24 C
Yangon
spot_img

CATEGORY

Editor Choice

ကန့်ဘလူတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော လူငယ် ၁၀ ဦးက ပျူစောထီး ယာဉ်မောင်းကို တိုက်ခိုက်သတ်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်

ရန်ကုန်၊ နိုဝင်ဘာ ၃ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးလာသော လူငယ် ၁၀ ဦးကို အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းသို့ ကားဖြင့် ပို့ဆောင်စဉ် အဆိုပါ လူငယ် ၁၀ ဦးက ပျူစောထီး ယာဉ်မောင်းကို ဝိုင်းဝန်းတိုက်ခိုက်သတ်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း...

အကြမ်းဖက် စစ်တပ်နှင့် TNLA အပစ်ရပ်လိုက်မှု အားပြန်စုရန် နားခြင်းဖြစ်ပြီး တော်လှန်ရေးမှာ အမြင့်ပျံတက်ရန်နှင့် လိုချင်တာ လက်ရခူးဆွတ်ရန် ဟု ဗိုလ်ချုပ် တာဘုန်းကျော် ရှင်းလင်းပြောဆို

ရန်ကုန်၊ နိုဝင်ဘာ ၃ အကြမ်းဖက် စစ်တပ်နှင့် တအာင်း TNLA အပစ်ရပ်လိုက်မှု အားပြန်စုရန် နားခြင်းဖြစ်ပြီး တော်လှန်ရေးမှာ အမြင့်ပျံတက်ရန်နှင့် လိုချင်တာ လက်ရခူးဆွတ်ရန် ဖြစ်ကြောင်း TNLA မှ ဗိုလ်ချုပ် တာဘုန်းကျော်က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် သဘောထားထုတ်ပြန်ခဲ့သည်။ ယမန်နေ့ ည ၉ နာရီ...

သက်သက်ခိုင် မိသားစုပိုင် ဒေါ်လာ ၁၈၅ သန်းတန် 68 Resident အိမ်ရာစီမံကိန်း NLD အစိုးရကြောင့် စီးပွားပျက်အထိနာခဲ့ဟုဆို

KBZ ဘဏ်တွင် အကြွေးရှိသော်လည်း ပြန်ဆပ်နေ၍ အမတ်လောင်းအ ဖြစ် ပြိုင်ခွင့်ပေးရန် မင်းအောင်လှိုင်ထံ အသနားခံစာတင်ထားဟု သက်သက်ခိုင်ပြော ရန်ကုန်၊ နိုဝင်ဘာ ၂ ရန်ကုန်မြို့တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင် မိသားစုပိုင် အမေရိကန်ဒေါ်လာ ၁၈၅ သန်းတန် 68 Resident အိမ်ရာစီမံကိန်းမှာ NLD အစိုးရကြောင့်...

မြန်မာစစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲသို့ အာဆီယံအနေဖြင့် လေ့လာစောင့်ကြည့်သူ စေလွှတ်မည်မဟုတ်ဟု အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်သမ္မတ အတည်ပြု

အာဆီယံဥက္ကဋ္ဌ သစ် ဖိလစ်ပိုင်က မြန်မာအတိုက်အခံများအပါအဝင် အားလုံးနှင့် ထိတွေ့ဆက်ဆံမည် ရန်ကုန်၊ နိုဝင်ဘာ ၁ မြန်မာစစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲသို့ အာဆီယံ လေ့လာစောင့်ကြည့်သူ စေလွှတ်မည်မဟုတ်ဟု အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် အာရ် မားကို့စ် ဂျူနီယာက အတည်ပြုပြောဆိုသည်။ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်အပြီး...

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေကြည်တော်ကုန်းရပ်ကွက်အတွင်းရှိ နေအိမ်များနှင့်ဘုန်းကြီးကျောင်းများကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့်စည်ပင်က အင်အားသုံး ဖျက်ဆီး၊ လူဦးရေ ရာချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၃၀ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေကြည်တော်ကုန်းရပ်ကွက်၊ အကွက်အမှတ် ၅၁၆ - က ၊ ဦးပိုင် အကွက်အမှတ် ၁၅၆ -က ၊ ၁၅၆ - ခ အတွင်းရှိ ပြည်သူ့နေအိမ်များနှင့်ဘုန်းကြီးကျောင်းကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့်စည်ပင် အတင်းအကျပ် ဖျက်ဆီးသွားကြောင်း...

