30 C
Yangon

ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်အာဏာရှင်တော်လှန်ရေးကို အကြမ်း ဖက်စစ်ကောင်စီက ဖြိုဖျက် အနိုင်မယူနိုင်တော့ဟု NUG ကာကွယ် ရေးဝန် ကြီးပြောဆို

Must read

ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်အာဏာရှင်တော်လှန်ရေးကို အကြမ်း ဖက်စစ်ကောင်စီက ဖြိုဖျက် အနိုင်မယူနိုင်တော့ဟု NUG ကာကွယ် ရေးဝန် ကြီးပြောဆို

ရန်ကုန်၊ ဧပြီ ၁၇

အာဏာလု အကြမ်းဖက် စစ်ကောင်စီအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကို မနိုင်တော့ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီနေ့ မြန်မာ နှစ်သစ် ကူးနေ့ ရဲဘော်တွေကို မိန့်ခွန်းပြောပါတယ်။

နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ ကာကွယ်ရေးဝန်ကြီးက အပိုင်း ၄ပိုင်း အဓိက ထည့်သွင်းပြောဆိုပါတယ်။

ပထမအနေနဲ့ စစ်ကောင်စီတပ်ဟာ အဖက်ဖက်မှာ အရေးမလှ၊ အကျပ်

အတည်းဆိုက် နေတဲ့အကြောင်းနဲ့ တစ်နိုင်ငံလုံး စစ်မျက်နှာဖွင့်ထားရသလို စိတ်ဓာတ်ရော အင်အားပါ ချိနဲ့လာတဲ့အကြောင်း ပြောဆိုပါတယ်။

ဒီအချက်ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြတဲ့ လူထုတွေရော၊ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲကြသူတွေရောရဲ့ ကြိုးပမ်းမှုရလဒ်ဖြစ်ပြီး ဒီအတွက် အထူးဂုဏ်ပြုကြောင်း ပြောဆိုကြပါတယ်။

ဒါကြောင့် စစ်အာဏာရှင်စနစ် ပြည်သူ့တော်လှန်ရေးကို ဖြိုဖျက်၊ အနိုင်ယူ နိုင်ဖို့ဆိုတာ ရုပ်ဝတ္ထုအင်အား၊ စိတ်ဓာတ်အင်အားအရပါ လုံးဝ မဖြစ်နိုင် တော့ဘူးလို့ ကာကွယ်ရေးဝန်ကြီးက ပြောဆိုပါတယ်။

ဒုတိယအနေနဲ့ မရှုမလှဖြစ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ နည်း လမ်း စုံ သုံးပြီး ဟန့်တား၊ ဖြိုဖျက်ဖို့ ကြိုးပမ်းနေတာမှာ အရပ်သားလူထုကို ဦးတည်တိုက်ခိုက်တာတွေ များလာတာကို ထောက်ပြပါတယ်။

ဒီအခြေအနေကို ကာကွယ်ရေးဝန်ကြီးက “ ကြွက်မနိုင် ကျီ မီးနဲ့ရှို့ ” လို့ စကားပုံနဲ့ ဥပမာပေးပြောဆိုပါတယ်။ စစ်ဘက်-အရပ်ဘက် ပစ်မှတ်မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်သလို အရပ်သားလူထု ရွာတွေကို မီးရှို့တာတွေ ပိုလုပ် လာ တာဖြစ်လို့ PDF ရဲဘော်တွေအနေနဲ့ လူထုကို ဒီထက်ကာကွယ် ဖို့လိုအပ် တယ်လို့ ပြောဆိုပါတယ်။

တတိယအနေနဲ့ အရှိန်ရလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ပုံဖျက်ဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုကို သတိချပ်ပြီး သွေးခွဲသပ်လျှိုတာကို ရှောင်ရှားနိုင်ဖို့ ပြောဆိုပါတယ်။ ဒါကြောင့် အဆင့်ဆင့် ရဲဘော်တွေအနေနဲ့ အမိန့်ပေး ကွပ်ကဲမှုစနစ်ပိုအားကောင်းဖို့၊ လိုက်နာဖို့၊ ကျင့်ဝတ်စည်းကမ်းလိုက်နာပြီး စည်းလုံးကြဖို့ ပြောဆိုပါတယ်။

PDF တပ်မတော်ရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်နိုင်မှုဟာ ဒီတော်လှန်ရေး အောင် ပွဲနဲ့ တိုက်ရိုက် အချိုးကျနေတယ်ဆိုတာ ရဲဘော်တွေအားလုံး နားလည် ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

စတုတ္ထအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပြီး လူထုရဲ့ အားကိုးမှု၊ ချစ်ခင်မှုရရှိအောင်၊ တော်လှန်ရေးကို အောင်မြင်အောင်လုပ် ဆောင်ဖို့ ပြောဆိုသွားပါတယ်။ PDF တပ်မတော်ရဲ့ ဂုဏ်ကိုဆောင်နိုင်တာက ရဲဘော်တို့ဖြစ်သလို PDF ရဲ့ ဂုဏ်ကို ကျဆင်းစေနိုင်တာကလည်း ရဲဘော်တို့ပဲ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောဆိုပါတယ်။

နောက်ဆုံးအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လမ်းစဉ်နဲ့ကွဲပြားပြီး PDF တပ်မတော်ရဲ့ လက်နက်က လူထုကို ကာကွယ်ဖို့၊ လူထုအသက်အိုးအိမ် စည်းစိမ် ကို စောင့်ရှောက်ဖို့ဖြစ်တယ်ဆိုတာ နားလည်ဖို့ ပြောဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article