- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

45158 POSTS
0 COMMENTS

မြန်မာအမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနပိုင် သစ္စာအားမာန် အမျိုးသမီးအသင်းမှ ကစားသမားများကို ထမင်းပင် မကျွေးဘဲ ပြိုင်ပွဲဝင် ခိုင်းနေ

ရန်ကုန်၊ ဇွန် ၁၈ မြန်မာအမျိုးသမီးလိဂ်တွင် ပြိုင်ပွဲဝင်နေသော စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနပိုင် "သစ္စာအားမာန်" အမျိုးသမီးဘောလုံးအသင်းတွင် ကစားသမားများကို မည်သည့်ထောက်ပံ့မှုမျှ မလုပ်ပေးသည့်အပြင် ထမင်းပင်နပ်မှန်အောင်မကျွေးဘဲ ဝင်ရောက်ယှဉ်ပြိုင်ခိုင်းနေကြောင်း အသင်း၏နောက်ခံလူ ဒီဇင်ဘာနှင်းက ရုပ်သံအင်တာဗျူးတွင် ဖွင့်ချပြောဆိုလိုက်သည်။ ဇွန်လ ၁၇ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် (၁) ၏...

အမျိုးသားစာပေဆုရှင် စာရေးဆရာ တင်ညွန့်နှင့်သား ငယ်တို့ကို အင်းစိန်ထောင်အထူး တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်

ရန်ကုန်၊ ဇွန် ၁၈ မြန်မာစာပေလောက၏ အမျိုးသားစာပေဆုရှင် စာရေးဆရာ တင်ညွန့်နှင့် သား ၁ ဦးကို အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇွန်လ ၁၈ ရက်နေ့ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း...

ထိုင်းနိုင်ငံတွင် မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များအတွက် အထောက်အထားသက်သေခံကတ်ပြားများ စတင်ထုတ်ပေး

ရန်ကုန်၊ ဇွန် ၁၈ ထိုင်းနိုင်ငံအစိုးရသည် မြန်မာနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခများကြောင့် ထွက် ပြေးလာပြီး နယ်စပ်ဒေသရှိ ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်လျက်ရှိသည့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အထောက်အထားသက်သေခံကတ်ပြားများ စတင်ထုတ်ပေးသည့် အစီအစဉ်ကို ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့တွင် တရားဝင် စတင်လိုက်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ် စတင်သည့် အခမ်းအနားကို...

တောင်သာတွင် စစ်တပ်က ပြည်သူ ၉ ဦးထက်မနည်းကို သတ်ဖြတ်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီး၊ ပွင့်ဖြူရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ရန်ကုန်၊ ဇွန် ၁၈ မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုက ပြည်သူ ၉ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၄ ရွာထက်မနည်းကို မီးရှို့ဖျက်ဆီးထားသည့်အပြင် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ မေလ...

မြန်မာနိုင်ငံတွင် မူးယစ်ဆေးထုတ်လုပ်သည့်နေရာ ၁၃ ခု ဖျက်ဆီးနိုင်ခဲ့ဟု တရုတ်မူးယစ်ဆေးဝါးကော်မရှင်ပြော

ရန်ကုန်၊ဇွန် ၁၈ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးထုတ်လုပ်သည့်နေရာ ၁၃ ခုကို မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က တရုတ်နိုင်ငံမှ ပေးပို့သည့် သတင်းအချက်အလက်များအပေါ် အခြေခံ၍ ဖျက်ဆီးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအမျိုးသားကော်မရှင် (China National Narcotics Control Commission) က ဇွန်လ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်...

