Khit Thit သတင်းဌာန၏ ဧပြီ ၁၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၁၃ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကချင်ပြည်နယ် လွတ်မြောက်နယ်မြေ မိုင်ဂျာယန်မြို့မှာရှိတဲ့ ကျောင်းသားတွေက အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကျဲ သတ်ဖြတ်ခံရတဲ့ ကန့်ဘလူ၊ ပဇီကြီးကျေးရွာကပြည်သူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် နံရံပန်းချီကို ရေးဆွဲခဲ့ပါတယ်။
– အကြမ်းဖက်စစ်ကောင်စီက ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို ကုလသမဂ္ဂယူနစ်စကို အသိအမှတ်ပြု ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းထားတဲ့အတွက် မဖြစ်မနေ စည်ကားစေရေး လုပ်ဆောင်နေ တာဖြစ်တယ်လို့ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကျဲမှုကြောင့် သေဆုံး သွားတဲ့ ပြည်သူ ၁၀၀ ကျော်ရဲ့ အမည်စာရင်းကို မပြုစုနိုင်သေးဘဲ ကျေးရွာမှာလည်း ပျက်သလောက် နီးပါးဖြစ် နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။