35 C
Yangon

ထီလင်း ပအဖရုံးကို စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ပြီးနောက် မြေပြင်မှ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

Must read

ထီလင်း ပအဖရုံးကို စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ပြီးနောက် မြေပြင်မှ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

ရန်ကုန်၊ ဧပြီ ၂၁

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အနောက်ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးကို တိုက်လေယာဉ် ဖြင့် ဗုံးကျဲပြီးနောက် မြေပြင်မှ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း YRA ထီးလင်း တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၀ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်က ထီးလင်းမြို့နယ် နောက်ခြင်းရှိ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ရုံး (ပအဖရုံး)ကို တံတားဦး လေဆိပ်မှ တက်လာသည့် အကြမ်းဖက် စစ်တပ်မှ ဂျက်ဖိုက်တာ တိုက် လေယာဉ်တစ်စီးဖြင့် ဗုံး ၃ လုံး ၂ ကြိမ် ကျဲချတိုက်ခိုက်ခဲ့ပြီး ပအဖ ရုံးတစ်ခုလုံး မီးလောင် ပျက်စီးကာ ပအဖ ရဲဘော် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးကာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၈ ဦး အပြင်းအထန်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

“မြေပြင်ကနေ စစ်သား၊ ရဲ၊ ပျူတွေပေါင်းပြီး အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်းထိုးနေတယ်၊ မနေ့က ဗုံးကျဲတဲ့အချိန်ကတည်းက ရုံးနဲ့ ၁၀ မိုင်အကွာလောက် ရောက်သူတို့ရောက်နေတာ၊ ဒီနေ့တော့ ၇ မိုင် လောက်တော့လိုသေးတယ်၊ ရုံးနားအထိ မရောက်သေးဘူး” ဟု YRA ထီးလင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article