28.4 C
Yangon
spot_img

CATEGORY

Editor Choice

အကြမ်းဖက်စစ်ကောင်စီကို ILO Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်ပြီးနောက် စစ်တပ်ဝင်ငွေရလမ်း ရေနံသဘာ၀ဓာတ်ငွေ့၊ လေယာဉ်ဆီနှင့် ဘဏ္ဍာရေးငွေကြေးကဏ္ဍကို အဓိက ပစ်မှတ်ထားပိတ်ဆို့အရေးယူရန်ရှိ

ရန်ကုန်၊ ဇွန် ၆ အကြမ်းဖက်စစ်ကောင်စီကို ILO Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်ပြီးနောက် စစ်တပ်ဝင်ငွေရလမ်း ရေနံသဘာ၀ဓာတ်ငွေ့၊ လေယာဉ်ဆီနှင့် ဘဏ္ဍာရေးငွေကြေးကဏ္ဍကို အဓိက ပစ်မှတ်ထားပိတ်ဆို့အရေးယူရန်ရှိနေကြောင်း မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ် (Myanmar Employer Federation -MEF)မှ အထွေ ထွေအတွင်း ရေးမှူး ဦးဝေမှူးသွင်က...

မင်းအောင်လှိုင်နှင့်မိသားစုအသုံးပြုရန် ငှားရမ်းထားသော Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK ကို ဝယ်ယူရာတွင် အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါးအသုံးပြုခဲ့ပြီး မင်းအောင်လှိုင် စိတ်တိုင်းကျ လေယာဉ်အတွင်းပိုင်းကို ပြင်ဆင်ခဲ့

ရန်ကုန်၊ မေ ၁ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်မိသားစုအသုံးပြုရန် ငှားရမ်းထားသော Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALKကို ဝယ်ယူရာတွင် အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါးအသုံးပြုခဲ့ပြီး မင်းအောင်လှိုင် စိတ်တိုင်းကျ လေယာဉ်ကို ပြင်ဆင်ခဲ့ကြောင်း မြန်မာ့လေကြောင်း သတင်းရင်းမြစ်က...

မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ ခုမှ နိုင်ငံသားများ အမေရိကန်နိုင်ငံသို့ ခရီး သွားဝင်ရောက်ခွင့် တားမြစ်သည့် အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က လက်မှတ်ရေးထိုး၊ မြန်မာနိုင်ငံသားများကို အမေရိကန်ဝင်ရောက်ခွင့် လုံး၀ ကန့်သတ်

ရန်ကုန်၊ ဇွန် ၅ အမေရိကန်နိုင်ငံ၏အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးအန္တရာယ်များမှကာကွယ်ရန် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ နိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံသို့ ခရီးသွားလာဝင်ရောက်ခွင့် တားမြစ်သည့် အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က ယနေ့ လက်မှတ်ရေးထိုးလိုက်ကြောင်း CNN သတင်းအရ သိရှိရသည်။ မြန်မာနိုင်ငံသားများသည် အမေရိကန်နိုင်ငံသို့ ခရီးသွားလာရောက်ခွင့် လုံး၀ ကန့်သတ်ခံရသည့်...

စစ်လေယာဉ်များက သေ့ဘောဘိုးစခန်း မကျစေရန် ဗုံးကျဲခုခံစဉ် မိမိတပ်ဖွဲ့အပေါ် ဗုံးမှားကျဲချမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးသွားခဲ့ပြီး ကျန်စစ်သားများ အားလုံး အလံဖြူထောင်လက်နက်ချ

ရန်ကုန်၊ ဇွန် ၄ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစခန်းကို KNLA တပ်များက ယမန်နေ့ အပြင်းအထန် ထိုးစစ်ဆင်စဉ် သေ့ဘောဘိုးစခန်း မကျစေရေး စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲခုခံခဲ့စဉ် မိမိတပ်ဖွဲ့အပေါ် ဗုံးမှားကျဲချမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးသွားခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ...

FPV ဒရုန်း အန္တရာယ်ရှိနေ၍ လေယာဉ်နှင့်ရဟတ်ယာဉ်များကို လေယာဉ်ဂိုဒေါင်များတွင် လုံခြုံစွာ သိမ်းဆည်းထားရန်၊ Jammer နှင့် ဒရုန်း Guard များကို စဉ်ဆက်မပြတ် စစ်ဆေးရန် ညွှန်ကြား

ရန်ကုန်၊ ဇွန် ၄ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ နှင့် ရွှေကူမြို့တို့တွင် FPV (First Person View)ဒရုန်းများဖြင့် စစ်ရဟတ်ယာဉ် ၂ စီးကို KIA က ဖျက်ဆီးခဲ့ပြီးနောက် လေတပ်များတွင် ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များကို လေယာဉ်ဂိုဒေါင် (Hanger) များတွင် လုံခြုံစွာ သိမ်းဆည်းထားရန်၊...

