26 C
Yangon
- Advertisement -spot_img

AUTHOR NAME

DeJay LuLu

5140 POSTS
0 COMMENTS

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ‌နော်လင်းဟေဇာ တွေ့ဆုံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနော်လင်းဟေဇာနှင့် တွေ့ဆုံကြောင်း NUG က သတင်းထုတ်ပြန်သည်။ အဆိုပါတွေ့ဆုံမှုတွင် ‌ဒေါက်တာနော်လင်းဟေဇာအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းတွင်ဖြေကြားခဲ့သော အင်တာဗျူးနှင့် ပတ်သက်၍ နားလည်မှု လွဲမှားခဲ့သည်နှင့်...

စစ်တပ်ချေမှုန်းရေး မြိုင်မြို့နယ် အခြေခံပညာသပိတ်ကော်မတီနှင့် ပြည်သူများပူးပေါင်းဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၇ မြိုင်မြို့နယ်တွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ ချေမှုန်းရေး အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် တော်လှန်ပြည်သူများပူးပေါင်းကာ 'အဖိနှိပ်ခံလူတန်းစားအားလုံးပြိုင်တူထကြွရုန်းထွက်ကြ' စာတန်းကိုင်ဆောင်၍ ဖေဖေါ်ဝါရီလ ၇ ရက်တွင် ကြွေးကြော်ဆန္ဒပြကြသည်။

စုန်းချောင်းတွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင်တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၇ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

လောင်းလုံးတွင် အကသ ကျောင်းသားများ ဦးဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ လောင်းလုံးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသားများသားသမဂ္ဂများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၇ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး "ဆံချည်တမျှင်တောင် နောက် မဆုတ်နဲ့ဆက်တိုက်" စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်တပ်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု AA က မှတ်ချက်ပေးစရာမရှိဟုဆို၊ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ မတက်ဟု TNLA ဗိုလ်မှူးချုပ် တာဘုန်းကျော်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ အကြမ်းဖက် စစ်တပ်က ယမန်နေ့ ညပိုင်းက ထုတ်ပြန်သော ငြိမ်းချမ်းရေးကမ်းလှမ်းမှုနှင့်ပတ်သက်ပြီး AA အနေဖြင့် မှတ်ချက်ပေးရန် မရှိကြောင်း AA၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ယမန်နေ့ညပိုင်းက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပြီး...

ရေဦးမြို့နယ်၊ တောင်ပြင်ငယ်ကျေးရွာအနီးကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ၂ ရက် ဆက်တိုက် ပစ်ခတ်ပြီး စစ်သား အများအပြား ချထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တောင်ပြင်ငယ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်များက စစ်ရဟတ်ယာဉ်ဖြင့် ၂ ရက်ဆက်တိုက်ပစ်ခတ်ပြီး စစ်သားအများအပြားကို ရဟတ်ယာဉ်ဖြင့် ချထား လျက်ရှိကြောင်း ဒေ သခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "မနေ့ညနေကလည်း ရဟတ်ယာဉ်တွေဝဲပြီး ပစ်တယ်။ တိုက်ပွဲမဖြစ်ဘူး။ ဒီအတိုင်းပစ်တာ။...

ကျောက်တန်းတွင် Mytel တာဝါတိုင် ဗုံးခွဲခံရပြီးနောက် NLD လူငယ် ၂၀ ထက်မနည်း ရိုက်နှက်ဖမ်းဆီး စစ်ကြောခံရ၊ ရန်ကုန်တွင် ကင်းပုန်းများချပြီး စစ်တပ်က လုံခြုံရေးတင်းကျပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ယမန် နေ့ည ၉ နာရီကျော်အချိန် ဗုံးခွဲမှု တစ်ရပ် ဖြစ်ပွားပြီးနောက် ကျောက် တန်းမြို့နယ် ၊ ဇွဲဘာကုန်းတန်းကျေးရွာမှ လူငယ် ၂၀ ဦးထက်မနည်းကို စစ် တပ်က ဖမ်းဆီးရိုက်နှက်...

ဗိုလ်ထထောင်မြို့နယ်တွင်းရှိ အထက ကျောင်း ၂ ခုနှင့် ယာဉ်ထိန်းရဲကင်းတွင် ဆေးနီမှုတ်၍ စစ်အာဏာရှင်နှင့် စစ်ကျွန်ပညာဆန့်ကျင်ရေးပြုလုပ်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၇ ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်ရှိ အထက ၄၊ အထက ၆ ကျောင်းရှေ့များနှင့် ယာဉ်ထိန်းရဲကင်းတွင် အခြေခံပညာကျောင်းသားများရေးရာအဖွဲ့များဖြစ်သည့် ဗိုလ်တထောင်(၄)အ.က.ရ ၊ ဗိုလ်တထောင်(၆)အ.က.ရ ၊ မင်္ဂလာတောင်ညွှန့်(အ.က.ရ) တို့ ပူးပေါင်းကာ ယနေ့ ဖေဖေါ်ဝါရီလ ၇ ရက်တွင် ဆေးနီများမှုတ်ကာ စစ်အာဏာရှင်...

ဂျာမနီနိုင်ငံတွင် မြန်မာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့တွင် ဖေဖော်ဝါရီလ ၆ရက်နေ့ အကြမ်းဖက် မြန်မာ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် ဂျာမနီနိုင်ငံသားများ ပူးပေါင်း ဆန္ဒပြခဲ့ကြောင်း သိရသည်။ https://youtu.be/DDUfmTxr49U

Latest news

- Advertisement -spot_img