သပိတ်ကျင်းတွင် စစ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက် သေဆုံးသူ များပြား
ရန်ကုန်၊ ဧပြီ ၁၂
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက်စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကား ၂ စီးကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း တကောင်း ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ဧပြီလ ၁၂ ရက် နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ အင်းနက်ရွာ၌ တပ်စွဲထား သော အကြမ်းဖက်စစ်သားများသည် ၁၂ ဘီးကား ၂ စီးဖြင့် တကောင်းမြို့သို့ ဆင်းလာစဥ် ၄ မိုင် ရွာနှင့် ၆ မိုင်ကျေးရွာ အကြား ပထမအကြိမ်ဆွဲခဲ့ရာ ကားနောက်ပိုင်း ထိမှန်ပြီး ဆက်လက်မောင်း နှင်လာစဥ် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် နောင်လုံတံတားအနီးအရောက်တွင် ဒုတိယ အကြိမ် မိုင်းဆွဲခဲ့ရာ ရှေ့ဆုံးကား ဦးခေါင်းခြမ်းမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“အင်းနက်ရွာက တကောင်းအထက်ဘက်ကျတယ်၊ တကောင်းမြို့ကို ဆင်းလာတာ၊ မိုင်းတစ်ကို ၃ လုံးနဲ့ နှစ်ဆိုင်း ၆ လုံးဆွဲခဲ့တာ၊ ကားတစ်စီးကို ခွေး ၅၀ လောက်ပါတယ်၊ ၁၂ ဘီးကားဆိုတော အရှည်ကြီးပဲ၊ ခြေပြတ်လက်ပြတ်တွေလဲများတယ်၊ သေဆုံးဒဏ်ရာရ စစ်ခွေးတွေကို နာရေးကား ၃ စီးနဲ့ တကောင်း ဆေးရုံကို သယ်သွားတယ်၊ ကျန်တဲ့စစ်ခွေးတွေရော ပျက်ကား ၂ စီးရောပဲတကောင်းမြို့ထဲ ဝင်သွားတာ” ဟု တကောင်းပကမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ခြေပြတ်လက်ပြတ် စစ်သား ၅ ဦးထက်မနည်းရှိကြောင်း၊ ထိခိုက် ဒဏ်ရာ ရရှိမှု မရှိသော အကြမ်းဖက် စစ်သားများမှ ရမ်းသမ်း ပစ်ခတ် ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။