearance B.E. 2565)” ပုဒ်မ (၁၃)တွင် “အစိုးရအဖွဲ့အစည်းများ (သို့မ ဟုတ်) အစိုးရတာဝန်ရှိ သူများအနေဖြင့် လူပုဂိုလ်တဦးတယောက်အတွက် လက်စဖျောက် ဖမ်းဆီးခြင်း၊ လူမဆန်စွာ ပြုမူဆက်ဆံခြင်း၊ ညှဉ်းပန်းနှိပ် စက်ခြင်း စသည့် အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်သည်ဟု ယုံကြည်ရသည့် နိုင်ငံ တစ်နိုင်ငံသို့ အဆိုပါ မည်သည့်လူပုဂိုလ် တဦးတယောက်ကိုမှ မောင်းထုတ်ခြင်း၊ လွဲပြောင်းပေးအပ်ခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းများ အလျင်းမရှိစေရ” ဟု အတိ အလင်း ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသည် နိုင်ငံတကာဥပဒေကိုရော ၎င်း၏ ပြည်တွင်း ဥပဒေ ကိုပါ ဖောက်ဖျက် ကျူးလွန်နေသည့်အတွက် ပြစ်မှုနှစ်ဆ ရှိနေကြောင်း သိရှိရသည်။

ထို့ကြောင့် Commoners’ Party သည် ဤဖြစ်ရပ်ကို အပြင်းထန်ဆုံး ရှုတ်ချပြီး (၁) လူ့ဂုဏ်သိက္ခာကို မထီမဲ့မြင်ပြုသည့် အဆိုပါ လူမဆန်သည့် ဖြစ်ရပ် နှင့်ပတ်သက်ပြီး ထိုင်းအစိုးရ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း၊ ထိုင်းအစိုးရသည် အကြမ်းဖက်စစ်အုပ်စုက ညွှန်ကြားသည့်အတိုင်း ရိုးရှင်းစွာ လုပ်ဆောင်ခဲ့ပြီး၊ စစ်ရာဇ၀တ်မှုများ ကျူးလွန်ထားသော မြန်မာစစ်အုပ်စုကို ကူညီပံ့ပိုးပေးမှု အတွက် စစ်ရာဇ၀တ်မှု ကျူးလွန်ရာတွင် ပါ၀င်ပတ်သက်သည်ဟု မှတ်ယူ ကြောင်း၊ (၂) ဆေးကုသရန်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် (၃)ဦးကို ထိုင်းလူ၀င်ကြီးကြပ်ရေးမှ ဖမ်းဆီးခဲ့ပြီး မြန်မာစစ်အုပ်စုထံ လွှဲပြောင်း ပေးရာတွင် သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း၊ အဆိုပါ ဖြစ်ရပ်တွင် ပရာယွတ်ချန် အိုချာ အိမ်စောင့်အစိုးရက ၎င်း၏ လူ၀င်မှုကြီးကြပ်ရေးဌာနအား ခွင့်ပြုခဲ့ခြင်း အပေါ် နိုင်ငံတကာ ဥပဒေနှင့် ပြည်တွင်း ဥပဒေများကို ဖောက်ဖျက် ကျူးလွန် ခဲ့ခြင်း ရှိ၊မရှိ အများပြည်သူအား ဖြေရှင်းချက် ပေးရမည်ဟု တောင်းဆို ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လူသားမဆန်စွာ ဖမ်းဆီး နှိပ်စက်ခံနေရသည့် PDF ရဲဘော် ၂ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article