Yangon Khit Thit News Agency, Author at Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၂၂

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လ ၂၂ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်

The post မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး appeared first on Khit Thit Media.

ချင်းတောင်ပိုင်း တိုက်ပွဲများအတွင်း ထိခိုက် သေဆုံးသွားသော စစ်သားအ လောင်းများကို လမ်းဘေးတွင် ကျင်းကြီး၊ ကျင်းငယ်များတူးကာ ဖြစ်သလို မြှုပ်နှံထား
ရန်ကုန်၊ ဇွန် ၂၂

ချင်းပြည်နယ်တောင်ပိုင်း တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးသွားသော စစ် သားအလောင်းများ ကို လမ်းဘေးတွင် ကျင်းကြီး၊ ကျင်းငယ်များဖြင့် ဖြစ်သလို မြှုပ်နှံထားခဲ့ကြောင်း ဒေသသတင်းရင်း မြစ်က ရန်ကုန်ူခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်ကတည်းက ချင်းပြည်နယ်တောင်ပိုင်းသို့ ထိုးစစ်ဆင်ရန် ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ထွက်လာသော စစ်ကြောင်းများကို ဆောမြို့ နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မင်းတပ်မြို့နယ်တို့ အတွင်း၌ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းလျက်ရှိ ထိခိုက်သေဆုံးမှုများ ပြားနေပြီး သေဆုံးစစ်သားအလောင်းများကို လမ်းဘေးတွင် ကျင်းကြီး၊ ကျင်းငယ်များ တူးကာ ဖြစ်သလို မြှုပ်နှံထားခဲ့သည်ကို ဒေသနေပြည်သူများက တွေ့ရှိခဲ့ရ ကြောင်း သိရသည်။

“စခအသေတွေကို ဖြစ်သလို မြှုပ်နှံထားခဲ့တာ၊ မြေမြှုပ်ထားခဲ့တဲ့နေရာတွေကို အခုမှ သွားရင်းလာ ရင်းတွေ့ခဲ့ကြတာ၊ သေချာလိုက်တော့ မရှာရဲသေးဘူး။ စခတွေက မိုင်းထောင်ထားတာတွေရှိတော့ မရှင်းရသေးတဲ့အတွက်ပါ။ လမ်းဘေးမှာ တွင်းကြီး၊ တွင်းငယ်နဲ့ တူးပြီး မြှုပ်နှံထားခဲ့တာ အများကြီး တွေ့ခဲ့ရတယ်၊ ဒါကဆောမြို့နယ်ထဲမှာရှိသေးတယ်။ မင်းတပ်တို့၊ ကန်ပက်လက်တို့ဘက်မှာဆိုရင် အခုလို့ အများကြီး ရှိနိုင်တယ်” ဟု ဒေသသတင်းရင်း မြစ်က ရန်ကုန်ူခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့အချိန်အထိ တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကအထိ နာနေသဖြင့် မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်တို့ကို Y12 ဗုံးကျဲလေယာဉ်၊ ဂျက်ဖိုက်တာ တို့ဖြင့် နေ့စဉ်ရက်ဆက် ဗုံးရာချီအသုံးအပြုကာ တိုက်ခိုက်နေပြီး ယနေ့ ဇွန်လ ၂၂ ရက် ည ၇ နာရီ ၄ မိနစ်၊ ၇ နာရီ ၉ မိနစ်၊ ၇ နာရီ ၁၄ မိနစ်၊ ၇ နာရီ ၂၆ မိနစ်၊ ၈ နာရီ ၂၅ မိနစ်တို့တွင် နေပြည်တော် ဧလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့်မင်းတပ်မြို့နယ်တနေရာကို ဗုံး ၂ လုံး၊ ၃ လုံး တွဲ စုစုပေါင်း ၁၆ ကြိမ် ဗုံးအလုံး ၆၀ ခန့်ကျဲချသွားကြောင်း သိရသည်။

“အထိနာကတော့ များတယ်၊ အခုလည်း တက်လိုက် လန်ကျလိုက်နဲ့၊ မိတ္ထီလာ စစ်ဆေးရုံကို ပို့လိုက် တဲ့စခတွေလည်း လူနာတွေများနေလို့ ဆေးဝါးကုသစရာပါ ပြတ်လပ်ပြီး သေဆုံးတာများနေပြီးလို့ တပ်တွင်းဖရဲသီးကလှမ်းပြောတယ်။ သေဆုံးတဲ့သူတွေလည်း များလို့ အစုလိုက်ပုံပြီး မီးရှို့နေရတယ် လို့ ပြောတယ်၊ အလောင်းအရေအတွက်ကတော့ မသိရဘူး” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ချင်းပြည်နယ်တောင်ပိုင်းတိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရ စစ်သားများကို ဆောမြို့နယ်၊ကျောက် ထု လေယာဉ်ကွင်းမှ တဆင့် Y12 လေယာဉ်ဖြင့် ဇွန်လ ၁၆ ရက် နေ့ကတစ်ကြိမ်၊ ဇွန်လ ၁၃ ရက်နေ့ က တစ်ကြိမ်၊ ဇွန်လ ၁၁ ရက်နေ့ကတစ်ကြိမ်၊ ဇွန်လ ၅ ရက်နေ့ကတစ်ကြိမ် သယ်ဆောင်သွားကာ မိတ္ထီလာစစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယောဒေသဆောမြို့နယ်နှင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်တို့တွင် တိုက် ပွဲများ ဆက်လက်၍ ပြင်းထန်နေပြီး တော်လှန်ပြည်သူလူထုများအနေဖြင့် ကြို တင်ပြင်ဆင်ထား ကြရန်၊ မိမိတို့ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ် ဆက်ပူးပေါင်း ဆောင်ရွက်ကြရန် ဆက်လက်၍ တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းနှိုးဆော်ထားသည်။

The post ချင်းတောင်ပိုင်း တိုက်ပွဲများအတွင်း ထိခိုက် သေဆုံးသွားသော စစ်သားအ လောင်းများကို လမ်းဘေးတွင် ကျင်းကြီး၊ ကျင်းငယ်များတူးကာ ဖြစ်သလို မြှုပ်နှံထား appeared first on Khit Thit Media.

