25.4 C
Yangon
spot_img

CATEGORY

Editor Choice

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU က ယနေ့နံနက်ပိုင်း ထပ်မံ ထိုးစစ်ဆင်၊ ဘလက်ဒို စစ်စခန်း သိမ်းပိုက်ပြီးနောက် ၂ ရက်အကြာ စစ်တပ်စခန်းများအားလုံးကို တောက်လျှောက် မရပ်မနား ထိုးစစ်ဆင်နေ

ရန်ကုန်၊ မေ ၂၅ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU က ယနေ့နံနက်ပိုင်း ထပ်မံ ထိုးစစ်ဆင်နေပြီး တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်သံများကြားနေရကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ မေလ ၂၅ ရက်နေ့...

ထိုင်း-မြန်မာနယ်စပ်၊ KNU က သိမ်းပိုက်လိုက်သော ဘလက်ဒိုစစ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၃ ဦးကို ထိုင်းစစ်တပ်က လက်မခံဘဲ မြန်မာဘက်သို့ ပြန်ရန် နှင်ထုတ်နေ

ဘလက်ဒိုစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၃၀ ကျော် လက်နက်ချပြီး စစ် သား အလောင်း ၁၀ ခု သိမ်းဆည်းရရှိ ရန်ကုန်၊ မေ ၂၄ ထိုင်း-မြန်မာနယ်စပ်၊ KNU က သိမ်းပိုက်လိုက်သော စစ်တပ် ဘလက်ဒိုစစ်စခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၃ ဦးကို ထိုင်းစစ်တပ်က...

မင်းကင်းမြို့နယ်ရှိ ကျေးရွာ ၂ ခုအတွင်းသို့ တိုက်ပွဲ မဖြစ်ဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် အထိ ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရ

ရန်ကုန်၊ မေ ၂၄ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သာစည်ရွာနှင့် မင်းစုရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက် ခိုက်ခြင်းကြောင့် အသက် ၅ နှစ်မှ အသက် ၁၁ နှစ်အရွယ်အထိ ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀ ဦး သေ...

ပုသိမ်ကြီးမြို့နယ်တွင် ဟစ်ဟော့နှင့်Rap ဂီတသမား Izzel (ခ) ကိုထက်ဝေယံကို စစ်တပ်က ညသန်းခေါင်ယံအချိန် ဝင်ရောက် ဖမ်းဆီးပြီး အကြောင်းမဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်

ရန်ကုန်၊ မေ ၂၃ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် အသက် ၂၄ နှစ်အရွယ် ဟစ်ဟော့နှင့်Rap ဂီတသမား Izzel (ခ) ကိုထက်ဝေယံကို စစ်တပ်က ညသန်းခေါင်ယံအချိန် ဝင်ရောက် ဖမ်းဆီးသွားပြီး အလောင်းပြန်လာယူရန် မိသားစုကို အသိ ပေးလာကြောင်း သေဆုံးသူ ကိုထက်ဝေယံ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရေး လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းကို တာဝန်ပေး ၊ ရန်ကုန်တွင် စိုးဝင်း ရောက်ရှိချိန် အငြိမ်းစားဗိုလ်မှူးချုပ် ချိုထွန်းအောင် ပစ်သတ်ခံရမှု လုံခြုံရေး ပေါ့လျော့မှုဖြင့် တပ်နယ်မှူးများ သတိပေးခံရ

ရန်ကုန်၊ မေ ၂၃ မြန်မာနိုင်ငံတစ်ဝန်း ရွေးကောက်ပွဲကျင်းပရန်၊ လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန် အတွက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက တာဝန်ယူလိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကောင်စီက ယခုနှစ်ကုန်၊ လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပရန် ရည်ရွယ်ထားပြီး ယင်းသို့ ကျင်း ပ နိုင်ရေးအတွက် ဆုံးရှုံးနယ်မြေများအနက်မှ မြို့နယ်တချို့ကို...

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် စာသင်ကြားနေပြီး မင်းအောင်လှိုင် ပေးအပ်သည့် ၀ဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ပစ်ခတ် ရှင်းလင်း

ရန်ကုန်၊ မေ ၂၂ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် စာသင်ကြားနေပြီး မင်းအောင်လှိုင်က ပေး အပ်သည့် ၀ဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ယနေ့ ပစ်ခတ် ရှင်းလင်းလိုက်ကြောင်း Golden Valley Warriorsမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နံနက် ၉ နာရီ ၂၀...

