39 C
Yangon

လွိုင်ကော် စစ်ကောင်စီ ဗဟိုမဏ္ဍပ် ဒရုန်းဖြင့် ဗုံးကျဲခံရမှုအပေါ် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများဖြင့် လက်တုံ့ပြန်မှုကြောင့် စစ် ဘေး ရှောင် ပြည်သူတချို့ဒဏ်ရာရ

Must read

လွိုင်ကော် စစ်ကောင်စီ ဗဟိုမဏ္ဍပ် ဒရုန်းဖြင့် ဗုံးကျဲခံရမှုအပေါ် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများဖြင့် လက်တုံ့ပြန်မှုကြောင့် စစ် ဘေး ရှောင် ပြည်သူတချို့ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၇

ကယားပြည်နယ်၊ လွိုင်ကော်တွင် စစ်ကောင်စီ ဗဟိုမဏ္ဍပ်ကို ဧပြီလ ၁၅ ရက် နေ့ ဒရုန်းဖြင့် ဗုံးကျဲခံရမှုအပေါ် စစ်ကောင်စီက စစ်ဘေးရှောင်များကို လက် နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်များဖြင့် လက် တုံ့ပြန် သဖြင့် ပြည်သူ တချို့ဒဏ်ရာရရှိကြောင်း ကရင်နီပြည်နယ် သတင်းရင်းမြစ် Karenni Generation Youth ထံမှ သိရှိရသည်။

ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် Loikaw PDF နှင့် Federal Wings တို့ ပူးပေါင်းပြီး စစ်ကောင်စီ၏ ဗဟိုသင်္ကြန် မဏ္ဍနှင့် လုံခြုံးရေးကင်းကို ဒရုန်း များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိများ အပါအဝင် ၂၈ ဦး ဒဏ်ရာ ရခဲ့ကြောင်း၊ သင်္ကြန် ဗဟိုမဏ္ဍပ် ဒရုန်းဖြင့် ဗုံးကျဲခံရမှုကို လက်တုံ့ပြန်သည့် အနေဖြင့် ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်တွင် လွိုင်ကော် အရှေ့ ဘက်ခြမ်းသို့ စစ်တပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ် ခဲ့ရာ စစ်ဘေးရှောင် တဲတစ်တဲသို့ လက်နက်ကြီး တစ်လုံးကျရောက်ပေါက်ကွဲ ခဲ့ ကြောင်း၊ ထိုသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲသဖြင့် အသက် ၁၂ နှစ် သာ ရှိသေးသော ကလေးငယ်တစ်ဦး ဒဏ်ရာ စိုးရိမ်ရ ရရှိခဲ့ကာ အသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။

အလားတူပင် ဧပြီလ ၁၆ ရက် နံနက် ၂ နာရီခန့်တွင် လွိုင်ကော်အရှေ့ဘက် ခြမ်း ကို စစ်တပ်က တိုက်လေယာဥ်များဖြင့် ၄ ကြိမ်တိုင်တိုင် ဗုံးသီးအမျိုးမျိုး ကျဲချခဲ့ပြီး ထိခိုက်မှုအသေးစိတ်ကို ယခုအချိန်အထိ ဆက်လက်စုံစမ်း နေကြောင်း Karenni Generation Youthက ဆိုသည်။

“အခုက ကရင်နီဘက်မှာက နေ့တိုင်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းထုတယ်။ လေ ယာဉ်တွေနဲ့ လာပစ်တယ်။ ကင်းထောက် လေယာဉ်တွေလည်း မကြာခဏ တက်တာတွေ့ရတယ်။ ကရင်နီရဲ့ မြို့တော်တော်များများက စစ်တပ်ရဲ့ လက် နက် ကြီးနဲ့ ရမ်းသမ်းထုနေတာကြောင့် ပြည်သူတွေ မနေရဲဘဲ ပျက်စီးနေတာပါ။ တိုက်ပွဲတွေနဲ့ ထိတွေ့မှုတွေကလည်း နေ့တိုင်းပါပဲ” ဟု ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်များကို ကူညီနေသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article