စလင်းနှင့် ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ်က စစ်ကြောင်းထိုး တိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးပြီး ထောင်ချီ ထွက်ပြေးနေရ
ရန်ကုန်၊ ဇွန် ၂၂

မကွေးတိုင်း၊ စလင်းမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ စစ် ကြောင်းထိုးမှုများနှင့် လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်နေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့် KNU ဗဟို၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စည်ဆွဲကျေးရွာဘက်မှ မီးလိုင်းပြင်ရန် ထွက်လာသည်ဟု ဆိုသော စစ်တပ်စစ်ကြောင်းက စမ်းကလေးရွာအပါအဝင် ကျေးရွာ ၄ ရွာရှိ စစ်ရှောင်ပြည်သူများ နေထိုင်ရာနေရာများသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး တန်ဖိုးကြီးမားသော ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသခံများက ပြောဆိုသည်။

ထိုစစ်ကြောင်းက စလင်းမြို့နယ်အတွင်းရှိ မကျီးစင်ကျေးရွာ၊ ကံဆွယ်ကျေးရွာ၊ စည်ဆွဲကျေးရွာနှင့် စမ်းကလေးရွာလေးရွာရှိ စစ်ရှောင်ပြည်သူများ နေထိုင်ရာနေရာများကို ဝင်ရောက်ခဲ့ပြီး နေအိမ်များအတွင်းရှိ ရွှေ၊ ငွေ အပါအဝင် တန်ဖိုးကြီးပစ္စည်းများကို ခိုးယူနေကြောင်း သိရသည်။

“စည်ဆွဲဘက်ကနေ တက်လာတဲ့ မီးလိုင်းပြင်ဖို့ ထွက်လာတဲ့ စစ်ကြောင်းက စမ်းကလေးရွာအပါ အဝင် ကျေးရွာတွေကို ဝင်ပြီး တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူနေတယ်။ နေအိမ်တွေထဲက ရွှေ၊ ငွေတွေပါ ယူနေတယ်လို့ သိရတယ်။ ဇွန်လ ၂၀ ရက်နေ့ကလည်း ဒရုန်းနဲ့ စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေရှိခဲ့တယ်။ ဒီစစ်ကြောင်းကြောင့် ကျေးရွာ ၄ ရွာက ပြည်သူ ၃၀၀၀ လောက် ဘေးလွတ်ရာကို ထွက် ပြေးနေရတယ်။ လက်ရှိအခြေအနေမှာ ဖမ်းဆီးခံရသူတော့ မရှိသေးပါဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့အပြင် ဇွန်လ ၁၅ ရက်နေ့တွင်လည်း စလင်းမြို့နယ် တညောင်ဓာတ်အားခွဲရုံမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းက စည်ဆွဲကျေးရွာနှင့် ကံဆွယ်ကျေးရွာတို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး ယင်းကျေးရွာ ၂ ရွာမှ အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ပြည်သူ ၄၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ နေအိမ်နှင့် ဈေးဆိုင်များလည်း ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇွန်လ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်ခန့်အချိန် ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က Jet Fighter လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၁ လုံး ကျဲချခဲ့ရာ ဆောသုခီး (ကျောက်ဖျာ) ကျေး ရွာအုပ်စု၊ သဝေါသော (ချောင်းစောင့်) ကျေးရွာထိပ်ရှိ ကုန်စုံဆိုင်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် ဆိုင်ပိုင်ရှင် အသက် ၃၈ နှစ်အရွယ် စောကျော်တင့် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ နော်လုလုဖောမှာ အပြင်းအထန် ဒဏ်ရာရရှိကာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း၊ ထို့အပြင် ကုန်စုံဆိုင်နှင့် အရောင်းပစ္စည်းများလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ ၏ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်မှ အရပ်သားများနေထိုင်ရာ ကျေးရွာများဘက်သို့ ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ် တကွီးပူ (ငှက်ပျောတော) ကျေးရွာအုပ်စု၊ ငှက် ပျောတောကျေးရွာအနီးရှိ လုပ်ငန်းခွင်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် တကေ့ခီး (တဂေးချောင်းဖျား) ကျေးရွာနေ အသက် ၄၄ နှစ်အရွယ် စောစိန်ကုလားသည် ဘယ်ဘက်ဝမ်းဗိုက်တွင် လက်နက်ကြီးကျည်စ ထိမှန်ကာ သေဆုံးခဲ့ပြီး ငှက်ပျောတောကျေးရွာရှိ နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

KNU ၏ ထုတ်ပြန်ချက်တွင် စစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်နေပြီး ပြည်သူများသည် ကြောက်ရွံ့ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

The post စလင်းနှင့် ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ်က စစ်ကြောင်းထိုး တိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးပြီး ထောင်ချီ ထွက်ပြေးနေရ appeared first on Khit Thit Media.

မြောင်၊ ရွှေကူမြို့နှင့် မြိုင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၊ အသေခံဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက် အသက် ၄၀ အရွယ်အမျိုးသား တစ်ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက် လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက မြောင် မြို့နယ်၊ ငါးမြောင်တောင်ကျေးရွာနှင့် ဇရပ်ကုန်းကျေးရွာအကြား တောထဲကို ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချခဲ့ပြီး ရော့ကတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ငါးမြောင်တောင်ကျေးရွာနှင့် ဇရပ်ကုန်းကျေးရွာအကြား တောထဲကို ဗုံးများကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများနှင့် နေအိမ်များထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

“ဒီနေ့နံနက် ၁၁ နာရီလောက်မှာ တံတားဦးနဲ့ မကွေးက တက်လာတဲ့ စစ်ခွေးတွေရဲ့ ဂျက်ဖိုက်တာ ၂ စီးက ငါးမြောင်တောင်ရွာနဲ့ ဇရပ်ကုန်းရွာကြား တောထဲကို ဗုံးကျဲသွားတာပါ။ မြေပြင်မှာ တိုက်ပွဲဖြစ် တာမျိုး လုံးဝမရှိဘဲ လာချတာ။ ပေါင် ၂၅၀ ခန့် ဗုံးသီး ၂လုံးနဲ့ ရော့ကဒ်တွေ အများပြားနဲ့ပါ ပစ်ခတ် သွားတာပါ။ နေအိမ်ပျက်စီးမှုနဲ့ ပြည်သူတွေ ထိခိုက်တာမရှိပါဘူး။ ပြည်သူများအနေဖြင့် စစ်ခွေး ကြောင်းနှင့် လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုဖို့ပြောချင်ပါတယ်” ဟု မြောင်မြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း မြောင်မြို့နယ်၊ ပေါက်တောရွာကို အကြမ်းဖက် စစ် တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၂၂ ရက် မွန်းတည့် ၁၂ နာရီခန့်က ကချင်ပြည်နယ်၊ ရွှေကူမြို့တွင်လည်း စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ တောပုန်းကျေးရွာသွားလမ်းမပေါ်၊ ပင်စက်ကုန်းဘုန်းကြီးကျောင်း ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့ ဇွန်လ ၂၂ ရက် ညနေ ၆ နာရီ ၃၃ မိနစ်နှင့် ၆ နာရီ ၃၆ မိနစ်တွင် မကွေးတိုင်း၊ မြိုင် မြို့နယ် မြောက်ပိုင်း တနေရာကို စစ်ကောင်စီ၏ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တက်လာ သော အသေခံ ဒရုန်း ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ နောက်ဆက်တွဲ ထိခိုက်ပျက်စီးအခြေအနေ ကို သိရှိရခြင်းမရှိသေးကြောင်း We Love Myaing က ပြောဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားကာ‌ လေကြောင်း၊ လက်နက် ကြီးများဖြင့် နေ့စဉ်နှင့်အမျှ လုပ်ဆောင်လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်း အန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန်နှင့် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာ တူး ထားကြရန် တော်လှန်ရေး အဖွဲ့အစည်းများက မေတ္တာရပ်ခံတိုက်တွန်းနှိုးဆော်ထားသည်။

