25 C
Yangon

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန့်ဘလူ ပြည်သူ ၁၀၀ ကျော် သေဆုံးမှု ဩစတြေးလျရောက် မြန်မာနိုင်ငံသားများက ကန့်ကွက် ဆန္ဒပြ၊ မြန်မာစစ်ကောင်စီကို ပိတ်ဆို့အရေးယူရန် ဩစတြေးလျအစိုးရကို တိုက်တွန်း

Must read

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန့်ဘလူ ပြည်သူ ၁၀၀ ကျော် သေဆုံးမှု ဩစတြေးလျရောက် မြန်မာနိုင်ငံသားများက ကန့်ကွက် ဆန္ဒပြ၊ မြန်မာစစ်ကောင်စီကို ပိတ်ဆို့အရေးယူရန် ဩစတြေးလျအစိုးရကို တိုက်တွန်း

ရန်ကုန်၊ ဧပြီ ၁၇

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန့်ဘလူ ပြည်သူ ၁၀၀ ကျော် သေဆုံးမှု အပေါ် ဩစတြေးလျရောက် မြန်မာနိုင်ငံသားများက ကန့်ကွက် ဆန္ဒပြကြကြောင်း သိရှိရသည်။

ဩစတြေးလျရောက်မြန်မာများနှင့် ဩစတြေးလျနိုင်ငံသားများက ဆစ်ဒနီမြို့ အကောက်ခွန်ရုံး (Customs House) မှာ စုဝေးခဲ့ကြပြီး ကန်ဘလူမြို့နယ်တွင် အစုလိုက်အပြုံလိုက် ပြည်သူများ သတ်ဖြတ်ခံရမှုကို ရှုတ်ချကြောင်း၊ ကျန်ရစ် သူ မိသားစုများနှင့် ထပ်တူဝမ်းနည်းကြောင်း ၊ ဩစတြေးလျ အစိုးရအနေဖြင့် ပြင်းထန် ထိရောက်သော စီးပွါးရေးပိတ်ဆို့မှုများကို ပြုလုပ်ရန် တောင်းဆို ကြသည်။

ဆန္ဒပြပွဲတွင် လူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ကရင်၊ ကရင်နီ၊ မွန်၊ ကချင် တိုင်းရင်းသားအများအပြား ပါဝင်ပြီး စည်းလုံးညီညွတ်မှုအား ပြသခဲ့ ကြပြီး အသိတရားမဲ့ အသက်ဆုံးရှုံးမှုအတွက် တရားမျှတမှုကို လည်း တောင်းဆိုကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article