29 C
Yangon

ရေစကြိုမြို့နယ် ရဲစခန်းကို ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထားဝယ်-ရေးလမ်းပေါ်ရှိ စစ်တပ်စစ်ဆေးရေး ဂိတ်ကို ပစ်ခတ်တိုက်ခိုက်

Must read

ရေစကြိုမြို့နယ် ရဲစခန်းကို ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထားဝယ်-ရေးလမ်းပေါ်ရှိ စစ်တပ်စစ်ဆေးရေး ဂိတ်ကို ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ် မြို့မရဲစခန်းကို PDF တပ်များက ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့ နယ်၊ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့-ပကဖ၊ မိုးကြိုးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၂၃ ရက်နေ့တွင် ရေစကြိုမြို့နယ် မြို့မရဲစခန်းကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးသီးတစ်လုံးသည် ရဲစခန်း၏ ပင်မ အဆောင် သို့လည်းကောင်း၊ နောက်ဗုံးသီးတစ်လုံးက စခန်းထံသို့ ကျရောက်ပြီး ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း သိရှိရသည်။

“ရေစကြိုမြို့ နယ် ရဲစခန်းကို ၄၀ မမ ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ပင်မဆောင်ပေါ်တစ်လုံးကျတယ်။ နောက် တစ်လုံး က စခန်းထဲကို ကျတယ်။ ထိခိုက်ကျဆုံးမှုကတော့ စုံစမ်းနေဆဲပါပဲ။ အခု Mission ကိုရေစကြိုမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-ပကဖမိုးကြိုးတပ်ခွဲ မှလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” ဟု ရေစကြိုမြို့ နယ်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-ပကဖ၊ မိုးကြိုးတပ်ခွဲမှ တာဝန်ရှိသူကရှင်းပြသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်-ရေးကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ ဘုရားမဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက ယနေ့ နံနက်ပိုင်း ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးမှုများရှိကြောင်း တော်လှန် ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဧပြီလ ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲဝန်းကျင်အချိန် ထားဝယ်မြို့နယ်၊ မောင် မယ် ရှောင်ရွာရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို လက်နက်ကြီး၊ လက်နက် ငယ် များ ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ် ကြကြောင်း သိရှိရသည်။

“စစ်တပ်ဘက်က သေဆုံး ထိခိုက်မှုရှိတယ်လို့ ကြားတယ်။ တိုက်ပွဲဖြစ်လို့ လက်နက်ကြီးတွေက ရွာထဲဘက်ကို ကျလာတာလည်းရှိတယ်။ တော်လှန်ရေး တပ်တွေက လာတိုက်ပြီး ပြန်ဆုတ်သွားတယ်။” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article