The post မြောင်၊ ရွှေကူမြို့နှင့် မြိုင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၊ အသေခံဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက် အသက် ၄၀ အရွယ်အမျိုးသား တစ်ဦးသေဆုံး appeared first on Khit Thit Media.

ချောက်မြို့နယ်၊ လမ်းပိုင်းတနေရာတွင် ဆက်ကြေးကောက်၊ ပေါ်တာဆွဲရန် ထွက်လာသော ဂွေးပင် စခန်းမှူးပါအဖွဲ့ကို တိုက်ခိုက်မှု စခန်းမှူး လှမိုးအောင် သေဆုံးပြီး နယ်ထိန်း တင်လင်း အပြင်းအထန် ဒဏ်ရာရ
ရန်ကုန်၊ ဇွန် ၂၂

မကွေးတိုင်း၊ ချောက်မြို့နယ်၊ လမ်းပိုင်းတနေရာတွင် ဆက်ကြေးကောက်၊ ပေါ်တာဆွဲရန် ထွက်လာ သော ဂွေးပင်စခန်းမှူးပါအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စခန်းမှူးလှမိုးအောင်သေဆုံးပြီး နယ်ထိန်းတင်လင်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ချောက်ပကဖ တာဝန်ခံ ကိုဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၄ ရက် နံနက် ၆ နာရီခန့်က ချောက်မြို့နယ်၊ ချောက် -ဂွေးပင်လမ်းပိုင်းတနေရာတွင် ပြည် သူလူထုအား မတရားဖမ်းဆီး၊ ငွေညှစ်၊ ပေါ်တာဆွဲရန် ကားဖြင့်ထွက်လာသော ဂွေးပင်စခန်းမှူး လှမိုးအောင်၊ နယ်ထိန်းတင်လင်းတို့ လိုက်ပါလာသည့် ကားကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကင်း ပုန်းဝပ်စောင့်ကြို၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ဂွေးပင်စခန်းမှူး လှမိုးအောင်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး နယ်ထိန်း တင်လင်းမှာ ရရှိသော ဒဏ်ရာများဖြင့် ကျောက်ပန်းတောင်းမြို့ ဆေးရုံသို့ တင်ပို့လိုက် ရကာ လက်ဖြတ်လိုက်ရသည့်အပြင် ခြေထောက်တွင်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ငွေတောင်းစရာရှိရင် ထွက်လာတာကို ကင်းပုန်းဝပ်စောင့်ပြီး တိုက်ခိုက်ခဲ့တာပါ၊ အခုက ကားနဲ့ ထွက်လာကို ဝိုင်းပစ်ခဲ့တာ၊ ပစ်ခတ်ရပြီးတော့ တခါတည်း မောင်းပြေးလို့ လက်နက်ခဲယမ်း၊ ကား၊ ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာမျိုးတော့ မရှိပါဘူး” ဟု ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ချောက်ပကဖ တာဝန်ခံ ကိုဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချောက် ပကဖ) နှင့် မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဦးဆောင်၍ ချောက်မြို့နယ် ပကဖ တပ်ဖွဲ့ဝင်များ၊ မကွေးခရိုင် ပကဖ တပ်ခွဲ – ၁ ၊ တပ်ခွဲ – ၂၊ တပ်ခွဲ – ၃၊ တပ်ခွဲ – ၄၊ တပ်ခွဲ – ၅ နှင့် တပ်ခွဲ – ၆ ၊ ဧရာဒေါင်းပြည်သူ့ကာကွယ် ရေးအဖွဲ့၊ ကျားသစ်နက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊Tiger Fighter Force မဟာမိတ်အဖွဲ့တို့ နှင့် အတူ တိုင်း/ခရိုင်/မြို့နယ် မဟာမိတ်ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်အတွင်း ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်ကောင်စီလက်ပါးစေများနှင့် စစ် ကြောင်းများကို တော်လှန်ရေး မဟာမိတ်များပူးပေါင်းကာ ဆက်လက်ကာကွယ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

The post ချောက်မြို့နယ်၊ လမ်းပိုင်းတနေရာတွင် ဆက်ကြေးကောက်၊ ပေါ်တာဆွဲရန် ထွက်လာသော ဂွေးပင် စခန်းမှူးပါအဖွဲ့ကို တိုက်ခိုက်မှု စခန်းမှူး လှမိုးအောင် သေဆုံးပြီး နယ်ထိန်း တင်လင်း အပြင်းအထန် ဒဏ်ရာရ appeared first on Khit Thit Media.

မြင်းခြံခရိုင်အတွင်းရှိ PLA စခန်း ၂ ခုကို NUG အစိုးရတပ်များက ဝင်ရောက်စီးနင်းပြီး မြင်းခြံခရိုင် အ တွင်းမှ တပ်များအားလုံးထွက်ခွာရန် ဖိအားပေးနေ
ရန်ကုန်၊ ဇွန် ၂၂

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် -PLA တပ်စခန်း ၂ ခုကို NUG အစိုးရ လက်အောက်ခံတပ်များက ဝင်ရောက်စီးနင်းပြီး မြင်းခြံခရိုင်အတွင်းမှ တပ်များအားလုံး ထွက်ခွာသွားရန် ဖိအားပေးနေကြောင်း PLA ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်း အချိန်မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက် အောက်ရှိ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့မှ ဦးဆောင်၍ အင်အား ၅၀၀ ခန့်ဖြင့် တောင်သာမြို့နယ် အ တွင်းရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထိုင်စခန်းများအား ဝိုင်းဝန်းပိတ်ဆို့ခြင်း၊ ခရိုင် ကွပ်ကဲရေး၏ အမိန့်ဖြင့် တာဝန်ဖြင့် သွားလာနေသော ထောက်ပို့ ရဲဘော် ၂ ဦးအား ဖမ်းဆီးရန် ကြိုး ပမ်းခြင်း စသည့်ဖြစ်စဉ်များရှိခဲ့ကြောင်း အသိပေးထားသည်။

ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိမြင်းခြံခရိုင် ကွပ် ကဲရေးအဖွဲ့မှ ဦးဆောင်၍ မြင်းခြံခရိုင်အတွင်းမှ ကျေးရွာ ၂ ခုရှိ ပြည်သူ့လွတ်မြောက်ရေး တပ်မ တော် (PLA) အထိုင်စခန်းများအား Faw ကား ၂ စီး၊ Probox ကား ၁ စီး၊ ခန့်မှန်းအင်အား ၈၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စီးစဉ်စဉ် ကျေးရွာအတွင်းရှိပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ကူညီနေသော ပြည်သူ့ နေအိမ်များကိုလည်း ဝင်ရောက် ရှာဖွေခြင်း၊ ထို့နောက် အနီးနားရှိ ကျေးရွာတခုတွင်လည်း တပ်များ ဖြန့်၍ အရပ်သား ပြည်သူများအား ဖမ်းဆီးမေးမြန်းမှုများ ပြုလုပ်နေသည့်အပြင် PLA ရဲဘော်တဦး၏ အစ်မဖြစ်သူအား သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက မြင်းခြံခရိုင်ကွပ်ကဲရေး တာဝန်ခံမှ ပြည်သူ့လွတ် မြောက်ရေး တပ်မတော် (PLA)၊ တောင်သာမြို့နယ်တပ်ဖွဲ့ထံသို့ ဖမ်းဆီးထားသည့် စစ်ကောင်စီ တပ် နှင့် ပတ်သက်သူများ အားလုံးကို သိမ်းဆည်းထားသည့် ပစ္စည်းများနှင့်အတူလွှဲပြောင်းပေးရမည်၊ မြင်း ခြံခရိုင်အတွင်းမှ PLA တပ်များအား လုံး ထွက်ခွာပေးရမည်ဟု ပေးပို့ထားကြောင်း PLA ကအသိပေး ထားသည်။

“ကျနော်အနေနဲ့က ရှေ့ပိုင်းမှာလည်း ဒီ ဒ လန် လွှဲပြောင်းပေးမှုဖြစ်စဉ်တွေက ရှိခဲ့တယ်။ လက်ရှိ ကြန့်ကြာနေတဲ့အကြောင်းအရင်းကလည်း လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေရတာရှိတယ်။ ပြီးတော့ ကျနော်တို့ကို မိတ်ဖက်မဆန်တဲ့ ခြိမ်းခြောက်မှုတွေ၊ ၃၆ နာရီအတွင်း လွှဲပြောင်းပေးရမယ်ဆိုတဲ့ ဖိအားမျိုးတွေ ပေးခဲ့တာရှိတယ်။ ကျနော်တို့ အခြေချထားတဲ့ တပ်စခန်းအနီးအနားအထိကို အင်အား အများအပြားနဲ့ ဝိုင်းဝန်းပိတ်ဆို့တဲ့အခြေအနေတွေကြောင့် လွှဲပြောင်းပေးဖို့က ကြန့်ကြာနေတာဖြစ် တယ်။” ဟု PLA ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တောင်သာမြို့နယ်တပ်ဖွဲ့အနေဖြင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံသို့ ဖမ်းဆီးထားသော စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူများကို လွှဲပြောင်းပေး အပ်ခဲ့သည်မှာ ၂ ကြိမ်ရှိပြီ ဖြစ်ကြောင်း၊ နောက်ထပ် လွှဲပြောင်းပေးမည့် သူများကိုလည်း လွှဲပြောင်း ပေးမည့် အချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခြိမ်းခြောက်ပြောဆိုခြင်းနှင့် တပ်အင်အားသုံး ဖိအားပေးခြင်း စသည့် အခြေအနေများကြောင့် လွှဲပြောင်းပေးမည့် အခြေအနေမှာ ကြန့်ကြာနေရ ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

PLA အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ယန္တရားများနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေသည့် အချိန်တွင် ယခုကဲ့သို့ တပ်စခန်းများကို အင်အားအလုံးအရင်းသုံးကာ ဝင်ရောက် စီးနင်းခြင်းနှင့် ရန်သူစစ်အုပ်စုကို တိုက်ခိုက်ရန် မြင်းခြံခရိုင်အတွင်း လှုပ်ရှားနေသော တပ်ဖွဲ့များကို ထွက်ခွာစေခြင်းသည် မည်သို့မျှ လက်ခံနိုင်ဖွယ်မရှိကြောင်း အတိအလင်း‌ ပြောဆိုထားသည်။

“နောက်တစ်ခု လက်ခံဖို့ ခဲယဉ်းတဲ့အကြောင်းအရင်းက ကျနော်တို့ တောင်သာ၊ မြင်းခြံခရိုင် အတွင်း မှာ တော်လှန်ရေးအစကတည်းက မဟာမိတ်တွေနဲ့လက်တွဲပြီးတော့ ရန်သူ စစ်အုပ်စုကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာရှိတယ်။ လက်ရှိအချိန်အထိလည်း တိုက်ခိုက်နေတုန်းဖြစ်တယ်။ ပြီးခဲ့ရက်ပိုင်းမှာ ဆိုရင်လည်း အင်အား ၅၀၀ ပါစစ်ကြောင်းကို တောင်သာနယ်ထဲမှာပဲ မဟာမိတ်တွေ နဲ့လက်တွဲပြီး တော့ တိုက်ခိုက်ခဲ့တယ်။ ကျနော်တို့အနေနဲ့ ဒီနယ်မြေထဲမှာ အခြေချရတာသည် ရန်သူစစ်အုပ်စုကို မဟာမိတ်တွေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်ဖို့ဖြစ်တယ်။ ရန်သူစစ်အုပ်စုကို တိုက်နေကြတဲ့သူတွေ အ ချင်းချင်း ဒီနယ်မြေထဲက ကနေ ထွက်ခွာခိုင်းတဲ့ လုပ်ရပ်ကတော့ ကျနော်တို့ကိုအကြပ်အတည်း တွေ့အောင် လုပ်နေတဲ့ အခြေအနေမျိုးဖြစ်တယ်။ ကျနော်တို့အနေနဲ့ ထိပ်တိုက်တွေ့ဖို့လက်ရှိ အချိန်အထိ ရှောင်ရှားနေတယ်၊ ဒီအချိန်မှာဖြစ်စေချင်တာကတော့ လက်ရှိ ကျနော်တို့ကို ဝိုင်းဝန်း ပိတ်ဆို့ထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေဆီကို ပြန်ပြီးတော့ ဆုတ် ခွာပေးဖို့ လိုတယ်။ အဲလိုမှ မဟုတ်ရင်တော့ ထိပ်တိုက်တွေ့ဆုံမှုတွေ ကြီးကြီးမားမား ဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ်” ဟု PLA ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက ရှင်းပြသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်းရန် သာ လိုလားပြီး မိမိတို့ဘက်မှ မည်သည့်အခါမှ ကျည်စဖောက်မည်မဟုတ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်

The post မြင်းခြံခရိုင်အတွင်းရှိ PLA စခန်း ၂ ခုကို NUG အစိုးရတပ်များက ဝင်ရောက်စီးနင်းပြီး မြင်းခြံခရိုင် အ တွင်းမှ တပ်များအားလုံးထွက်ခွာရန် ဖိအားပေးနေ appeared first on Khit Thit Media.

