24 C
Yangon

ဖားကန့် မှော်ပုံကျေးရွာမှပြည်သူ ၁၀၀ နီးပါးကို စစ်တပ်က ဖမ်းဆီးချုပ် နှောင်ပြီး “NUG အလိုမရှိ” ဟု အော်ခိုင်းကာ လူသားဒိုင်း ဓားစာခံ အဖြစ် ခေါ်ဆောင်သွား

Must read

ဖားကန့် မှော်ပုံကျေးရွာမှပြည်သူ ၁၀၀ နီးပါးကို စစ်တပ်က ဖမ်းဆီးချုပ် နှောင်ပြီး “NUG အလိုမရှိ” ဟု အော်ခိုင်းကာ လူသားဒိုင်း ဓားစာခံ အဖြစ် ခေါ်ဆောင်သွား

ရန်ကုန်၊ ဧပြီ ၂၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာမှ ပြည်သူများကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ပြီး “NUG” အလိုမရှိဟု အော်ခိုင်းပြီး ပြည်သူများကို ဓားစာခံ ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ ယနေ့ နံနက်စောစော စစ်ကောင်စီ တပ်မ ၇၇ မှ စစ်အင် အား ၁၀၀ ခန့်သည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာ အတွင်း ဝင်ရောက်လာကာ ကျေးရွာနေ ပြည်သူ(၆၀)ဦးခန့်အား အတင်းအဓမ္ မဖမ်းဆီးပြီး “NUG အလိုမရှိ”ဟု အော်ဟစ်ခိုင်းကြောင်း သိရသည်။

“စစ်သားတွေက မှော်ပုံလမ်းသွယ် (၁၀)ထိပ်မှာ “NUG အလိုမရှိ”လို့ အော်ခိုင်း ပြီး ဓါတ်ပုံ ဗွီဒီယိုတွေရိုက်ကြတာ၊ ပြီးတော့ အိမ်တစ်အိမ်ကို PDF များ နေတဲ့ အိမ် လို့ စွပ်စွဲပြီး မီးရှို့ကြတယ်၊ အဆောင်တစ်ခုကိုလည်း ရိုက်ချိုး ဖျက်ဆီး ပစ်ကြတယ်”ဟု အဆိုပါကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ကံဆီးဒေသရှိ စစ်ကောင်စီ စစ်သားများ အထိုင် ချနေသော စခန်းဘက်သို့ မှော်ပုံကျေးရွာမှ ဖမ်းဆီးထားသော ပြည်သူ ၁၀၀ နီးပါးကို လူသားဒိုင်းအဖြစ်အသုံးပြုကာ ခေါ်ဆောင်သွားကြောင်း သိရသည်။

ဓာတ်ပုံ- ဖားကန့်တွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီးထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article