25.2 C
Yangon
spot_img

CATEGORY

News

ကော့သောင်းတွင် ပျူစောထီး ၁ ဦး အမျိုးသမီးပါ ခေါ်ဆောင်လာပြီး တော်လှန်ရေးတပ်ထံ အလင်းဝင်၊ စစ်တပ်ကို ပြန်လည် တိုက်ခိုက်မည်ဟု ပြောဆို

ရန်ကုန်၊ ဇူလိုင် ၁၁ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ပျူစောထီး ၁ ဦး အမျိုးသမီးပါ ခေါ်ဆောင်လာပြီး တော်လှန်ရေးတပ်ထံ အလင်းဝင်ရောက်ကာ စစ်တပ်ကို ပြန်လည် တိုက်ခိုက်မည်ဟုပြောဆိုကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။ ဇူလိုင်လ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ...

လောင်းလုံး လက်ခတ်တောင်စခန်းမှ စစ်မှုထမ်းတပ်သားသစ်များ ကျေးရွာအတွင်း ကြက်ခိုးမည်ဟု အကြောင်းပြကာ ထွက်ပြေး၊ စစ်တပ်က သေနတ်ပစ်ဖောက်ရှာဖွေနေ

ရန်ကုန်၊ ဇူလိုင် ၁၁ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင် စစ်တပ်စခန်းမှ စစ်မှုထမ်းတပ်သားသစ်များသည် ကျေးရွာအတွင်း ကြက်သွားခိုးမည်ဟု အကြောင်းပြကာ ထွက်ပြေးသွားသဖြင့် စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့တွင် လက်ခတ်တောင် စစ်တပ်စခန်းမှ စစ်သားများနှင့် စစ်မှုထမ်းတပ်သားသစ်များသည်...

ကော့သောင်းတွင် ၁၂ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး ပြည်သူများကို PDF ဟု စွပ်စွဲသတ်ဖြတ်နေသော စစ်တပ် သတင်းပေး အေးမင်းလတ်ကို အရှင်မိသော်လည်း ထွက်ပြေးရန်ပြုလုပ်စဉ် ပစ်ခတ်ဖမ်းဆီး၍ သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၁ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့တွင် ၁၂ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး ပြည်သူများကို PDF ဟု စွပ်စွဲသတ်ဖြတ်နေသော စစ်တပ် သတင်းပေး အေးမင်းလတ်ကို အရှင်မိသော်လည်း ထွက်ပြေးရန် ပြုလုပ်စဉ် ပစ်ခတ်ဖမ်းဆီး၍ သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက...

Non-CDM ဝန်ထမ်းများ နိုင်ငံကူးလက်မှတ်များ ခိုးလုပ်ထားပါက ချက်ချင်းပြန်လည်အပ်နှံရန်နှင့် မအပ်နှံပါက စုံခုံဖွဲ့အရေးယူမည်ဟု စစ်တပ်က အမိန့်ထုတ်၊ ဝန်ထမ်းများ၏ ခင်ပွန်း၊ ဇနီး၊သားသမီးများ ပြည်ပထွက်ရန် နိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဆိုပါက ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူရမည်

ရန်ကုန်၊ ဇူလိုင် ၁၁ အကြမ်းဖက် မင်းအောင်လှိုင်အတွက် အလုပ်လုပ်နေကြသော Non-CDM ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာနကို အသိပေးခြင်းမရှိဘဲ နိုင်ငံကူးလက်မှတ်များ ခိုးလုပ်ထားပါက ချက်ချင်းပြန်လည်အပ်နှံရန်နှင့် မအပ်နှံပါက စုံခုံဖွဲ့အရေးယူမည်ဟု ဝန်ကြီးဌာနများအားလုံးတွင် အမိန့်ထုတ်ထားကြောင်း သိရှိရသည်။ အကြမ်းဖက် မင်းအောင်လှိုင်က စစ်အာဏာသိမ်းချိန်ကတည်းက Non-CDM ဝန်ထမ်းများကို သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊...

ကနီမြို့နယ် တောင်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက စစ်ဘေးရှောင်များ နေထိုင်ရာအနီးသို့ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁၁ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်း၊ ဇီးပင်တွင်းရွာနှင့် အောင်မင်္ဂလာရွာကြားရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာအနီးကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၄ မိနစ်ခန့်မှ...

ပြည်တွင်းတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ဆက်လက်မြင့်တက်နေပြီး အငြင်းပွားမှု ၂၂၇ မှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ဟု STUM ပြော

ရန်ကုန်၊ ဇူလိုင် ၁၁ ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ဆ က်လက်မြင့်တက်နေပြီး အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်ပေးရန်နှင့် တရားမျှတမှုရရှိစေရန် အငြင်းပွားမှု ၂၂၇ မှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က အစီရင်ခံစာ ထုတ်ပြန်သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ...

ချောက်မြို့နယ်တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ကာ ပစ္စည်းများ ခိုးယူ၊ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၁၁ မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများ ခိုးယူနေသဖြင့် သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၈ ရက်နေ့မှစတင်၍ ညောင်ချောင်းရွာနှင့် ပွင့်လင်းရွာဘက်မှ ရောက်ရှိလာသော အကြမ်းဖက်စစ်တပ်...

ထိုင်းနိုင်ငံ၊ မဲဆောက်နှင့် မယ်ရမတ်မြို့နယ်တို့တွင် တရားမဝင် အလုပ်လုပ်ကိုင်သူနှင့် ခိုးဝင်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ ဇူလိုင် ၁၁ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ အမှတ် (၁) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို အာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ဇူလိုင်လ ၉ ရက်နေ့...

အာဆီယံက မြန်မာစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးပါက ဘုံသဘောတူညီချက် ၅ ရပ်ကို ကိုယ်တိုင်ဖျက်ဆီးပြီး ကျရှုံးမှုကို ကြေညာရာရောက်မည်ဟု SAC-M သတိပေး

ရန်ကုန်၊ ဇူလိုင် ၁၁ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ဘန်ကောက်မြို့တွင် တွေ့ဆုံရန် စီစဉ်ထားခြင်းသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို ကိုယ်တိုင်အားနည်းပျက်ပြားစေပြီး စစ်ကောင်စီ၏ သွေးထွက်သံယို အကြမ်းဖက်မှုများနှင့် အာဆီယံအပေါ် အာခံမှုများကို ဆုချရာရောက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)...

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများအတွက် CI ထုတ်ပေးသော စင်တာများတွင် တရားဝင် အခကြေးငွေထက် ပိုမိုကောက်ခံမှုများရှိနေ၍ နှစ်နိုင်ငံ ဆွေးနွေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီး ထုတ်ဖော်ပြောဆို

ရန်ကုန်၊ ဇူလိုင် ၁၁ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ဖွင့်လှစ်ထားသော CI (Certificate of Identity) စင်တာများတွင် သတ်မှတ်ထားသည့် တရားဝင်အခကြေးငွေထက် ပိုမိုတောင်းခံကာ ပြေစာမပေးဘဲ ငွေကြေးကောက်ခံမှုများရှိနေ၍ မြန်မာဘက်နှင့် ဆွေးနွေးကာ CI စင်တာဝန်ဆောင်မှုများ ပိုမိုကောင်းမွန်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီး ဂျူလာဖန် အမော်န်ဝီဝတ်က...

Latest news

- Advertisement -spot_img