24.6 C
Yangon
- Advertisement -spot_img

AUTHOR NAME

DeJay LuLu

5140 POSTS
0 COMMENTS
00:07:26

Khit Thit သတင်းဌာန၏ ဇွန် ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၃၀ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့-စစ်တပ်ထုတ် မြန်မာဘီယာ၊ အရက်တွေ ရောင်းချပြီး စစ်ကောင်စီတပ်ဖွဲတွေနဲ့ ပူးပေါင်းဆောင်ရွက်နေလို မကြာခဏ ဗုံးခွဲသတိပေးခံရတဲ့ အလုံမြို နယ်က SKYWAY CLUB & KTV မနေ့ညပိုင်းမှာ မီးလောင်ပြာကျ သွားတယ်လိုသိရပါတယ်။ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြိုနယ်မှာ...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးပြီး ၅ ဦး အရှင်ဖမ်းမိ 

ရန်ကုန်၊ ဇွန် ၃၀  မြန်မာနိုင်ငံတစ်ဝန်း ဇွန်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦး သေဆုံးပြီး ၅ ဦး အရှင်ဖမ်းမိကြောင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

မြောက်ဒဂုံဘေလီတံတားအနီး ကလူဂါကားတစ်စီးပေါ်မှ မောင်းနှင်သူ အမျိုး သား တစ်ဦး ကို သေနတ်သမားများက ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံး 

ရန်ကုန်၊ ဇွန် ၂၉  ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဒဂုံအစပ် မြောက်ဒဂုံ ဘေလီတံတားအနီးတွင် ယနေ့ ည ၇ နာရီ၄၀ မိနစ်အချိန်က ကလူဂါကားတစ်စီးပေါ်တွင် မောင်းနှင်သူ အမျိုးသား တစ်ဦးကို အမည်မသိ သေနတ်သမားများက ပစ်ခတ်ရာ သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။  ဇွန်လ ၂၉ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန်တွင် ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခြင်း ဖြစ်ပြီး အဆိုပါ ကလူဂါကားသည်မြောက်ဒဂုံ ဘေလီတံတားအဆင်းအတိုင်း ဆင်းလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း  သိရှိရသည်။  "မြောက်ဒဂုံ ဘေလီအဆင်း KIA showroom ရှေ့မှာ ကားမောင်းနေတာကို ပစ် သွားတာ။  အဲ့ဒီကားက မြောက်ဒဂုံထဲက လာတာ ဘေလီမီးပွိုင့်ကနေ  KIA Show Room ထောင့် အထွက်မှာ အပစ်ခံရပြီး ပွဲချင်းပြီးသေတာ။ ကားက  ဒီဘက် Show Room ဘက်ကားလမ်းကိုထိုးကျလာတာ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။  ယင်းနောက် စစ်ကောင်စီတပ်များရောက်ရှိလာပြီး လမ်းများအားလုံးကို ပိတ် ဆို့ပြီး စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း ၊ လက်ရှိအချိန်အထိ စစ်ဆေး မှုများ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။  လက်ရှိအချိန်အထိ အပစ်ခတ်ခံရ၍ သေဆုံးသူသည် မည်သူမည်ဝါဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

စစ်တပ်ထုတ် ဘီယာ၊ အရက်များရောင်းချသည့်အပြင် စစ်တပ်၊ရဲတို့နှင့် ပူးပေါင်း နေသည့်အတွက် ဗုံးခွဲသတိပေးခံခဲ့ရသည့် အလုံ SKYWAY CLUB & KTV မီးလောင်ပြာကျ 

