Khit Thit သတင်းဌာန၏ ဧပြီ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၁၇ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-တရားမဝင် စစ်အုပ်စုဟာ ပြည်သူ ၅၄ သန်းကို ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ရာဇဝတ်ဂိုဏ်းတစ်ခု သာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrew က ပြင်သစ်ရုပ်သံလိုင်းနဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောဆိုလိုက်ပါတယ်။
-မကွေးတိုင်း၊ ကျောက်ထုမြို့မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လေတပ်၊ အမြှောက်တပ်၊ ကပစ ၂၃ နဲ့ ရဲစခန်းတွေကို PDF တပ်ဖွဲ့တွေကနေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနကနေ တရားဝင် ထုတ်ပြန်ထားပါတယ်။
– မကွေးတိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ငွေစက္ကူ ရိုက်ထုတ်တဲ့ ဝါဇီစက်ရုံ နဲ့ ကပစ စက်ရုံတွေ ကို ဧပြီလ ၁၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ရှော့တိုက်ဒုံး ၅ လုံးပစ်သွင်း တိုက်ခိုက် ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။