လွိုင်ကော်ထောင်တွင် အကျဉ်းဦးစီး ဝန်ထမ်း သက်ခိုင်နှင့်ဟန်ထွန်းတို့က နိုင်ငံရေးအကျဉ်း သားများအပေါ် ငွေကြေးကောက်ခံပြီး အဓမ္မလုပ်အားပေး ဖိနှိပ်အနိုင်ကျင့်နေ

ရန်ကုန်၊ ဇွန် ၁၈ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ လွိုင်ကော်အကျဉ်းထောင်တွင် အကျဉ်းထောင်တာဝန်ရှိသူအချို့က နိုင်ငံရေးအကျဉ်းသားများအပေါ် ငွေကြေးအဓမ္မကောက်ခံခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အဓမ္မလုပ်အားခိုင်းစေခြင်းနှင့် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောကြားသည်။ PPNM ၏ အဆိုအရ လွိုင်ကော်အကျဉ်းထောင်မှ လက်ထောက်ကြီးကြပ်ရေးမှူး သက်ခိုင်သည် ထောင်သို့...

မြိုင်မြို့နယ်၊ မြဇီးတောရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ဘုန်းကြီးကျောင်းဆောင်နှင့် နေအိမ် ၂၀ ကျော် အပါအဝင် ပြည်သူပိုင် ပစ္စည်းများ မီးလောင်ပြာကျ

ရန်ကုန်၊ ဇွန် ၁၈ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြဇီးတောရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ဘုန်းကြီးကျောင်းဆောင်နှင့် နေအိမ် ၂၀ ကျော် အပါအဝင် ပြည်သူပိုင် ပစ္စည်းများ မီးလောင်ပြာကျခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ...

မြန်မာနိုင်ငံမှ အထိန်းအကွပ်မရှိ စည်းကမ်းမဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ထိုင်းနိုင်ငံအတွင်း မြစ်ရေညစ်ညမ်းမှုများ ထိန်းချုပ်ရန် ခက်ခဲနိုင်ဟု အမေရိကန်ပညာရှင် သတိပေး

ရန်ကုန်၊ ဇွန် ၁၇ မြန်မာနိုင်ငံအတွင်းရှိ စည်းကမ်းမဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ထွက်ရှိလာသော အဆိပ်သင့်ဓာတ်ပစ္စည်းများကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ကော့ခ်မြစ်နှင့် စိုင်မြစ်တို့တွင် ဖြစ်ပေါ်နေသည့် နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုကို အရင်းအမြစ်နေရာတွင် မထိန်းချုပ်နိုင်ပါက ဖြေရှင်းရန် ခက်ခဲလာနိုင်ကြောင်း အမေရိကန်ပညာရှင်တစ်ဦးက သတိပေးပြောကြားလိုက်သည်။ အမေရိကန်မှ သဘာ၀ပတ်ဝန်းကျင်များ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကျွမ်းကျင်သူဖြစ်သည့် Texas Tech...

မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်ဟောင်း ကိုအောင်ချစ်မင်းကို စစ်မှု ထမ်းခိုင်းရန် စစ်တပ်က ဖမ်းဆီး မန္တလေးတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ နေ့ရောညပါ အကြီးအကျယ်ဖြစ်နေ

ရန်ကုန်၊ ဇွန် ၁၈ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ ကျော်အရွယ် အရန်မီးသတ်တပ်ဖွဲ့ဝင်ဟောင်း ကိုအောင်ချစ်မင်းကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရာအိမ်မှူးများ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက်ကာ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကိုအောင်ချစ်မင်း၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၆...

ဆိပ်ဖြူမြို့နယ်အတွင်း တပ်တွင်း ဖရဲသီး၏ ကြိုတင်သတင်းပေးမှုဖြင့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်ကြီး ဖြိုးသူအောင်၊အခြားစစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၁၀ ဦးသေဆုံး ၊ သတင်းပေးသော တပ်တွင်းဖရဲသီးကို ဆုချီးမြင့်မည်

ရန်ကုန်၊ ဇွန် ၁၈ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း တပ်တွင်း ဖရဲသီး၏ သတင်းပေးမှုဖြင့် စစ်တပ်စစ် ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု ဗိုလ်ကြီး ဖြိုးသူအောင်၊အခြားစစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း...

Latest news

- Advertisement -spot_img