- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

45183 POSTS
0 COMMENTS

မလေးရှားသို့ ပင်လယ်ရေလမ်းမှ ဝင်သည့် တရားမဝင် မြန်မာနိုင်ငံသား ၂၅ ဦးကို ဖမ်းဆီး၊ အနှိပ်ခန်းတွင် တရားမဝင်လိင်ဖျော်ဖြေရေးလုပ်နေသည့် မြန်မာအမျိုးသမီး ၄ ဦးလည်း အဖမ်းခံရ

ရန်ကုန်၊ ဧပြီ ၁၈ မလေးရှားနိုင်ငံမြောက်ပိုင်း၊ ပီနန်းပြည်နယ် (Penang) အတွင်းသို့ ပင်လယ်ရေလမ်းမှတစ်ဆင့် တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် မြန်မာနိုင်ငံသား ၂၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မလေးရှားကမ်း ခြေစောင့်တပ်က ယမန်နေ့ ဧပြီ ၁၇ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။ ပီနန်းပြည်နယ်၊ ကမ်းခြေအနီးရှိ မြို့ငယ်လေးတစ်ခုသို့...

အကြမ်းဖက် မင်းအောင်လှိုင် အသွင်ပြောင်းပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဧပြီလ ၂၂ ရက်နေ့ နေပြည်တော်သို့ လာမည်

ရန်ကုန်၊ ဧပြီ ၁၈ အကြမ်းဖက် မင်းအောင်လှိုင်က ၎င်းစိတ်ကြိုက် ဖန်တီးထားသည့် ရွေးကောက်ပွဲအတုမှတစ်ဆင့် သမ္မတအဖြစ် ရာထူးတက်ယူကာ အရပ်သားအစိုးရအဖြစ် ဟန်ပြအသွင်ပြောင်းလိုက်ပြီးနောက်၊ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်သည် လာမည့်အပတ်တွင် နေပြည်တော်သို့ လာရောက်မည်ဟု ထိုင်းသတင်းများအရ သိရှိရသည်။ အဆိုပါ ခရီးစဉ်သည် စစ်တပ်ကျောထောက်နောက်ခံပြု အသွင်ပြောင်း မင်းအောင်လှိုင် အုပ်ချုပ်ရေးအဖွဲ့...

ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ရေနံချက်စက်ရုံ၊ LNG ဆိပ်ကမ်းနှင့်စက်ရုံ၊ ကျောက်မီးသွေးဓာတ်အားစက်ရုံ တည်ဆောက်ရေး အကြမ်းဖက်စစ်တပ်နှင့် ရုရှား Inter RAO ဆွေးနွေးဟုဆို

ရန်ကုန်၊ ဧပြီ ၁၈ တနင်္သာရီတိုင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနယ်မြေအတွင်း ရေနံချက်စက်ရုံ၊ LNG ဆိပ်ကမ်းနှင့် စက်ရုံများအပြင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေးအတွက် အကြမ်းဖက်စစ်တပ်နှင့် ရုရှားနိုင်ငံအခြေစိုက် Inter RAO ကုမ္ပဏီတို့ ဆွေးနွေးလျက်ရှိကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားသည်။ ဧပြီလ ၁၇ ရက်နေ့ အကြမ်းဖက်စစ်တပ်၏ စွမ်းအင်ဝန်ကြီး ကိုကိုလွင်က...

လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ဈေးရပ်ကွက် ရဲစခန်းအနီးရှိ နေအိမ်ကို ပျူစောထီးများက ဓားပြဝင်တိုက်ပြီး ငွေကျပ် သိန်း ၆၀၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ယူဆောင်သွား

ရန်ကုန်၊ ဧပြီ ၁၈ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ဈေးရပ်ကွက် ရဲစခန်းအနီးရှိ နေအိမ်ကို ပျူစောထီးများက ဓားပြဝင်တိုက်ပြီး ငွေကျပ် သိန်း ၆၀၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၁၅ ရက်နေ့ ညနေ ၄...

