Khit Thit သတင်းဌာန၏ ဧပြီ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၂၄ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ မယ်စိထာ ဂိတ်စခန်းကို KNU တပ် မဟာ ၁ နဲ့ တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့တွေကနေ နာရီဝက်အတွင်း တိုက်ခိုက်သိမ်းပိုက် လိုက် သလို ၊ အဲ့ဒီ့လို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦးသေသွား ပြီးတော့ လက်နက်တွေပါ ရရှိထားတယ်လို့ KNU ကနေ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
– တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ထောက်လှမ်းရေး ဇော်လင်း ဆိုသူကို LLPDF တပ်ဖွဲ့ကနေ ပစ်ခတ်ရှင်းလင်းရာမှာ သေသွားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
– မကွေးတိုင်း၊ ရေစကြိုမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ မြို့မရဲစခန်းကို ဧပြီလ ၂၃ ရက်နေ့က PDF တပ်ဖွဲ့တွေကနေ ၄၀ မမ ဗုံးသီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။