25 C
Yangon

ကိုးကန့်ဒေသကို စစ်ကြောင်းထိုးလာသည့် စစ်တပ်မှ စစ်သား ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး MNDAA တပ်ဖွဲ့ထံ အလင်းဝင်

Must read

ကိုးကန့်ဒေသကို စစ်ကြောင်းထိုးလာသည့် စစ်တပ်မှ စစ်သား ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး MNDAA တပ်ဖွဲ့ထံ အလင်းဝင်

ရန်ကုန်၊ ဧပြီ ၁၃

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်မှ စစ်သား ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး MNDAA တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာ​ကြောင်း နယ်​မြေခံ သတင်းရင်းမြစ်ဖြစ်သည့် The Kokang ထံမှ သိရသည်။

အဆိုပါ စစ်သား ၂ ဦးသည် အကြမ်းဖက် စစ်တပ် စကခ ၁၂ လက်အောက်ခံ ၂၃၁ တပ်ရင်းမှ တပ်သား ဝင်းကျော်မျိုးနှင့် တပ်သား စောယူဖော တို့သည် မော်ထိုက်မြို့ အဝင်ဂိတ်၌ စစ်သားများက ပြည်သူများအပေါ် ငွေကြေးကောက်ခံနေခြင်းအား ကျေနပ်မှု မရှိသော​ကြောင့် MNDAA တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

” မော်ထိုက်မြို့ အဝင်ဂိတ်မှာ နေရင်းနဲ့ ပြည်သူတွေကို ပိုက်ဆံ ၁၀၀၊ ၄၀၀ ကောက်လို့ မခံချင်လို့ ဒီဘက် (MNDAA) ကို ဝင်လာတာ တပ်ရင်းမှူး အရာရှိတွေက ပိုက်ဆံရပြီးရော ဆိုတဲ့ ပုံစံမျိုးနဲ့ ပြည်သူတွေ ဒုက္ခရောက်တာကို မကြည့်ဘဲ ပိုက်ဆံရပြီးရော လုပ်နေကျတဲ့ သူတွေ ဖြစ်နေလို့ အဲတာကို မခံချင်လို့ ရောက်လာတာ” ဟု တပ်သား ဝင်းကျော်မျိုးပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စကခ ၁၂ လက်အောက်ခံ ၂၃၁ တပ်ရင်းသည် လောက်ကိုင်ကို စစ်ကြောင်းထိုးရန် ရောက်ရှိနေခြင်း ဖြစ်ကြောင်း၊ ထို့ပြင် တခြား တပ်ရင်းများလည်း အကုန်လုံး စစ်ကြောင်းထိုး ဝင်ရောက်ရန် ရောက်ရှိနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article