မြန်မာနိုင်ငံက ကမ္ဘာ့အကြီးဆုံး စိတ်ကြွဆေး-မက်သဖက်တမင်း ထုတ်လုပ်ရာနိုင်ငံ ဖြစ်လာဟု ကုလသမဂ္ဂ (UNODC) အတည်ပြုထုတ်ပြန်
ရန်ကုန်၊ ဇွန် ၂၂

မြန်မာနိုင်ငံက ကမ္ဘာ့အကြီးဆုံး စိတ်ကြွဆေး-မက်သဖက်တမင်း ထုတ်လုပ်ရာနိုင်ငံ ဖြစ်လာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)က နောက်ဆုံးအတည်ပြု ထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား (Methamphetamine) ထုတ်လုပ်ရာနိုင်ငံ ဖြစ်လာခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသည် ရှမ်းပြည်နယ်အတွင်း အခြေစိုက်၍ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို အရှိန်အဟုန်ဖြင့် တိုးမြှင့်လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ကဆိုသည်။

UNODC ၏ “အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း ဓာတုမူးယစ်ဆေးဝါးများ- နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် စိန်ခေါ်မှုများ ၂၀၂၆” အမည်ရှိ အစီရင်ခံစာသစ်တွင် မြန်မာနိုင်ငံသည် ဒေသတွင်း ရာဇဝတ်မှုများနှင့် နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့ရာဇဝတ်မှုများ၏ ဗဟိုချက်မအဖြစ် ကာလအတန်ကြာကတည်းက တည်ရှိနေခြင်းဖြစ်ကြောင်း အတည်ပြုဖော်ပြထားသည်။

နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group) မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချက်ဟော်ဆေး (Richard Horsey) ကလည်း “လမ်းကြောင်းအားလုံးဟာ ရှမ်းပြည်နယ်ဆီကိုပဲ ဦးတည်နေပါတယ်။ အဲဒီဒေသမှာ သူတို့ (ရာဇဝတ်ဂိုဏ်းတွေ) က ဘာမဆို လုပ်လို့ရနေတဲ့အတွက် ဒါဟာ ပြီးပြည့်စုံတဲ့ မုန်တိုင်းတစ်ခုလို ဖြစ်နေပြီး၊ နိုင်ငံတော်အာဏာကတော့ အဲဒီအပေါ်မှာ သက်ရောက်မှု မရှိပါဘူး” ဟု သုံးသပ်ပြောကြားသည်။

အထူးသဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းသည် ဒေသတွင်း မက်သဖက်တမင်း ထုတ်လုပ်မှု၏ အဓိကပင်မ အရင်းအမြစ်ဖြစ်ပြီး၊ နိုင်ငံတော်အာဏာ စုတ်ပြဲပြိုကွဲကာ ထိန်းချုပ်မှု အားနည်းနေသည့် နယ်မြေများဖြစ်ခြင်းကြောင့် ရာဇဝတ်ဂိုဏ်းများသည် လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု သိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မက်သဖက်တမင်း ချက်လုပ်သည့် လျှို့ဝှက်ဓာတ်ခွဲခန်း ၁၆ ခုအထိ မြန်မာ့အာဏာပိုင်များ၏ သတင်းပို့ချက်အရ သမိုင်းတစ်လျှောက် အများဆုံးအဖြစ် ဖမ်းဆီးရမိခဲ့သော်လည်း၊ ယင်းမှာ အဆမတန် များပြားလှသည့် ထုတ်လုပ်မှု ပမာဏနှင့် နှိုင်းယှဉ်ပါက သမုဒ္ဒရာထဲ ရေတစ်စက်စာမျှသာ ရှိကြောင်း ကျွမ်းကျင်သူများက ထောက်ပြထားသည်။

ယခုအစီရင်ခံစာတွင် ထူးခြားချက်အဖြစ် ဖော်ပြထားသည်မှာ မြန်မာနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကဏ္ဍသည် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း (Scam)၊ ငွေကြေးခဝါချမှုလုပ်ငန်းများနှင့် ဆိုက်ဘာရာဇဝတ်မှုများအထိ စနစ်တကျ ကွန်ရက်တစ်ခုတည်းအဖြစ် အပြန်အလှန် ပူးပေါင်းချိတ်ဆက် လုပ်ဆောင်လာခြင်း (Convergence) ပင် ဖြစ်သည်။

စုံစမ်းစစ်ဆေးသူများ၏ မြေပြင်တွေ့ရှိချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အကြီးစား မူးယစ်ဆေးဝါးချက်စက်ရုံများနှင့် တစ်ကီလိုမီတာပင် မဝေးသော နေရာများတွင် အွန်လိုင်းငွေလိမ်စခန်းများနှင့် ချိတ်ဆက်အသုံးပြုနေသည့် လက်ပ်တော့ကွန်ပျူတာများနှင့် စတာလင့်ခ် (Starlink) ဂြိုဟ်တုအင်တာနက် စက်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ဒေသတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ စံချိန်တင်မြင့်မားနေသော်လည်း ဈေးကွက်အတွင်း စိတ်ကြွဆေးပြားဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေခြင်းက မြန်မာနိုင်ငံမှ ထွက်ရှိသည့် မူးယစ်ဆေးဝါးထောက်ပံ့မှု သံသရာသည် ယခင်ကထက် ပိုမိုအားကောင်းနေကြောင်း သက်သေပြနေသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ဒေသတွင်း မူးယစ်ဆေးဝါးဈေးနှုန်း အသက်သာဆုံး ဈေးကွက်ဖြစ်ပြီး စိတ်ကြွ ဆေးပြား (Crystal Meth) တစ်ဂရမ်လျှင် ၂၀၂၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၆ ဒေါ်လာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၅.၅၅ ဒေါ်လာအထိ ဈေးနှုန်းထပ်မံကျဆင်းသွားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဓာတုမူးယစ်ဆေးဝါးများသည် အိမ်နီးနားချင်း ထိုင်းနိုင်ငံ (၁၅၉ တန် ဖမ်းဆီးရမိ) သာမက၊ ဈေးကွက်ကြီးများဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများအထိပါ လေကြောင်းနှင့် ရေကြောင်းလမ်းများမှတစ်ဆင့် အကြီးအကျယ် ပျံ့နှံ့စိမ့်ဝင်လျက်ရှိကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုးကား- CNA ။

The post မြန်မာနိုင်ငံက ကမ္ဘာ့အကြီးဆုံး စိတ်ကြွဆေး-မက်သဖက်တမင်း ထုတ်လုပ်ရာနိုင်ငံ ဖြစ်လာဟု ကုလသမဂ္ဂ (UNODC) အတည်ပြုထုတ်ပြန် appeared first on Khit Thit Media.

