28 C
Yangon

သံဖြူဇရပ်-ရေး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၈ ဦးသေဆုံး၊ ကလေး-တီးတိန် လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို ၆ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်

Must read

သံဖြူဇရပ်-ရေး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၈ ဦးသေဆုံး၊ ကလေး-တီးတိန် လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို ၆ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၆

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၈ ဦးသေဆုံး ခဲ့ကြောင်း တောင်ညို ပြည်သူ့ ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် သံဖြူဇရပ်မြို့ မှ ရေး ဘက်သို့ ဆင်းလာသည့် စစ်သားများလိုက်ပါလာသည့် ၁၂ ဘီးကား ၁ စီး နှင့် ကားလေး ၁ စီး ကို ပိန္နဲတောကျေးရွာ သုသာန် အနီးတွင် တောင်ညို ပြည်သူ့ ပြောက်ကျား တပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့ မှ ခြုံခိုပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၁ နာရီ ၃၂ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ လမ်းကင်း အရပ်သား ကား ၁ စီးနှင့် အင်အား ၃ဝ ကျော်ပါဝင်သော စစ်ကြောင်းသည် သံဖြူဇရပ်မြို့ဘက်သို့ ခြေလျင် ပြန်လည်ဆုတ်ခွာလာစဥ် ပိန္နဲတောရွာ အနီးတွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၈ ဦး သေဆုံးကာ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိပြီး တော်လှန်ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း တောင်ညို ပြည်သူ့ ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် ကလေး-တီးတိန် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ၇ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း CDF Civic Defense Militia -CDM – Siyin ထံမှ သိရသည်။

ဧပြီလ ၁၈ ရက်နေ့တွင် တီးတိန်းမြို့သို့ တက်လာသည့် အကြမ်းဖက် စစ်တပ်ယာဥ်တန်းကို CDF CDM SIYIN ရဲဘော်များမှ သိုင်းငင်းရွာနှင့် ကနဒီ အကြားတွင် ဧပြီလ ၁၉ ရက်နေ့၌ ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး သုံးနာရီကျော် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ယာဥ်တန်းသည် အထိနာပြီး တီးတိန်မြို့ဘက်သို့ ဆက်လက် မသွားနိုင်တော့ဘဲ ကနဒီ မှ သိုင်းငင်းရွာ ဘက်သို့ ပြန်လှည့် သွားကြောင်း သိရသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ခန့်တွင် တီးတိန်မြို့နယ် သိုင်းငင်းရွာမှ ကလေးမြို့ဘက်သို့ ပြန်လှည့်လာသည့် အကြမ်းဖက် စစ်တပ်ကို CDF CDM SIYIN ရဲဘော်များမှ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၂ နာရီကျော် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ဧပြီလ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၁ နာရီကျော် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များ အပြင် ကလေးမြို့ မွန်းလိုင် ဘောလုံးကွင်းမှလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် အကြိမ်ပေါင် ၂၀ မက တစ်နေကုန်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တီးတိန်မြို့ဘက်မှ ကလေးမြို့ဘက်သို့ ပြန်လှည့် လာသော အကြမ်းဖက် စစ်တပ် ယာဥ်တန်းသည် အထိ နာနေသောကြောင့် ကလေးမြို့ မှ စစ်ကား ၄ စီး အပြည့်ဖြင့် လာကြိုရန် ဧပြီလ ၂၃ ရက်နေ့တွင် စစ်ကြောင်း ၂ ကြောင်းဖြင့် တောလမ်း များအတိုင်း တီးတိန်မြို့နယ် စီးယင်း နယ်မြေအတွင်း ခြေလျင် စစ်ကြောင်းထိုး ချီတက်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များသည် ဘေးကင်း လုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ပြီး ကလေးမြို့ နှင့် သိုင်းငင်းရွာ လမ်းမကြီးကို ပြည်သူများ အနေဖြင့် ပြန်လည်အသုံးပြု နိုင်ပြီဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေး အဖွဲ့ CDF CDM SIYIN က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article