မြန်မာနိုင်ငံကို တည်ကြက်ထား၍ ဒေသတွင်း ထိန်းချုပ်လိုသော နိုင်ငံများကို ထိန်းချုပ်ရန် ကြံစည်မှု နှင့် NLD ၏ အာဏာရှင်ဆန်မှုကြောင့် တိုင်းပြည်ပြိုကွဲမည့်အဖြစ် ထပ်မံမဖြစ်ရန် လိုအပ်ဟု မင်းအောင်လှိုင် ပြောပြန်

ရန်ကုန်၊ မေ ၂၂ မြန်မာနိုင်ငံကို တည်ကြက်ထား၍ ဒေသတွင်း ထိန်းချုပ်လိုသော နိုင်ငံများကို ထိန်းချုပ်ရန် ကြံစည်မှုများနှင့် NLD အစိုးရလက် ထက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရေစီအမည်ခံ ဥပဒေမဲ့ လုပ်ဆောင်မှု၊ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုကြောင့် တိုင်းပြည် ညီညွတ်မှုနှင့် ဟန်ချက်ညီမှု ပြိုကွဲမည့် အဖြစ်များ...

ဗန်းမော်တွင် စစ်ရဟတ်ယာဉ် ပစ်ချခံရမှုကြောင့် ရဟတ်ယာဉ်ပေါ်ပါ စစ်ဗျူ ဟာမှူးနှင့်အဖွဲ့ဝင်များအားလုံး သေဆုံးမှုကို စစ်ကောင်စီက သတင်းဖုံးကွယ်ထားပြီး စက်ချို့ယွင်း၍ ပျက်ကျဟုသာ တပ်တွင်း ရှင်းလင်းအသိပေး

ရဟတ်ယာဉ်မှူး ဗိုလ်ကြီးမျိုးထက်အောင်၊ ဗိုလ်ကြီး ကျော်မြင့်ထူးနှင့် ဗိုလ်ကြီးချမ်းသာတို့ သေဆုံးမှု အတည်ပြု ရန်ကုန်၊ မေ ၂၂ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း စစ်ရဟတ်ယာဉ် ပစ်ချခံရမှုတွင် ရဟတ်ယာဉ်မှူးများနှင့်လေတပ်အဖွဲ့ဝင်များ အပါအဝင် ရဟတ်ယာဉ်ပေါ်လိုက်ပါသည့် စစ်ဗျူဟာမှူးနှင့်အဖွဲ့ဝင်များအားလုံးသေဆုံးမှုကို စစ်ကောင်စီက သတင်းဖုံးကွယ်ထားသည့်အပြင် ရဟတ်ယာဉ်မှာလည်း ပစ်ချခံရခြင်းမဟုတ်ဘဲ စက်ချို့ယွင်း၍သာ ပျက်ကျခြင်း ဖြစ်သည်ဟု...

ဗန်းမော်တွင် KIA က ပစ်ချ၍ စစ်ရဟတ်ယာဉ် ၁ စီး ထိမှန်ပျက်ကျသွားသည်ကို စက်ချို့ယွင်း၍ ပျက်ကျသည်ဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်

ရန်ကုန်၊ မေ ၂၀ အကြမ်းဖက် စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ် ၁ စီး ဗန်းမော်မြို့တွင် ပျက်ကျသွားကြောင်း စစ်ကောင်စီက ယနေ့ညပိုင်း ဝန်ခံသော်လည်း KIA က ပစ်ချသည်ကို စက်ချို့ယွင်း၍ ပျက်ကျသည်ဟု လိမ်လည်သတင်းထုတ်ပြန်သည်။ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ယနေ့ နေ့လယ်ပိုင်း ဗန်းမော်မြို့တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေသည့်...

KIA က ပစ်ချလိုက်သည့် ရဟတ်ယာဉ် ၁ စီးကို ရွှေကူမြို့နယ်၊ စည်ငန်းရွာ အနောက်ဘက်ရှိ တောထဲတွင် တွေ့ရှိခဲ့ပြီး လေယာဉ်မှူး မိုးထက်အောင်၏ ရုပ်အ‌လောင်းကို ရှာတွေ့

ရန်ကုန်၊ မေ ၂၀ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာသော ရဟတ်ယာဉ် ၃ စီးကို KIA ပူးပေါင်းအဖွဲ့က ယနေ့ ပစ်ခတ်ခဲ့ရာ ၂ စီး ထိမှန်ပျက်ကျသွားခဲ့ပြီး ပျက်ကျသွားသည့် ၁ စီးကို ရွှေကူမြို့နယ် စည်ငန်းရွာ အနောက်ဘက်ရှိ တောထဲတွင် တွေ့ရှိခဲ့ပြီး လေယာဉ်မှူး...

Latest news

- Advertisement -spot_img