ပြည်သူတစ်ရပ်လုံးပါဝင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်း အမှတ် နှင်းဆီလှုပ်ရှားမှုကြောင့် တော်လှန်ရေး အနိုင်ရမည်ဟု ထုတ်ပြန်ကြေညာ
ရန်ကုန်၊ ဇွန် ၂၂

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ် ရှားမှု (Rose Movement) တွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် ပြည်သူလူထုတစ်ရပ်လုံးအား ကျေးဇူးတင်ရှိပြီး ယခုကဲ့သို့ ဆက်လက်ပါဝင်နေခြင်းကြောင့် တော်လှန်ရေး အနိုင်ရမည်ဖြစ်ကြောင်း People Movement Platform – Myanmar မှ မလင်းလက်ဆူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၁၉ ရက်နေ့ မြန်မာပြည်သူတစ်ရပ်လုံး၏ အလေးအမြတ်ထားရာ လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်မြောက် မွေးနေ့ဖြစ်ပြီး အဆိုပါ အမှတ်တရနေ့တွင် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရဲရင့်ပြတ်သားစွာ တိုက်ပွဲဝင်နေကြသည့် ပြည်သူလူထုတစ်ရပ်လုံးက အင်အားကောင်းမွန်စွာ၊ စည်းလုံးညီညွတ်စွာဖြင့် နှင်းဆီလှုပ်ရှားမှုတွင် တစ်ခဲနက် သောင်းသောင်းဖြဖြ ပါဝင်ဆင်နွှဲခဲ့ကြသည်။

People Movement Platform – Myanmar မှ မလင်းလက်ဆူးက “ပြည်သူလူထုက ဖိနှိပ်မှုမျိုးစုံကြားက ငုံမခံဘဲ တုန့်ပြန်မှုကို ပြသကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လူထုရဲ့ ယုံကြည်မှု၊ အားပေးထောက်ခံနေမှုကိုလည်း ပြသတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်သေပြပေးရန်နဲ့ လွှတ် ပေးရန်အတွက် နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေဟာ အကြမ်းဖက်စစ်အုပ်စုအတွက် ဖိအားတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ တပွင့်ချင်းစီအလိုက် နှင်းဆီပန်းတွေဟာ အကြမ်းဖက်စစ်အုပ်စုအတွက် လူထုရဲ့အသံ လက်နက်တွေ ဖြစ်ကြောင်းလည်း တင်စားလိုပါတယ်။ ဒီနွေဦးတော်လှန်ရေးဟာ ပြည်သူလူထုအားနဲ့ စတင်ခဲ့တာဖြစ်ပြီး ပြည်သူတွေ ဆက်လက်ပါဝင်နေခြင်းကပဲ တော်လှန်ရေးအတွက် အနိုင်ရမှာဖြစ်ပါတယ်လို့ ကျေးဇူးတင် ဂုဏ်ယူစွာနဲ့ ပြောကြားလိုပါတယ်။”ဟု ပြောဆိုသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် လေးစားယုံကြည်မှု၊ ချစ်ခင်မြတ်နိုးမှုနှင့် ထောက် ခံအားပေးမှုများသည် မည်သည့်အခါမျှ လျော့နည်းသွားခြင်းမရှိသည်ကို ပြည်သူလူထုက ပြသခဲ့ကြကြောင်း၊ ခက်ခဲကြမ်းတမ်းသော ကာလများကို ဖြတ်သန်းခဲ့ရသော်လည်း မြန်မာပြည်သူများသည် ဖိနှိပ်အုပ်ချုပ်မှုများ၏ ရှေ့မှောက်တွင် မိမိတို့၏ ကြံ့ခိုင်မှု၊ တော်လှန်ရေးစိတ်ဓာတ်နှင့် မယိမ်းမယိုင်သော ဆုံးဖြတ်ချက်တို့ကို လက်မလျှော့ခဲ့ကြကြောင်း သိရှိရသည်။

စစ်တပ်၏ လူထုအပေါ် ရည်ရွယ်သည့် လေကြောင်းတိုက်ခိုက်မှုများ၊ မတရားဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ခြိမ်းခြောက်ဖိအားပေးမှုများနှင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရသော်လည်း ဒီမိုကရေစီနှင့် တရားမျှတမှုအတွက် ၎င်းတို့၏ ရပ်တည်ချက်ကို တည်ကြည်ခိုင်မာစွာ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း၊ ယခုနှင်းဆီလှုပ်ရှားမှုတွင် တစ်ခဲနက် ပါဝင်ဆင်နွှဲခဲ့ကြခြင်းက ထိုသန္နိဋ္ဌာန်နှင့် မြန်မာပြည်သူတို့၏ မကျိုးမပဲ့နိုင်သော အင် အားကို ထပ်မံပြသနေခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

စစ်တပ်က ငြိမ်းချမ်းစွာ ဖော်ထုတ်သည့် လူထုလှုပ်ရှားမှုအပေါ် မုံရွာ၊ ရန်ကုန်၊ မန္တလေးနှင့် ၎င်းတို့ထိန်းချုပ်ထားသော ဒေသအသီးသီးတွင် ပန်းသည်များ၊ ပန်းဝယ်ယူသူများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို အတင်းအဓမ္မ ဖမ်းဆီးခြင်း၊ နှင်းဆီပန်းနှင့် ပို့စ်တင်သူ၊ မွေးနေ့ဆုတောင်းသူများကိုလည်း မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ဖိနှိပ်ချုပ်ချယ်ခြင်းများကို လူမဆန်စွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စစ်အုပ်စု၏ ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြထားသည်။ စစ်အုပ်စုသည် ၎င်းတို့၏ စစ်အာဏာသိမ်းမှုကို တရားဝင်မှုရရှိရန် “ငြိမ်းချမ်း‌ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်” ဟူသော စကားလုံးများကို တဖွဖွ ပြောဆိုနေသော်လည်း၊ လက်တွေ့တွင်မူ ပြည်သူတို့၏ အခြေခံလွတ်လပ်ခွင့်နှင့် နိုင်ငံရေးလှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် ရက်စက်စွာ ဖိနှိပ်ရန်သာ ကြိုးပမ်းနေသည်ကို ယခုဖြစ်စဉ်များက ထပ်မံသက်သေပြနေကြောင်း People Movement Platform – Myanmar က ထောက်ပြထားသည်။

