31 C
Yangon

နောင်ချိုတွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် တချို့ ပျက်စီးပြီး ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

နောင်ချိုတွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် တချို့ ပျက်စီးပြီး ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၁၀

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် တချို့ ပျက်စီးပြီး ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ​​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့မှ စတင်ကာ နောင်ချို မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲအတွင်း နောင်ချိုမြို့ အခြေစိုက် ခမရ ၁၁၄၊ ခမရ ၁၁၅ တပ်များက လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သုံးဆယ်ရွာ၊ သံဘိုရွာ၊ ဆီဆုံရွာ၊ သပြေကုန်းရွာ၊ သိမ်ကုန်း စသည့် ကျေးရွာများမှ ထောင်နှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး နေရကြောင်း သိရသည်။

“ကျေးရွာ ၅ ရွာက ထောင်နဲ့ ချီတဲ့ ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်။ ဈေးဆိုင်တွေ နေအိမ်တွေ ကြံခင်းတွေပေါ် လက်နက်ကြီးကျည် ကျရောက်တာကြောင့်မီးလောင် ပျက်စီးတာတွေရှိတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article