ရန်ကုန်၊ ဇွန် ၂၉  စစ်တပ်ထုတ် မြန်မာဘီယာ၊ အရက်များရောင်းချပြီး စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသဖြင့်မကြာခဏ ဗုံးခွဲသတိပေးခံရသည့် အလုံမြို့ နယ်မှ SKYWAY CLUB & KTV ယနေ့ညပိုင်းတွင်  မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။  ဇွန်လ ၁၁ ရက်နေ့ ည ၁၀ နာရီ ခွဲအချိန်  ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်တွင် SKYWAY CLUB & KTV  မီးလောင်ခဲ့ခြင်းဖြစ်ပြီး ၁၁ နာရီမထိုးမီ အချိန် မီးအနည်းငယ်ထိန်းနိုင် ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။  ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ  SKYWAY CLUB & KTV တို့ကို စစ်ကောင်စီထံ သို့ အခွန်ငွေများ ပေးအပ်နေသည့်အပြင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာနှင့် အရက်များကို ရောင်းချခြင်း၊ စစ်တပ်နှင့်ရဲများနှင့် နီးကပ်စွာ ပူးပေါင်းဆောင် ရွက်ခြင်းတို့ကြောင့် ယခုနှစ် မတ်လ( ၈) ရက် ည၈ နာရီ ၃မိနစ်အချိန်တွင် SKYWAY CLUB & KTV ကို  Dark Shadow တပ်ဖွဲ့က ဗုံးဖောက်ခွဲ သတိပေးခဲ့ ရသည့် KTV တစ်ခုဖြစ်သည်။

ရွှေရေကြည် သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၂၉ယင်းမာပင်မြို့နယ် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
00:08:38

Khit Thit သတင်းဌာန၏ ဇွန် ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၂၉ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့-ကရင်ပြည်နယ်၊ မြ၀တီမြိုနယ်၊ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တိုက်ခိုက်နေတဲ့ KNDO နှင့် PDF ပူးပေါင်း တပ်တွေကို စစ်တပ်က တိုက်လေယာဉ်တွေ အသုံးပြု ခုခံနေရာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီရဲ့ တိုက် လေယာဉ်...

အတည်မပြုနိုင်သော တိုက်ပွဲသတင်းများကို ဖြန့်ဝေခြင်းမပြုကြရန် KNDO က ပြည်သူကို မေတ္တာရပ်ခံ

ရန်ကုန်၊ ဇွန် ၂၉ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ် များနှင့် KNDO ၊ KNU ၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ပွား လျက်ရှိနေချိန်တွင် အတည်ပြုမနိုင်သော တိုက်ပွဲသတင်းများကို ဖြန့်ဝေခြင်း မပြုကြရန် မေတ္တာရပ်ခံကြောင်း KNDO တရားဝင် ကြေညာချက်...

မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် စစ်တပ် သတင်းပေးဟု စွပ်စွဲသတ် မှတ်ခံရသူ ၁ ဦး ဓားဖြင့် အထိုးခံရပြီး သေဆုံး၊ တောင်သာ တံတားကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၂၉ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အောင်ချမ်းအေး ရပ်ကွက် ၃၆လမ်း ၊၇၁-၇၂လမ်းကြားရှိ ရွှေရည်ဝင်း ခေါင်ရည်ဆိုင်တွင် စစ်တပ် သတင်းဟု သတ် မှတ်ခံရသော ဆီးဂဲလ် ဆိုသူကို ဇွန်လ ၂၈ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်တွင်...

ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၂၉ကလေးမြို့ ပင်မသပိတ် အင်အားစုများ ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် " ကျွန်စိတ်ကင်းတဲ့ ၅/ လွှမ်းမိုးမခံတဲ့ ၅/" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

“စစ်တပ်နဲ့ပျူတွေက မကုန်မချင်း ရှို့ဦးမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ယူချင်တဲ့ ပစ္စည်းယူလေ။ သူတို့ စိတ် ဖောက် ပြန်တဲ့ အခါကျရင် မီးရှို့သွားတယ်”

By ရန်ကုန်ခေတ်သစ် စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ ယာကြီးတောရွာကို အကြမ်းဖက် စစ်တပ်က ၅ ကြိမ် မြောက်အဖြစ် ယမန်နေ့က မီးဝင်ရှို့ခဲ့ပြီး အကြိမ်ကြိမ် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ သည့် ဖြစ်စဥ်နှင့် ပတ်သက်ပြီး ဒေသခံ ပြည်သူ တစ်ဦးကို ရန်ကုန် ခေတ် သစ် မီဒီယာက...

Latest news

- Advertisement -spot_img