“ဓားပြတိုက်သွားတဲ့ ကောင်တွေဟာ နိုင်ငံတော်အာဏာကိုလုယူခဲ့တယ်။ ဒါနိုင်ငံတော်ပုန်ကန်မှု။ အဲဒီမှာတင်ကို ကိစ္စက ပြတ်နေပြီ ။ တော်လှန်ရေး လုပ်လာတဲ့ ရည်ရွယ်ချက်နဲ့ အကြောင်းအရင်းကို နားလည်မယ်ဆိုရင် ဘာမှ အဲဒီ စစ်အုပ်စုကိုသွားပြီးတော့ အထူးသဖြင့် စစ်ရာဇဝတ်ကောင်တွေနဲ့ ဘာမှ လက်ဆွဲ နှုတ်ဆက်စရာအကြောင်းကို မရှိဘူး။ ခေါင်း ဆောင်တွေ...

ဦးမင်းကိုနိုင် နှင့် တွေ့ဆုံမေးမြန်းခြင်း By ရန်ကုန်ခေတ်သစ် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်လည်းဖြစ်၊ နွေဦးတော်လှန်ရေးတွင် ပါဝင်ဦးဆောင်နေသူတစ်ဦးလည်းဖြစ်သူ ဦးမင်းကိုနိုင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံ ဆက်သွယ်မေးမြန်းထားပါသည်။ မေး။ ။ အကို မင်္ဂလာနှစ်သစ်လိုတော့ မနှုတ်ဆက်ချင်ပါဘူး။ ဒါပေမယ့် အကြမ်းဖက် မင်းအောင်လှိုင်ကတော့ သူလုယူလိုက်တဲ့ သမ္မတရာထူး ရသွားပြီးတဲ့နောက်ပိုင်းမှာ...

ကြို့ပင်ကောက်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ ၃ ခုမှ နေအိမ် ၂၈၀ ကျော်ပျက်စီးပြီး ပြည်သူများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဧပြီ ၁၈ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ ၃ ခုမှ နေအိမ် ၂၈၀ ကျော်ပျက်စီးပြီး ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ကြို့ပင်ကောက်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်ခဲ့ပြီး ချောင်းဝရွာ၊ မြို့ကိုင်ရွာနှင့်...

၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် ၉၀၀ နီးပါးခန့် ပင်လယ်ပြင်တွင် ပျောက်ဆုံး (သို့မ ဟုတ်) သေဆုံးမှုအများဆုံး စံချိန်တင်ဟု ကုလသမဂ္ဂက ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၁၈ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် ၉၀၀ နီးပါးခန့် ပင်လယ်ပြင်တွင် ပျောက်ဆုံး (သို့မ ဟုတ်) သေဆုံးမှုအများဆုံး စံချိန်တင်သွားကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်အတွင်း ကပ္ပလီပင်လယ် (Andaman Sea) နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရိုဟင်ဂျာဒုက္ခသည် ၉၀၀...

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် လွတ်မြောက်လာသည်မှလွဲ၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ပြောင်းခြင်းနှင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ လွတ်မြောက်လာခြင်းများ မရှိဟုဆို

ရန်ကုန်၊ ဧပြီ ၁၈ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် လွတ်မြောက်လာသည်မှလွဲ၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ပြောင်းခြင်းနှင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ လွတ်မြောက်လာခြင်းများ မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် လွတ်ငြိမ်း...

မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် မီးလောင်ဗုံးများ အသုံးပြု တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပြာကျ

ရန်ကုန်၊ ဧပြီ ၁၈ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် မီးလောင်ဗုံးများ အသုံးပြု တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ သင်္ကြန်ကာလ ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ...

အကြမ်းဖက် မင်းအောင်လှိုင်ကို သမ္မတအဖြစ် TNLA က ကြိုဆိုသည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် တအောင်းပြည်ကျန်းမာရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ဆေးတက္ကသိုလ် (မန္တလေး) ကြားကာလကောင်စီ အပြီးတိုင်ရပ်ဆိုင်း

ရန်ကုန်၊ ဧပြီ ၁၈ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် PSLF/TNLA ဘက်က ကြိုဆိုထောက်ခံခဲ့သည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ၎င်းတို့လက်အောက်ရှိ တအောင်းပြည် ကျန်းမာရေးကောင်စီ (THC) နှင့် ပူးပေါင်းဆောင်ရွက်မှု အားလုံးကို အပြီးတိုင် ရပ်ဆိုင်းလိုက်ကြောင်း ဆေးတက္ကသိုလ် (မန္တလေး) ကြားကာလ တက္ကသိုလ်ကောင်စီ (UMMIUC)...

Latest news

- Advertisement -spot_img