26 C
Yangon
spot_img

CATEGORY

Editor Choice

မင်းအောင်လှိုင် ဦးဆောင်သည့် မုဒိမ်းတပ်မတော်၏ အဓမ္မပြုကျင့် သတ်ဖြတ်မှုများနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ

By ရန်ကုန်ခေတ်သစ် အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်က စစ်တပ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများ၊ တော် လှန်ရေး လူငယ်များ၊ NLD ပါတီဝင်များ ၊ သတင်းသမားများ၊ ပရဟိတသမားများကို စစ်ကြောရေးများနှင့် ဖမ်းဆီးရမိသည့် အချိန်များတွင် မုဒိမ်းကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကား သတ်ဖြတ်မှုများကို လက်နက်အဖြစ် တရားဝင် အသုံးပြု...

ဒီပဲယင်း၊ လက်ယက်ကုန်းရွာ မူလတန်းကျောင်းကို စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှု မူလတန်းကျောင်းသား ၆ ဦး သေဆုံးပြီး ကလေးငယ် ၂၀ ကျော် ဒဏ်ရာရ ၊ ဆရာမ ၂ ဦးနှင့် ဒဏ်ရာရ မူလတန်းကလေး ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီးသွား

ရန်ကုန်၊ စက်တင်ဘာ ၁၇ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ မူလတန်းကျောင်းကို စစ်ရဟတ်ယာဉ် ၅ စီးဖြင့် ယမန်နေ့ ပစ်ခတ်တိုက် ခိုက်ခဲ့ရာ မူလတန်းကျောင်းသား ၆ ဦး သေဆုံးပြီး ကလေးငယ် ၂၀ ကျော် ဒဏ် ရာ အပြင်းအထန်ရရှိကြောင်း၊ဒဏ်ရာရ ကလေးငယ် ၂၀...

မင်းအောင်လှိုင် စစ်အာဏာသိမ်းနိုင်ရေး မဲစာရင်းမှားယွင်းသည်ဟု အဓိက လိမ်လည် တွန်းအားပေးဆောင်ရွက်ခဲ့သူ ဗိုလ်မှူးချုပ် မြတ်မင်းဦး

By ရန်ကုန်ခေတ်သစ် အသက် ၆၅ နှစ်ပြည့်ချိန် စစ်တပ် ဦးစီးချုပ်ရာထူးမှ ပင်စင်ယူခါနီးတွင် သွေးလေခြောက်ခြားပြီး အာဏာရာထူး ငမ်းငမ်းတက် ဖြစ်နေသည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်အာဏာသိမ်းနိုင်ရေး အဓိက စတင်တွန်းအားပေးခဲ့သူတစ်ဦးမှာ ဗိုလ်မှူးချုပ် မြတ်မင်းဦးပင်ဖြစ်သည်။ နေပြည်တော် စစ်ရုံးချုပ် တပ်မတော်(ကြည်း၊ရေ၊လေ)ကွန်ပျူတာဌာနမှူးရုံး (ကကကွန်)မှ ဌာနမှူး ဗိုလ်မှူးချုပ်မြတ်မင်းဦးသည် စစ်ကောင်စီမှ...

မိုးဗြဲတွင် စစ်ရှောင်ပြည်သူများ ရှိနေသည့် မွေတော်ဘုရားအတွင်းသို့ စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပြီး ၄ ဦးသေဆုံး၊ ၁၃ ဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့၊ ပွဲကုန်း ၂ ရပ်ကွက်၊ ဘီလူးချောင်းနံဘေးရှိ မွေတော်ဘုရားအတွင်းသို့ စက်တင်ဘာလ ၁၆ ရက် ယနေ့နံနက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး စစ်ရှောင်ပြည်သူ ၄ ဦး သေဆုံးကာ ၁၃ ဦးထက်မနည်း ဒဏ်ရာရကြောင်း...

နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် သေဆုံးသွားကြသော စစ်သားများ အလောင်းပြန် မရဘဲ ရက်လည် တိုးတိုးတိတ်တိတ် လုပ်ခိုင်း၊ နာရေး ကြော် ငြာခွင့်မရှိ၊ ကုလားဖျင်းထိုးခွင့်မရှိဘဲ တပ်ထဲတွင် စုပေါင်း၍ ရက်လည် ဆွမ်းသွပ်ခိုင်း

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရခိုင်ပြည်နယ်တွင် AA နှင့် ဖြစ်ပွားသော တိုက်ပွဲများ အပါအဝင် နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် သေဆုံးသွားကြသော အရာရှိနှင့် စစ်သားများ၏ အလောင်းပြန်မရဘဲ နာရေးရက်လည် တိုးတိုးတိတ်တိတ်လုပ်နေရကြောင်း ဒေသခံများ၊ တပ်တွင်းသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ "တပ်ပြင်မှာနေတဲ့ မိသားစုတွေကတော့ နာရေး ရက်လည်ဆွမ်းသွပ်ကို သူတို့ မိဘဆွေမျိုးအိမ်တွေမှာ...

တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အားလုံး အင်အားပြည့် အသုံးချနိုင်ရန် စစ်ကောင်စီက ပြင်ဆင်ခိုင်း၊ စစ်သား သေဆုံးမှု များပြားနေ၍ အုပ်စုဖွဲ့ ချီတက် စစ်ကြောင်းထိုးမှုအစား လေကြောင်း ပစ်ကူ အဓိက နှင့် ပျောက်ကြား တိုက် ခိုက်ရေး စစ်ဗျူဟာ ပူးတွဲအသုံးပြုမည်

ရန်ကုန်၊ စက်တင်ဘာ ၁၅ အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များအားလုံးကို အင်အားပြည့် အသုံးချ နိုင်ရေး ပြင်ဆင်ထားကြရန် လေတပ်အတွင်း ညွှန်ကြားထားကြောင်း လေတပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။ စက်တင်ဘာလ ဒုတိယအပတ်အတွင်း တိုက်လေယာဉ်များ အုပ်စုဖွဲ့ ပျံသန်း လေ့ကျင့်ခြင်း၊ ရဟတ်ယာဉ်များဖြင့် အုပ်စု ဖွဲ့ လေ့ကျင့် ပျံသန်းခြင်း...

ထားဝယ်-ထီးခီးလမ်း တိုက်ပွဲတွင် ဗိုလ်မှူးနိုင်ဝင်းအောင် အပါအဝင် ခလရ ၂၆၅ တပ်မှ စစ်သား ၇ ဦး သေဆုံးခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၃ တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီး ကားလမ်းတစ်နေရာတွင် စက်တင်ဘာလ ၆ ရက်နေ့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခလရ ၂၆၅ တပ်ကို PDF နှင့် ကော်သူလေးတပ်မတော်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး နိုင်ဝင်းအောင် အပါအဝင် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း...

မန္တလေးတွင် စစ်တပ် ဖမ်းဆီးထားသော နန်းတွင်းစစ်ကြောရေးမှ လူငယ် ၄ ဦးကို သွေးသောက်အဖွဲ့က ခေါ်ဆောင်သတ်ဖြတ် အလောင်းစွန့်ပစ်၊ မုံရွာတွင် Mytel ရုံး ဗုံးကွဲပြီးနောက် စစ်တပ်က ရမ်းသမ်းပစ်၍ အမျိုးသမီး ၁ ဦး ကျည်ထိသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၂ မန္တလေးမြို့တွင် စစ်တပ်လက်အောက်ခံ သွေးသောက်အဖွဲ့က နန်းတွင်းစစ် ကြောရေးတွင် စစ်တပ်၏ ဖမ်းဆီးမှုခံထားရသော လူငယ် ၄ ဦးကို ခေါ်ဆောင် လည်ပင်းလှီးသတ်ဖြတ် အလောင်းစွန့်ပစ်ကာ သွေးသောက်တံဆိပ် လည်ဆွဲများ အလောင်းများတွင် ဆွဲထားခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်နှင့်ဒေသခံများထံမှ သိရှိရသည်။ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင်...

မိုးဗြဲ ၄ ရက်မြောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးကျော်သေဆုံး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ဦး ကျဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရှမ်းပြည်နယ်-ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့တွင် ဖြစ်ပွားသော စက်တင် ဘာလ ၁၁ ရက်နေ့ ၄ ရက်မြောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးကျော်သေဆုံးကြောင်း KNDF က သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ (၁၁) ရက်နေ့ နံနက် (၇)နာရီမှစ၍ မိုးဗြဲမြို့ ၊ ပွဲကုန်း...

PDF နှင့် ERO တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ထိသေဆုံးမှု များနေကြောင်း မင်းအောင်လှိုင် ၏ ထိပ်တန်းလျှို့ဝှက်ပြောကြားမှုတွင် ဝန်ခံ၊ Drone ဖြင့် ဗုံးကျဲမှု နှင့်ထောက်လှမ်းမှုများကို မင်းအောင်လှိုင် ထိတ်လန့်

ရန်ကုန်၊ စက်တင်ဘာ ၁၀ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားသော တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ များပြားနေကြောင်း ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ဝန်ခံပြောကြားလိုက်သည်။ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ် ပြန် သော မင်းအောင်လှိုင်၏ ထိပ်တန်းလျှို့ ဝှက်ပြောဆိုချက်စာဖိုင်တွင် မင်းအောင်လှိုင်၏ ဝန်ခံချက်ကို ဖော်ပြထားခြင်းဖြစ် ကြောင်း သိရှိရသည်။ ၂၀၂၂ ဇွန်လ...

Latest news

- Advertisement -spot_img