- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

45651 POSTS
0 COMMENTS

နေပြည်တော်တွင် ငလျင်ကြောင့် စစ်တပ်အဆောက်အအုံများ ပြိုလဲပြီး စစ်သား ၁၀၀ ဝန်းကျင်သေဆုံးနိုင်ဟုဆို

ရန်ကုန်၊ မတ် ၃၁ နေပြည်တော်တွင် ငလျင်ကြောင့် စစ်တပ်အဆောက်အအုံများ ပြိုလဲပြီး စစ်သား ၁၀၀ ဝန်းကျင်သေဆုံးနိုင်ကြောင်း တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ကိုင်းငလျင်ကြောင့် နေပြည်တော်ရှိ စစ်တပ် အဆောက်အအုံများ ပြိုကျခဲ့ကြောင်း၊ တပ်နယ်တစ်ခုလုံးတွင် စစ်သား အနည်းဆုံး ၁၀၀ ဝန်းကျင်...

စစ်ကိုင်းမြို့ တွင် ငလျင်ကြောင့် သကျဓီတာသီလရှင်စာသင်တိုက်ပြိုကျခဲ့ပြီး ပဓာနနာယကဆရာတော် အပါ အဝင် ၉ ဦးသေဆုံး၊ ကျောင်းဆောင် ၂ ဆောင် လုံး၀ပြိုကျပြီး ၈ ဆောင် အက်ကွဲပျက်စီး

ရန်ကုန်၊ မတ် ၃၁ စစ်ကိုင်းမြို့ တွင် ငလျင်ကြောင့် သကျဓီတာသီလရှင်စာသင်တိုက်ပြိုကျခဲ့ပြီး ပဓာနနာယကဆရာတော် အပါ အဝင် ၉ ဦးသေဆုံးကြောင်း အဆိုပါ စာသင်တိုက်က သတင်းထုတ်ပြန်သည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သကျဓီတာသီလရှင်စာသင်တိုက်မှ ပဓာနနာယကဆရာကြီးဘုရား ၁ပါး၊ အကျိုးဆောင်နာယကစာချဆရာ ၂ ပါး...

ပေါင်းတည်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကြောင်းနှင့် တပ်စခန်းမှ ထွက်လာသော စစ်တပ်တို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃၁ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကြောင်းနှင့် အထိုင်တပ်စခန်းမှ ထွက်လာသော စစ်တပ်တို့ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း 3601 PPDF တပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ...

ပခုက္ကူ နှင့် လွိုင်ကော်-ဆီဆိုင်လမ်းတွင် စစ်တပ်နှင့်တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ လက်နက် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၃၁ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစောထီးရွာ ၄ ရွာကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း Cobra One Pakokku တပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မတ်လ ၂၈ ရက် နံနက်...

ငလျင်ဒဏ်ခံစားရသော မြို့ ရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် လူသားချင်းစာနာထောက်ထားသော အကူ အညီများကို KIO နှင့် ကချင်လူထုက ပံ့ပိုးကူညီမည်ဟု ကြေညာ

ရန်ကုန်၊ မတ် ၃၁ မြေငလျင်ဘေးဒဏ်ခံစားရသော ဒေသများမှ မြို့ ရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် လူသားချင်းစာနာထောက်ထားသော အကူအညီများကို KIO နှင့် ကချင်လူထုတစ်ရပ်လုံးက တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့- KIO က ကြေညာချက်ထုတ်ပြန်သည်။ KIO တပ်ဖွဲ့ဝင်များအနေဖြင့် မြေငလျင်ဘေးဒဏ်သင့်ဒေသများသို့ သွားရောက် အကူအညီပေးရန် အခက်အခဲရှိနေသော်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို...

နေပြည်တော် သမ္မတအိမ်တော်၊ စစ်ရုံးနှင့် ဝန်ကြီးဌာနရုံးများ ပြိုကျပျက်စီးသဖြင့် မင်းအောင်လှိုင်၊ စိုးဝင်းနှင့် ဝန်ကြီးများ ဖြစ်သလို အစည်းအဝေးလုပ်နေရပြီး စိုးဝင်းက အစိမ်းရောင်တာလပတ်ကာ အစည်းအဝေးလုပ်ရ

ရန်ကုန်၊ မတ် ၃၁ နေပြည်တော် သမ္မတအိမ်တော်၊ စစ်ရုံးနှင့် ဝန်ကြီးဌာနရုံးများ ပြိုကျပျက်စီးသဖြင့် မင်းအောင်လှိုင်၊ စိုးဝင်းနှင့် ဝန်ကြီးများ ဖြစ်သလို အစည်းအဝေးလုပ်နေရပြီး စိုးဝင်းက အစိမ်းရောင်တာလပတ်ကာ အစည်းအဝေးလုပ်နေရသည်။ မတ်လ ၂၉ ရက်နေ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို အကြမ်း ဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးရုံး...

Khit Thit သတင်းဌာန၏ မတ် ၃၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၃၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်ဆီးဆုံးရှုံ့ခဲ့ရတဲ့ အခြေအနေတွေကို နိုင်ငံတကာကနေ သတင်းလာယူခွင့်ပေးဖို့ နိုင်ငံတကာသတင်းထောက်တွေရဲ့ တောင်းဆိုမှုကို စစ်ကောင်စီက ခွင့်မပြုပဲ ငြင်းဆိုလိုက်ပြန်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီက စစ်ကိုင်းမြို့နယ်မှာ PDF တွေဝင်လာမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ငလျင် ဒဏ်ကြောင့်...

အကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေးကူညီရေးဟုဆိုကာ စက်မှုဇုန်တစ်ဇုန်လျှင် ငွေကျပ်သိန်း ၂၀၀ အဓမ္မတောင်းခံ

ရန်ကုန်၊ မတ် ၃၁ အကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေးကူညီရေးဟုဆိုကာ စက်မှုဇုန်တစ်ဇုန်လျှင် ငွေကျပ်သိန်း ၂၀၀ အဓမ္မတောင်းခံလာကြောင်း စစ်ကောင်စီက လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း စက်မှုဇုန်ထံသို့ ပေးပို့သော စာအရ သိရှိရသည်။ မတ်လ ၂၈ ရက်နေ့ ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ပျက်စီး ဆုံးရှုံးမှုများနှင့်...

Sky Villa ကွန်ဒို တောင်ဘက်ခြမ်းရှာဖွေမှု ရပ်နားသော်လည်း မြောက်ဘက်ခြမ်းတွင် ပိတ်မိနေသူများကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်

ရန်ကုန်၊ မတ် ၃၁ မန္တလေး Sky Villa ကွန်ဒို တောင်ဘက်ခြမ်း ပြိုကျမှုမှ ပိတ်မိသူများကို ရှာဖွေခြင်း ရပ်နားလိုက်သော်လည်း အဆိုပါကွန်ဒို၏ မြောက်ဘက်ခြမ်းအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်နိုင်ရေး ဆက်လက်လုပ်ဆောင်နေကြောင်း မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောကြားသည်။ Sky Villa ကွန်ဒိုတွင် အပျက်အစီးများအောက် ပိတ်မိနေသူများအားလုံး အသက်ရှင်လျက်...

ကျောက်ဖြူနှင့် ပေါင်းတည်မြို့နယ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၁ ဦးနှင့် တော်လှန်ရေးရဲဘော် ၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိ

ရန်ကုန်၊ မတ် ၃၁ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယမန်နေ့ မတ်လ ၃၀ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် အကြမ်းဖက် စစ်တပ်က ကျောက်ဖြူမြို့နယ်၊ ကုလဘာရွာကို...

Latest news

- Advertisement -spot_img