စစ်တပ်၏ ဝါဒဖြန့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” အလိမ်အညာ ဇာတ်လမ်းအပေါ် ဝေဖန်သည့်ပို့စ်ကို Love React ပေးခဲ့သည့် ဒါရိုက်တာ အောင်ချမ်းလူကို စစ်တပ်က ထပ်မံဖမ်းဆီးသဖြင့် ဖမ်းဆီးခံရသော အနုပညာရှင် ၄ ဦးအထိရှိလာ

ရန်ကုန်၊ အောက်တိုဘာ ၃၀ အကြမ်းဖက် စစ်တပ်၏ ဝါဒဖြန့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" အလိမ်အညာ ဇာတ်လမ်းအပေါ် ဝေဖန်သည့်ပို့စ်ကို Love React ပေးခဲ့သည့် ဒါရိုက်တာ အောင်ချမ်းလူကို စစ် တပ်က ဖမ်းဆီးလိုက်သဖြင့် ဖမ်းဆီးခံရသော အနုပညာရှင် ၄ ဦးအထိရှိလာကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က...

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ရည်ညွှန်း၍ ထောင်ကျနေသော ရာဇဝတ်သားများနှင့် အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်မပေးနိုင်၊ အာဆီယံအစည်းအဝေးသို့ မင်းအောင်လှိုင်ကို တက်ခွင့် ဆက်ပိတ်ပင်မှုအပေါ် ဇော်မင်းထွန်း ဒေါသတကြီးတုံ့ပြန်

ရန်ကုန်၊ အောက်တိုဘာ ၃၀ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နှင့် လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ရည် ညွှန်း၍ ထောင်ကျနေသော ရာဇဝတ်သားများနှင့် အာဆီယံအထူးကိုယ်စား လှယ်ကို တွေ့ဆုံခွင့်မပေးနိုင်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ယမန်နေ့ ပြောဆိုလိုက်သည်။ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာရန်ပျက်ကွက်မှုဖြင့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်အပါအဝင် နိုင်ငံရေးရာထူး...

တရုတ်၏ ကြားဝင် ညှိနှိုင်းမှုဖြင့် မိုးကုတ်နှင့်မိုးမတ်မြို့များမှ TNLA တပ်များ ဆုတ်ခွာရန် သဘောတူညီပြီး စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုး

ရန်ကုန်၊ အောက်တိုဘာ ၂၉ TNLA က သိမ်းပိုက်ထားသော မိုးကုတ်နှင့်မိုးမတ်မြို့များမှ ဆုတ်ခွာရန် သဘောတူညီလိုက်ပြီး စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးလိုက်ကြောင်း ယနေ့ TNLA က သတင်းထုတ်ပြန်သည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် NSPNC...

တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ စတင်မှုနှင့်အတူ စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ကြံ့ဖွတ်ပါတီကို မဲပေးကြရန် ပြည်သူများကို စတင်ခြိမ်းခြောက် ဖိအားပေး

ရန်ကုန်၊ အောက်တိုဘာ ၂၉ မြန်မာတစ်နိုင်ငံလုံးတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ စတင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးမှုများ စတင်လိုက်မှုနှင့်အတူ စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ကြံ့ဖွတ်ပါတီကို မဲပေးကြရန် ပြည်သူများကို စတင်ခြိမ်းခြောက် ဖိအားပေးနေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာ ၂၆ ရက်နေ့...

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် ပျက်ကွက်နေမှုကြောင့် မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီးနှင့်ဆက်စပ် အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်

ရွေးကောက်ပွဲ မကျင်းပမီ အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် အားလုံးပါဝင်သော တွေ့ဆုံညှိနှိုင်းရေး လုပ်ဆောင်ရမည်ဟု အာဆီယံက အသိပေး ရန်ကုန်၊ အောက်တိုဘာ ၂၇ မြန်မာအကြမ်းဖက်စစ်တပ်အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေသည့်အတွက် မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်လိုက်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဆုံးဖြတ်ကြေညာချက်...

Latest news

- Advertisement -spot_img