နှင်းဆီလှုပ်ရှားမှုကြီးမှတစ်ဆင့် တစ်ပြည်လုံးရှိ ပြည်သူလူထု၏ သဘောထားဆန္ဒ ၃ ရပ် ဖြစ်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ရန်၊ အဓမ္မစစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်းဖျက်သိမ်းရန်နှင့် မြန်မာပြည်၏ သမ္မတကြီးသည် ဦးဝင်းမြင့်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်ဟူသော အချက်များကို တခဲနက် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ကြောင်း အသိပေးထားသည်။

People Movement Platform – Myanmar အနေဖြင့် အရဲရင့်ဆုံးနှင့် စည်းလုံးညီညွတ်စွာ ပါဝင်ခဲ့ကြသည့် ပြည်သူတစ်ရပ်လုံးကို ငြိမ်းချမ်းသော၊ ဒီမိုကရေစီစနစ်အခြေပြုသော၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တော်လှန်ရေးခရီးလမ်း၏ ဂုဏ်ယူဖွယ် မှတ်တိုင်တစ်ရပ်အဖြစ် လေးနက်စွာ အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါကြောင်း ပြောဆိုထားသည်။

ပြည်သူများအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ပါဝင်ခဲ့ခြင်းသည် ဤသမိုင်းဝင် လှုပ်ရှားမှု၏ အောင်မြင်မှုအတွက် အရေးပါသော အစိတ်အပိုင်းများ ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် ပျက်သုဉ်းပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ ပြည်သူလူထုနှင့်အတူ လက်တွဲ၍ အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း People Movement Platform – Myanmar က ကြေညာထားသည်။

The post ပြည်သူတစ်ရပ်လုံးပါဝင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်း အမှတ် နှင်းဆီလှုပ်ရှားမှုကြောင့် တော်လှန်ရေး အနိုင်ရမည်ဟု ထုတ်ပြန်ကြေညာ appeared first on Khit Thit Media.

ရိုဟင်ဂျာဒုက္ခသည်အရေးကို အာဆီယံယန္တရားဖြင့် ဖြေရှင်းရန်၊ မြန်မာစစ်တပ်အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားခေါင်းဆောင်များ သဘောတူညီ
ရန်ကုန်၊ ဇွန် ၂၂

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းအတွက် ရေရှည်တည်တံ့ပြီး ဘက်စုံလွှမ်းခြုံသည့် ဖြေရှင်းနည်းလမ်းများ ရှာဖွေနိုင်ရေးအတွက် အာဆီယံ (ASEAN) ယန္တရားမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွားရန် သဘောတူညီကြောင်း မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ဘင်္ဂလားဒေ့ရှ်အစိုးရခေါင်းဆောင်နှင့် ပြုလုပ်သည့် ယနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားသည်။

ရိုဟင်ဂျာအရေး ကြိုးပမ်းမှုများနှင့် ပတ်သက်၍ လက်ရှိဖြစ်ပွားနေသည့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကြောင်းအရင်းများနှင့် နောက်ဆက်တွဲ ရိုက်ခတ်မှုများကို ထိရောက်စွာဖြေရှင်းနိုင်ရေး ဆောင်ရွက်ရန် မလေးရှားနှင့်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့က သဘောတူညီလိုက်ခြင်းဖြစ်သည်။

ထိုသို့ ရိုဟင်ဂျာအရေး ဖြေရှင်းရေး ဆောင်ရွက်ရာတွင် မြန်မာစစ်အာဏာပိုင်များ အပါအဝင် သက်ဆိုင်သူ (Stakeholders) အားလုံးနှင့် ထိတွေ့ဆက်ဆံမှုများကို ယခင်ကထက် ပိုမိုပြင်းထန်စွာ တိုးမြှင့်လုပ်ဆောင်သွားမည့် အစီအစဉ်များ ပါဝင်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်နဝါက ဆိုသည်။

တစ်ချိန်တည်းမှာပင် မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အကြမ်းဖက်မှုတိုက်ဖျက်ရေး အပါအဝင် နှစ်နိုင်ငံအရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ကြရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် သန်းချီ လက်ခံထားပြီး မလေးရှားနိုင်ငံကလည်း ရိုဟင်ဂျာဒုက္ခသည် သိန်းချီကို လက်ခံထားသော နိုင်ငံများဖြစ်ကြသည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာလူမျိုး ၇ သိန်း ၄ သောင်းကျော် (၇၄၀,၀၀၀ ကျော်) သည် အိမ်နီးနားချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇား (Cox’s Bazar) ဒေသရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းများတွင် ယခင်ကတည်းက ရောက်ရှိနေသူများအပါအဝင် ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၁ သန်းနီးပါး ခိုလှုံနေကြရပြီး ၎င်းတို့၏ စားဝတ်နေရေးနှင့် ရေရှည်ရပ်တည်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေလျက်ရှိသည်။

အာဆီယံ (ASEAN) အဖွဲ့ကြီးက မြန်မာ့အရေးနှင့် ရိုဟင်ဂျာဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် အဓိက ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းနေပြီး အာဆီယံအနေဖြင့် မြန်မာ့အရေးဖြေရှင်းရန် ‘ဘုံသဘောတူညီချက် ၅ ရပ်’ (Five-Point Consensus) ကို ချမှတ်ထားသော် လည်း လက်ရှိအချိန်အထိ ထိရောက်သော တိုးတက်မှုများ ရရှိရန် ရုန်းကန်နေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးလုပ်ငန်းစဉ်မှာ လုံးဝရပ်ဆိုင်းနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွင်းရှိ ဒုက္ခသည်များမှာလည်း ရိက္ခာဖြတ်တောက်ခံရမှု၊ လုံခြုံရေးမစိတ်ချရမှုနှင့် လူကုန်ကူးမှုအန္တရာယ်များအပြင် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ စက်လှေများဖြင့် အန္တရာယ်ကြားမှ ထွက်ပြေးရသည့် ဖြစ်စဉ်များနှင့် ရင်ဆိုင်နေကြရသည်။

YAB Perdana Menteri, Dato’ Seri Anwar Ibrahim semasa Sidang Media Bersama Perdana Menteri Bangladesh, Tarique Rahman di Perdana Putra, Putrajaya. 22 Jun 2026. AFIQ HAMBALI/Pejabat Perdana Menteri.

