25.2 C
Yangon
spot_img

CATEGORY

News

ဖားကန့်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဥရုချောင်းရေ မြင့်တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များကို ရေများ စတင်ဝင်ရောက်နေ

ရန်ကုန်၊ ဇူလိုင် ၁၂ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဥရုချောင်းရေ မြင့်တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များကို ရေများ စတင်ဝင်ရောက်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဖားကန့်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ဥရုချောင်းရေ မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များကို ရေများ...

မလေးရှားနိုင်ငံ၊ ဆလန်ဂေါ ပြည်နယ်ရှိ ကလန်ဘတ်စ်ကားဂိတ်ဝန်းကျင်တွင် အော်ပရာစီ စစ်ဆင်ရေးဖြင့် ဝင်ရောက် ဖမ်းဆီးရာ မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ၁၀၀၀ ကျော် ဖမ်းဆီးခံရ

ရန်ကုန်၊ ဇူလိုင် ၁၂ မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်မြို့ (Klang) ရှိ နိုင်ငံခြားသားများ အဓိက စုဝေးရာ ကလန်ဘတ်စ်ကားဂိတ်ဝန်းကျင်တွင် အာဏာပိုင်များက အင်အားအလုံးအရင်းဖြင့် အော်ပရာစီ (Operasi) စစ်ဆင်ရေး ပြုလုပ်ကာ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ၁၀၀၀ ကျော်...

ဝက်လက်တွင် စစ်တပ်က စစ်ရှောင်တဲများကို လိုက်လံ မီးရှို့ဖျက်ဆီးနေ၊ ကနီတွင်လည်း စစ်တပ် စစ်ကြောင်းထိုးနေ၍ ပြည်သူများ နေရပ်မပြန်နိုင်သေး

ရန်ကုန်၊ ဇူလိုင် ၁၂ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ရှောင်တဲများကို လိုက်လံ မီးရှို့ဖျက်ဆီးနေကြောင်း Wetlet Informational Network ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။ ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ အရှေ့မြောက်ခြမ်းရှိ ရှားကွဲရွာတွင် အထိုင်ချ တပ်စွဲထားသော...

ဒေါ်အောင်ဆန်းစုကြည်ကို အစ်မ ဆွေမျိုးကဲ့သို့ စောင့်ရှောက်ပေးထားဟု မြန်မာစစ်တပ်က ပြောဆိုသော်လည်း လူကိုယ်တိုင်တွေ့ဆုံခွင့်ပေးမှ အတည်ပြုနိုင်မည်ဟု အာဆီယံဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က တောင်း ဆို

ရန်ကုန်၊ ဇူလိုင် ၁၂ ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်နေပြီး ဆွေမျိုး၊ အစ်မကဲ့သို့ စောင့်ရှောက်ပေးထားကြောင်း စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ပြောဆိုခဲ့သည်။ ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးတို့၏...

မတ္တရာရှိ စစ်တပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ၊ နယ်မြေပြန်လည်စိုးမိုးနိုင်ရေး ကြိုးစားနေဟု အသိပေး

ရန်ကုန်၊ ဇူလိုင် ၁၂ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၅ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဒေါင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ပြီးခဲ့သည့် ဇွန်လ...

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် အာဆီယံဥက္ကဋ္ဌ တို့ တွေ့ဆုံရန်ရှိဟု NUG နိုင်ငံခြားရေးဝန်ကြီးပြောဆို

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် မလိုက်နာဘဲ စစ်တပ်နိုင်ငံခြားရေးဝန်ကြီးကို အလွတ် သဘော တွေ့ဆုံမှု အာဆီယံ၏ဂုဏ်သိက္ခာနှင့်ပုံရိပ်ကို ထိခိုက်နိုင်ဟု ဒေါ်ဇင်မာအောင် သတိပေး ရန်ကုန်၊ ဇူလိုင် ၁၂ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) အနေဖြင့် မြန်မာ့ဒီမိုကရေစီရေးနှင့် တော်လှန်ရေးကို ထောက်ခံသော နိုင်ငံများသို့ ဆက်လက်သွားရောက်ရန်...

ပေါက်-မြိုင်မြို့နယ်အစပ်သို့ စစ်တပ်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ပြည်သူတချို့ ဒဏ်ရာရရှိပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၁၂ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ရော့ကတ်များနှင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ ဆရာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၁...

ထိုင်းနိုင်ငံ ကန်ချနဘူရီနှင့် နခွန်ဆီထာမရတ်ခရိုင်တို့တွင် တရားမဝင် ခိုးဝင်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၅ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ ဇူလိုင် ၁၂ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်နှင့် နခွန်ဆီထာမရတ်ခရိုင်၊ ချအော့မြို့နယ်တို့တွင် တရားမဝင် ခိုးဝင်လာသည့် မြန်မာရွှေ့ပြောင်းအလုပ် သမား စုစုပေါင်း ၂၅ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်...

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံရောက်ရှိနေသော အကြမ်းဖက် စစ်တပ် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၁၂ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံရောက်ရှိနေသော အကြမ်းဖက် စစ်တပ် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်ကက်ကဲယိုက ယမန်နေ့ တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်ကက်ကဲယိုနှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့ တွေ့ဆုံပြီး...

ခေါင်လန်ဖူးဒေသရှိ စစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်စခန်း ၂ ခုကို KIA တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးပြီး လက်နက် ၁၅ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၁၂ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသတွင် စစ်ရေးပြင်ဆင်၍ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ဌာနေပြည်သူ့စစ် ပူးပေါင်းတပ်စခန်း ၂ ခုကို ကချင်လွတ်မြောက်ရေးတပ်မတော်-KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံးခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၁၀...

Latest news

- Advertisement -spot_img