တန့်ဆည်ပင်မ သပိတ် စစ်ကြောင်းက ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဧပြီ ၂၄
တန့်ဆည်မြို့နယ် ပင်မ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ချီတက် ဆန္ဒပြပွဲတွင် “နွေဦး တော်လှန်ရေးမှာတော်လှန်ရေး ခရီးကြမ်းတမ်းမှုများ ရှိသော်လည်း ဇွဲမလျှော့ဘဲ ဆက်လက် ချီတက်ကြရန်၊ အရေးတော်ပုံ အောင်တဲ့အထိ တော်လှန်ရေးကိုနေ့စဥ်ဘဝတွေမှာ ဆွဲခေါ်သွားကြရန်၊ စစ်အာဏာရှင်စနစ် အပါအဝင်အာဏာရှင်စနစ် ဟူသမျှ အမြစ်ပြတ်သည် အထိ တော်လှန်ကြရန်၊ တော်လှန်ရေးအသ်ိ၊တော်လှန်ရေးသတိ အမြဲရှိကြရန်၊ လူတိုင်းလူတိုင်းလွတ်မြောက်ဖို့အတွက် အာလုံးပါဝင်ကြမှ အမှန်တကယ်လွတ်မြောက်မည်ဖြစ်ကြောင်း” ဟောပြောမှုများ ပြုလုပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။