NO SALES; NO ARCHIVE; RESTRICTED TO EDITORIAL USE ONLY. NOTE TO EDITORS: This handout photos may only be used for editorial reporting purposes for the contemporaneous illustration of events, things or the people in the image or facts mentioned in the caption. Reuse of the pictures may require further permission.

The post ရိုဟင်ဂျာဒုက္ခသည်အရေးကို အာဆီယံယန္တရားဖြင့် ဖြေရှင်းရန်၊ မြန်မာစစ်တပ်အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားခေါင်းဆောင်များ သဘောတူညီ appeared first on Khit Thit Media.

ရွှေပြည်သာရှိ Myanmar Chaofa အိတ်ချုပ်စက်ရုံတွင် အလုပ်သမား ၂၀၀ ကျော် လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြနေပြီး အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင် စက်ရုံဘက်မှ ရပ်တည်ကာကွယ်နေ
ရန်ကုန်၊ ဇွန် ၂၂

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ဖွင့်လှစ်ထားသော Myanmar Chaofa Leatherware Limited (အိတ်ချုပ်) စက်ရုံမှ အလုပ်သမား ၂၀၀ ကျော်က လုပ်ခလစာတိုးမြှင့်ရရှိရေးနှင့် အခြားအခွင့်အရေးများအတွက် စက်ရုံအတွင်း ဆန္ဒပြနေကြောင်း Solidarity of Trade Union Myanmar မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ အလုပ်သမားများသည် ဇွန်လ ၁၈ ရက်နေ့ကတည်းက စတင်ကာ စက်ရုံအတွင်း၌ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ယခင်က စက်မြင့်သမား ၁၀,၇၀၀ ကျပ်၊ စက်နိမ့်သမား ၁၀,၅၀၀ ကျပ် အသီးသီးရရှိရာမှ နေ့တွက်ကြေး (ဒေးကြေး) ကို တစ်ပြေးညီ ၁၂,၀၀၀ ကျပ်အထိ တိုးမြှင့်ပေးရန်၊ ယခင် အချိန်ပို (OT) ကြေး ၂,၀၀၀ ကျပ်အစား ၃,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန်၊ ယခင် ရက်မှန်ကြေး ၃၀,၀၀၀ ကျပ်အစား ၅၀,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန် ဆန္ဒပြနေကြခြင်းဖြစကြောငး် သိရှိရသည်။

ယင်းကဲ့သို့ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်နေသည့် အလုပ်သမားများကို ဖယ်ရီကား၊ အိမ်သာနှင့် သောက်ရေ သုံးစွဲခွင့်များ ဖြတ်တောက်ခြင်း မပြုလုပ်ရန်လည်း တောင်းဆိုနေကြသည်။

Solidarity of Trade Union Myanmar မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ လက်ရှိအချိန်အထိ ညှိနှိုင်းမှုများ ပြေလည်ခြင်းမရှိသေးသဖြင့် အလုပ်သမားများက စက်ရုံအတွင်း ဆက်လက် ဆန္ဒပြတောင်းဆိုနေဆဲ ဖြစ်ကြောင်း သိရသည်။

စက်ရုံဘက်ကမူ အလုပ်သမားသမဂ္ဂများ ဝင်ရောက်ညှိနှိုင်းပေးခြင်းကို လက်မခံဘဲ၊ အလုပ်သမားညှိနှိုင်းရေးဦးစီးအရာရှိများဖြင့်သာ ၎င်းတို့ဘာသာ ဝင်ရောက်ညှိနှိုင်းမည်ဟု တုံ့ပြန်နေကြောင်း သိရှိရသည်။

“ညှိနှိုင်းမှုက မပြေလည်သေးဘူးဆိုတော့ ဒီအတိုင်းပဲ စက်ရုံထဲမှာ အလုပ်သမားတွေက တောင်းဆိုနေတုန်းပဲ ကျွန်မတို့လို့ သမဂ္ဂတွေကို ဝင်လာတာကို စက်ရုံက လက်မခံဘူး။ ဆန္ဒပြအလုပ်သမား ၂၀၀ကျော်ပါတယ်။ စက်ရုံမှာက လူ ၃၀၀လောက်ရှိတယ်။ လောလောဆယ် ၈၀လောက်က အလုပ်လုပ်နေတယ်လို့ပြောတယ်။ အလုပ်သမားတွေက သူတို့တောင်း ဆိုချက်မရမချင်းတောင်းဆိုသွားမယ် လို့ပြောပါတယ်။ တခြားချိုးဖောက်မှုတွေတော့ သက်ဆိုင်ရာရုံးတွေမှာတိုင်ထားပါတယ်။ လုပ်ခလစာ တခုပဲ ဆန္ဒပြတောင်းဆိုတာပါ “ဟု Solidarity of Trade Union Myanmar မှ တာဝန်ရှိသူက ပြောဆိုသည်။

အလုပ်သမားများ တောင်းဆိုသည့် လုပ်အားခ ၁၂,၀၀၀ ကျပ်ဆိုသည်မှာ တစ်ပြေးညီဖြစ်စေရန် ရာဂဏန်းမျှသာ ထပ်မံတိုးမြှင့်တောင်းခံခြင်း ဖြစ်ကြောင်း၊ ဆန္ဒပြအလုပ်သမားများက စက်ရုံအတွင်းသို့ ဝင်ရောက်သော်လည်း အလုပ်မလုပ်ဘဲ တောင်းဆိုနေခြင်းဖြစ်ရာ စက်ရုံဘက်က ‘No work, no pay’ (အလုပ်မလုပ်လျှင် လစာမပေး) ဟု ကြေညာနေကြောင်း သိရှိရသည်။

လတ်တလော ရွှေပြည်သာမြို့နယ် အလုပ်သမားဝန်ကြီးဌာနမှ ဦးစီးအရာရှိများသည် စက်ရုံတွင်းသို့ ဝင်ရောက်ကာ အလုပ်ရှင်အလိုကျ တစ်ဖက်သတ် ညှိနှိုင်းပေးနေပြီး၊ အလုပ်သမားအဖွဲ့အစည်းများကိုလည်း အလုပ်သမားဝန်ကြီးဌာနက အသိအမှတ်မပြုကြောင်း သိရှိရသည်။

The post ရွှေပြည်သာရှိ Myanmar Chaofa အိတ်ချုပ်စက်ရုံတွင် အလုပ်သမား ၂၀၀ ကျော် လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြနေပြီး အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင် စက်ရုံဘက်မှ ရပ်တည်ကာကွယ်နေ appeared first on Khit Thit Media.