မြ၀တီမြို့နယ်၊ မဲကနယ်၊ ကျောက်တောင်ဘက်သို့ စစ်တပ်က အတွဲလိုက်ဒုံးများ၊ လက်နက်ကြီး များဖြင့် ညလုံးပေါက် ဆက်တိုက် ပစ်ခတ်
ရန်ကုန်၊ ဧပြီ ၂၉
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲကနယ်ကျေးရွာအနီး ကျောက်တောင်ဘက်သို့ စစ်တပ်က အတွဲ လိုက်ဒုံးများ၊လက်နက်ကြီးများဖြင့် ယမန်နေ့ ညပိုင်း ညလုံးပေါက် ဆက်တိုက်ပစ် ခတ်ခဲ့ ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဧပြီလ ၂၈ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးတင်းမာနေသော ဒေသကို ဦးတည်၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မနေ့ည ၂၇၅ တပ်ရင်းထဲကနေ လက်နက်ကြီး တွေ ရမ်းသမ်းပစ်ခတ်ပါတယ်။ မနေ့ည ၁၀း၃၀ မှာ လက်နက်ကြီးစပစ်ပါတယ်။ ၁ နာရီကျော်လောက်အထိကို အလုံးရေ ၂၀ လောက်ပစ်တာ။ အတွဲ လိုက် ဒုံးတွေလိုဟာတွေပါ ပစ်တာ။ တစ်ခါပစ်လိုက်ရင် ဆက်တိုက်အသံတွေ မရပ်မနားပဲ။ အရမ်း ကျယ်ပြီး အရမ်းပြင်းထန်တယ်။ အဲဒီနောက်မှာ ည ၁၁ နာရီ ၃၀ လောက်ကစပြီး အတွဲလိုက် ဒုံးတွေ။ တစ်ခါပစ်ရင် ၄ လုံး ဆက်တိုက် အသံကြားရတာ” ဟု မြ၀တီမြို့မှ စစ်ရေး သတင်းရင်း မြစ်က ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက ကော်ဘရာစစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်တပ်များ အခြေစိုက် ထားသော KNU တပ်မဟာ ၆ နယ်မြေ ကျောက်တောင်ဒေသကို ထိုးဖောက်ဝင်ရောက် နယ်မြေ ကျူးကျော်ရန် ကြိုးစားလျက်ရှိသော်လည်း ထိုသို့ လုပ်ဆောင်နိုင်ခြင်းမရှိဘဲ သေဆုံးမှုများစွာဖြင့် ထိုးစစ်ဆင်လာသော စစ်တပ်များ၏ ဖွဲ့စည်းပုံ ပျက်စီးသည်အထိ သေဆုံးမှုများ ရှိနေကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။