မီးဘေးသင့် ပြည်သူများအတွက် ကျောက်လုံးကြီး KLG PDF ရဲဘော်များက နေအိမ်များ ဆောက်လုပ်လှူဒါန်း
ရန်ကုန်၊ ဧပြီ ၂၁
မီးဘေးသင့် ပြည်သူများအတွက် ကျောက်လုံးကြီး KLG PDF အဖွဲ့မှ မျောတိုင်များကို ခုတ်၍ မီးဘေးသင်ပြည်သူများကို နေအိမ်များ ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
“ဒီနေ့ မီးဘေးသင့် ပြည်သူများ၏ နေအိမ် ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် သင်္ကြန်အတွင်း ရဲဘော်များ မနားဘဲ တောထဲကနေ မျောတိုင်များ ခုတ်ပြီး မီးဘေးသင့်ပြည်သူများကို ထောက်ပံ့ပေးခဲ့ပါတယ်ဗျ” ဟု ကျောက်လုံးကြီး KLG PDF အဖွဲ့မှ တောဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် မီးဘေးသင့်ပြည်သူများ၏ နေအိမ်များ ပြန်လည်ဆောက်လုပ်ရန်အတွက် ပါဝင် အားဖြည့် ကူညီလိုသော ပြည်သူများကိုလည်း ဖိတ်ခေါ်ထားပြီး ကျောက်လုံးကြီး KLG PDF မှ တစ်ဆင့် ပါဝင် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
လတ်တလောတွင် မီးဘေးသင့်ပြည်သူများနေထိုင်ရန် အိမ်အလုံးရေ ၁၀၀ ကျော်အတွက် ဂွတိုင် ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။