AA ၊ TNLA နှင့် MNDAA မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က အပစ်အခတ်ရပ်စဲရေး ၁ လထပ်မံ တိုးမြှင့်ဟု ကြေညာ

ရန်ကုန်၊ ဇွန် ၃ အာရက္ခတပ်တော် AA ၊ ပလောင် TNLA နှင့် ကိုးကန့် MNDAA တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က အပစ်အခတ်ရပ်စဲရေး ၁ လ ထပ်မံတိုးမြှင့်ကြောင်း ယမန်နေ့ ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ငလျင်နောက်ဆက်တွဲ...

မြန်မာ့အရေး အရေးယူဖြေရှင်းဆောင်ရွက်ရန် ထပ်မံကျရှုံးခဲ့သော အာဆီယံအဖွဲ့ကို စစ်ကောင်စီက လှောင် ပြောင်နေဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ဝေဖန်

ရန်ကုန်၊ ဇွန် ၂ မြန်မာ့အရေး အရေးယူဖြေရှင်းဆောင်ရွက်ရန် ထပ်မံကျရှုံးခဲ့သော အာဆီယံအဖွဲ့ကို စစ်ကောင်စီက အရပ်သားပြည်သူများကို ဗုံးကျဲသတ်ဖြတ်ပြခြင်းဖြင့် လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M) က ဝေဖန်လိုက်သည်။ မေလ ၂၆ ရက်နေ့မှ မေလ ၂၇ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၄၆...

ဗိုလ်ချုပ်ဟောင်းများနှင့်မိသားစုဝင်များ လုပ်ကြံခံရမည်စိုးရိမ်၍ နေရာပြောင်း လျှို့ဝှက်နေထိုင်ကြသည့်အပြင် သက် တော်စောင့်အဖွဲ့များ ငှားရမ်းခြင်းနှင့် ခွင့်ပြုချက်တောင်း လက်နက်ကိုင်ဆောင်မှုများ လုပ်ဆောင်နေ

ရန်ကုန်၊ ဇွန် ၂ ပြည်တွင်းတွင် တော်လှန်ရေးတပ်များ၏ လုပ်ကြံပစ်ခတ်သတ်ဖြတ်ခံရမည်စိုးရိမ်၍ ဗိုလ်ချုပ်ဟောင်းများနှင့်မိ သားစုဝင်များမှာ နေရာပြောင်းခြင်း၊ လျှို့ဝှက်နေထိုင်ကြခြင်း အပြင် သက်တော်စောင့်အဖွဲ့များ ငှားရမ်းခြင်းနှင့် စစ်တပ်ထံမှ ခွင့်ပြုချက်တောင်းခံ၍ လက်နက်ကိုင်ဆောင်ခြင်းများ လုပ်ဆောင်လာကြကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလတွင် Mytel ဆက်သွယ်ရေးကုမ္ပဏီမှ ဘဏ္ဍာရေးအရာရှိချုပ် ဒုတိယဗိုလ်မှူးကြီးဟောင်း သိန်းအောင်၊...

နွေဦးတော်လှန်ရေး၏ အထွေထွေထိုးစစ်ကြီး အောင်မြင်စေရေး ပြည်သူတိုင်း အာရုံစိုက်ပါဝင်ရန်နှင့် ကြိုတင်ပြင်ဆင်ရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တိုက်တွန်း

ရန်ကုန်၊ ဇွန် ၁ စစ်အာဏာရှင် တော်လှန်ရေးတွင် မကြာခင်ဖြစ်ပေါ်လာမည့် အထွေထွေထိုးစစ်ကြီး အောင်မြင်စေရေးအတွက် ပြည်သူတိုင်း အာရုံစိုက်ပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းလိုက်သည်။ ရန်ကုန်ခေတ်သစ်က အပတ်စဉ် စီစဉ်တင်ဆက်လျက်ရှိသော ပြည်သူမှ ပြည်သူသို့ အမေးအဖြေတွင် ၎င်းက အထက်ပါအတိုင်း ဖြေဆိုသွားခြင်းဖြစ်သည်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊...

စခန်းသိမ်း၊ မြို့သိမ်းနှင့် ထင်သာမြင်သာရှိသော စစ်ပွဲ အောင်နိုင်သည်အထိ တိုက်ခိုက်နိုင်သော အရာရှိနှင့်စစ် သည်များကို အသက်အရွယ်နှင့် အရည်အချင်း ကန့်သတ်ချက်မထားဘဲ ရာထူးတိုးပေးမည်ဟု မင်းအောင်လှိုင်က မက်လုံးပေး

ရန်ကုန်၊ ဇွန် ၁ မြန်မာနိုင်ငံတစ်ဝန်း စခန်းသိမ်း၊ မြို့သိမ်းနှင့် ထင်သာမြင်သာရှိသော စစ်ပွဲ အောင်နိုင်သည်အထိ တိုက်ခိုက်နိုင်သော အရာရှိနှင့်စစ်သည်များကို အသက်အရွယ်နှင့် အရည်အချင်း ကန့်သတ်ချက်မထားဘဲ ရာထူးတိုးပေးမည်ဟု မင်းအောင်လှိုင်က မက်လုံးပေးသော ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လာကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက် စစ်ကောင်စီက လာမည့် နှစ်ကုန်ပိုင်းတွင်...

Latest news

- Advertisement -spot_img