28 C
Yangon
spot_img

CATEGORY

News

မင်္ဂလာဒုံမြို့နယ် ရဲစခန်းဂိတ်ကင်းတွင် အရက်သောက်နေသည့် ရဲများကို မိုင်းခွဲ တိုက်ခိုက်မှု ထိခိုက်မှုရှိနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရဲစခန်းဂိတ်ကင်းတွင် အရက်သောက်နေသည့် ရဲများကို မိုင်းခွဲ တိုက်ခိုက်ရာ ရဲများ ထိခိုက်မှုရှိနိုင်ကြောင်း Yangon Army (YA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၆...

စစ်ကိုင်းတိုင်းအတွင်း ဆူပူသောင်းကျန်းမှုများ ပေါများခြင်းမှာ အသိပညာနှင့် အတတ်ပညာအားနည်းမှုများကြောင့် အကြမ်းဖက် မင်းအောင်လှိုင် အပြစ်တင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ စစ်ကိုင်းတိုင်းအတွင်း အချို့ရောများတွင် ဆူပူသောင်းကျန်းမှုများ ပေါများခြင်းမှာ အသိပညာနှင့် အတတ်ပညာအားနည်းမှုများကြောင့်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က အပြစ်တင်ပြောဆိုသည်။ ယမန်နေ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့သို့ ရောက်ရှိလာသော မင်းအောင်လှိုင်က ဌာနဆိုင်ရာများ၊ တပ်နယ် အရာရှိများနှင့်တွေ့ဆုံစဉ် ထိုကဲ့သို့ အပြစ်တင်ပြောဆိုမှုများကို လုပ်ဆောင်လာခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်း အချို့နေရာများတွင် ဆူပူသောင်းကျန်းမှုများ ပေါများခြင်းသည်...

တီးတိန်မြို့နယ် ဇန်ဇောလ်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်နှင့် မော်တော်ယာဉ်များ ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ ဇန်ဇောလ် (Zangzawl) ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှတစ်ဆင့် ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်နှင့် မော်တော်ယာဉ်များ ပြင်းထန်စွာ ပျက်စီးသွားကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

မင်းအောင်လှိုင်နှင့် စစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး တီမောနိုင်ငံက အမှုလက်ခံလိုက်ပြီးနောက် ရန်ကုန်ရှိ တီမောသံရုံးကို မြန် မာစစ်တပ်က နှင်ထုတ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ မြန်မာ နိုင်ငံမှ တီမောသံရုံး ထွက်ခွာရန် အမိန့်ပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်တပ်တို့ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး တီမောနိုင်ငံက ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးရန် အမှုလက်ခံလိုက်ပြီးနောက် ရန်ကုန်ရှိ တီမောသံရုံးကို မြန်မာစစ်တပ်က ၇ ရက်အတွင်း ထွက်ခွာရန် နှင်ထုတ်ကြောင်း ယမန်နေ့ညပိုင်း ကြေညာသည်။ ဖေဖော်ဝါရီလဆန်းပိုင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော တီမောနိုင်ငံက မြန်မာနိုင်ငံမှ...

နတ်တလင်းမြို့နယ်တွင် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၀ ဦး ထိခိုက်သေဆုံး၊ ဂန့်ဂေါတွင် စစ်သား ၁ ဦး သေနတ်ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း နတ်စစ်သည် အဖွဲ့ထုတ်ပြန်ချက်နှင့် ဒေသစစ်ရေးသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်အနီးရှိ...

ရွာငံမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၅ ခုကို ဝင်ရောက်စီးနင်းပြီး သံဃာတော်များ အပါအဝင် ပြည်သူ ၂၀ကျော်ကို ဖမ်းဆီးကာ ငွေကျပ် ၁၀ သိန်းဖြင့် ပြန်ရွေးခိုင်း၊ ထောင်နှင့်ချီသော ပြည်သူများလည်း စစ်ဘေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၅ ခုကို ဝင်ရောက်စီးနင်းပြီး သံဃာတော်များ အပါအဝင် ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးကာ ငွေကျပ် ၁၀ သိန်းဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး...

နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာ ၃ ခုကို စစ်တပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၃၀ ကျော် မီးလောင်ပြာကျ၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာ ၃ ခုကို အကြမ်းဖက် စစ်တပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၃၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ...

နိုင်ငံတစ်ဝန်းမှ ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်နေသည့် လေကြောင်းတိုက်ခိုက်မှုများတွင် စစ် တပ်က အမျိုးသမီး တိုက်လေယာဉ်မှူးများကို ရာထူးတိုး၊ ဆုပေးစနစ်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်နေသည့် လေကြောင်းတိုက်ခိုက်မှုများတွင် စစ်တပ်က လေတပ်အရာရှိ အမျိုးသမီးတိုက်လေယာဉ်မှူးများကို ရာထူးတိုး၊ ဆုပေးစနစ်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိကြောင်း လေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခင်က တိုက်လေယာဉ်အုပ်များတွင် အမျိုးသားလေတပ်အရာရှိများသာ တိုက်ခိုက်ရေးများတွင် အဓိက အသုံးပြု ခဲ့သော်လည်း ၂၀၂၂...

ရန်ကုန်တွင် အရာရှိသင်တန်းတက်နေသည့် သင်္ဘောသား ကိုခန့်စည်သူကို စစ်တပ်က စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရန်ကုန်မြို့တွင် သင်္ဘောသားအရာရှိ သင်တန်းတက်ရောက်ပြီးနောက် မိသားစုရှိရာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်သို့ ပြန်လာသည့် သင်္ဘောသား အရာရှိ ကိုခန့်စည်သူကို စစ်တပ်က စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသောကိုခန့်စည်သူ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊...

ထိုင်း-မြန်မာနယ်စပ် ဘုတ်ပြင်းမြို့နယ်၊ စစ်တပ်နယ်ခြားစောင့်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ထိုင်း-မြန်မာနယ်စပ် ၊ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ရွာဟေ့လူ နယ်ခြားစောင့်တပ်စခန်းမှ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ၁ဝနာရီ ၄၅မိနစ်ဝန်းကျင်အချိန် ထိုင်း-မြန်မာနယ်စပ်၊ ဘုတ်ပြင်းမြို့နယ်...

Latest news

- Advertisement -spot_img