26 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

41158 POSTS
0 COMMENTS

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၁၄ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့် ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန်...

မင်းကွန်းမြို့မှ ထွက်ခွာလာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုတွင် ဗိုလ်ကြီး ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူများပြားပြီး ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူများပြားပြီး ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ - UGF တာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၁၀...

အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့မှုကြောင့် ၄ နှစ်ကျော် ကာလအတွင်း နိုင်ငံရေးအကျဉ်းသား ၁၃၉ ဦးထက်မနည်း သေဆုံး

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များအတွင်း လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ခြင်းကြောင့် အာဏာသိမ်းပြီး ၄ နှစ်ကျော် ကာလအတွင်း နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၃၉ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့က ထုတ်ပြန်လိုက်သည်။ MPW ၏ ခြောက်လတာ သုတေသနပြု...

ယင်းမာပင်မြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး၊တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် မြန်မာနိုင်ငံတွင် မတရား ဖမ်းဆီးခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး၊ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပေါက်နှင့် မြင်းမူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မုံရွာ နမခ...

မြန်မာနိုင်ငံတွင် ကျားဖြန့် Online Scam အကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု လက်မခံဟုဆိုခဲ့သော တရုတ်လုံခြုံရေး လက်ထောက်ဝန်ကြီး မဲဆောက်သို့ ရောက်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ မြန်မာနိုင်ငံတွင် ကျားဖြန့် Online Scam အကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု လက် မခံဟုဆိုခဲ့သော တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိ က ယနေ့ ညနေပိုင်း မဲဆောက်သို့ ရောက်ရှိလာကြောင်း သိရှိရသည်။ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ထိုင်းစံတော်ချိန်...

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အစိုးရက နိုင်ငံနှင့်မကိုက်ညီတဲ့ နိုင်ငံခြားသားအကြံပေးတွေရဲ့ အကြံဉာဏ်အတိုင်း ဩဇာခံ ဆောင်ရွက်ခဲ့တာကြောင့် မြန်မာနိုင်ငံ စီးပွားရေးကျဆင်းခဲ့ရတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အပြစ်တင်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့နဲ့ လေ့လာစောင့်ကြည့် ရေးကိုယ်စားလှယ်တွေကို မစေလွှတ်ဖို့တို့အတွက်...

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုပြုလုပ်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာနိုင်ငံတွင် မတရား ဖမ်းဆီးခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ လှုပ်ရှားမှုတွင်​...

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် အိန္ဒိယ အစိုးရနှင့်လွှတ်တော်ထံသို့ အရပ်ဘက်အဖွဲ့ ၁၀၀ ကျော်က တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့နဲ့ လေ့လာစောင့်ကြည့် ရေးကိုယ်စားလှယ်များ မစေလွှတ်ဖို့တို့အတွက် အိန္ဒိယအစိုးရနဲ့ လွှတ်တော်ကို မြန်မာပြည်သူတွေကိုယ်စား အရပ်ဘက်နဲ့တော်လှန်ရေး အဖွဲ့ ၁၁၃ ခုနဲ့ တသီးပုဂ္ဂလ ၂၉ ဦးတို့က အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်ပါတယ်။ မနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့...

အ​မေရိကန်ပြည်​ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ်ကိုဗေးဧရိယာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကျင်းပ

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ အ​မေရိကန်ပြည်​ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ်ကိုဗေးဧရိယာတွင် Free Burma Action Committee-Northern California၊ ဆန်ဖရန်စစ္စကို(ဗေးဧရိယာ)တော်လှန်ပြည်သူများ၊ ကျောင်းသားအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများအားလုံး ပူးပေါင်း၍ လွတ်လပ်မှု၊တရားမျှတမှုနှင့် ငြိမ်းချမ်းမှု စသည်တို့ မြန်မာပြည်မှာ ပြန်လည်ထွန်းကားဖို့အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း(Kim Aris)...

Latest news

- Advertisement -spot_img