26 C
Yangon
spot_img

CATEGORY

News

ဖောင်းပြင်၊ မြ၀တီ၊ ပုလောတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး PDF ၂ ဦး ကျဆုံး

ရန်ကုန်၊ ဩဂုတ် ၂၄ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား ဖြစ် ပွား သော ဖောင်းပြင်၊ မြ၀တီ၊ ပုလောမြို့နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး PDF ၂ ဦး ကျဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။ ယမန်နေ့ မြ၀တီသုံးထပ်ကွေ့တိုက်ပွဲ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး PDF...

ကချင်နှင့်စစ်ကိုင်းအစပ် KIA တပ်မဟာ ၈ နယ်မြေကို ညအချိန် တိုက်လေ ယာဉ် ၂ စင်းဖြင့် စစ်တပ်က ဗုံးကျဲချ

ရန်ကုန်၊ ဩဂုတ် ၂၄ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် ၊ KIA တပ်မဟာ ၈ နယ်မြေကို ည ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ် ၂ စင်းဖြင့် ဗုံးကျဲချသွားကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။ ဩဂုတ်လ ၂၄ ရက်နေ့...

ရန်ကုန်တိုင်း၊ မြို့နယ်များတွင် ဗုံးများ ပေါက်ကွဲပြီး ပစ်ခတ်မှုတချို့ဖြစ်

ရန်ကုန်၊ ဩဂုတ် ၂၄ ရန်ကုန်တိုင်း၊ လှိုင်သာယာ၊ ကြည်မြည့်တိုင်၊ တောင်ဒဂုံနှင့်မြောက်ဒဂုံမြို့နယ်တွင် ယနေ့ ဗုံးပေါက်ကွဲမှုများနှင့်ပစ်ခတ်မှု တချို့ဖြစ်ပေါ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဩဂုတ် ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၃ ရပ် ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်းဘေး တန်ပိုစစ်ဆေးရေးဂိတ်အနီးတွင် ဗုံးပေါက်ကွဲခဲ့ပြီး...

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးအနီး ဗုံး ၃ လုံးဆက်တိုက်ပေါက်ကွဲပြီး အစောင့်ရဲ ၁ ဦး ဒဏ်ရာရကာ ပစ်ခတ်မှု ဖြစ်

ရန်ကုန်၊ ဩဂုတ် ၂၄ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏခရိုင်တရားရုံးအနီးတွင် ယနေ့ည ၈ နာရီဝန်းကျင်အချိန်ခန့် ဗုံး ၃ လုံး ဆက် တိုက်ပေါက်ကွဲခဲ့ပြီး အစောင့်ရဲ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ၊ ပစ်ခတ်သံတချို့ကြားရကြောင်း ဒေသခံတချို့နှင့် မြို့ပြပျောက်ကျားသတင်းရင်းမြစ်ထံမှ သိရှိရသည်။ "ဗုံး လေးလုံးမှာ သုံးလုံးကွဲတယ်။...

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရဲစခန်းကို PDF များက ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးဒဏ်ရာရပြီး ဒေသခံပြည်သူတချို့ ဖမ်းဆီးစစ်ဆေးခံရ

ရန်ကုန်၊ ဩဂုတ် ၂၄ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ ဆိပ်ခွန်နယ်မြေရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၂၄ ရက်နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် လာရောက်တိုက်ခိုက်ကြောင်း သိရှိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ရှော့တိုက်ဒုံးများ၊လက်လုပ်စိန်ပြောင်းများ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြပြီး စကစက ပြန်လည်ပစ်ခတ်ခဲ့ရာ ထိခိုက်ကျဆုံးမှုမရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုကို 96...

တန့်ဆည်မှ စစ်တပ်စစ်ကြောင်းများကို ရဟတ်ယာဉ်များဖြင့် ကန့်ဘလူ၊ ကျွန်းလှနှင့်ကောလင်းဘက်သို့ တပ်ပြောင်း ရွှေ့၊ စစ်တပ်က ဓားစာခံ ဖမ်းဆီးထားသော ပြည်သူ ၆၇ ဦး ကို ကယ်ထုတ်နိုင်ပြီး နေရပ်ပြန်နိုင်ရန် စီစဉ်ပေးနေ

ရန်ကုန်၊ သြဂုတ် ၂၄ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ စစ်တပ်စစ်ကြောင်းများကို ရဟတ်ယာဉ်များဖြင့် ကန့်ဘလူ၊ ကျွန်းလှနှင့်ကောလင်း ဘက်သို့ ရဟတ်ယာဉ်များဖြင့် ယမန်နေ့ညနေပိုင်းမှစတင်ပြောင်းရွှေ့နေပြီး တန့်ဆည်မြို့နယ်၊ အောင်ချမ်းသာ ကျေးရွာတွင် ဓားစာခံ ဖမ်းဆီးထားသော ပြည်သူ ၆၇ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကာ နေရပ် ပြန်နိုင်ရန် စီစဉ်‌ပေးနိုင်ကြောင်း တန့်ဆည်...

ထီးလင်းမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ် ချုံခိုတိုက်ခိုက်ခံရ၊ စစ်ကောင်စီဝင် ၅ ဦးသေ အများအပြားဒဏ်ရာရ၊ စစ်ကိုင်း မုံရွာ-ယာကြီးကားလမ်း မိုင်တိုင် ၂၈ သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

ရန်ကုန်၊ ဩဂုတ် ၂၄ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရွှေခုံတိုင်ကျေးရွာမှ ညအိပ်ပြီး ထွက်လာသော အကြမ်းဖက်စစ်ကောင်စီအင်အား ၁၀၀ခန့်ကို ရွှေခုံတိုင်ကျေးရွာ၏ တောင်ဘက် ၃မိုင်ခန့်အကွာတွင် ဩဂုတ် ၂၄ ရက်‌နေ့ နံနက် ၈ နာရီခန့်၌ ချုံခိုတိုက်ခိုက်ခံရပြီး စစ်ကောင်စီဝင် ၅ ဦးထက် မနည်း သေကာ...

ကန့်ဘလူ-ကောလင်း-ကျွန်းလှ မြို့နယ် ၃ ခု အစပ်တိုက်ပွဲတွင် ဗိုလ်ကြီး ၂ ဦးနှင့် ဗိုလ် ၁ ဦး အရှင်ဖမ်းမိပြီး စစ်သား ၄၀ ဦး သေဆုံး၊ လက်နက် ၂၂ လက်နှင့်ကျည် ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိ

ရန်ကုန်၊ ဩဂုတ် ၂၄ စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ကောလင်း-ကျွန်းလှမြို့နယ် ၃ ခု အစပ်တွင် မဟာ မိတ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက စစ်ကောင်စီတပ်ကို ယမန်​နေ့ တိုက်ခိုက်ရာ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၁ ဦး အရှင်ဖမ်းမိပြီး စစ်သား ၄၀ ဦးထက်မနည်းသေဆုံးကာ လက်နက် ၂၂...

ကိုစည်သူကိုကိုနှင့် ဇနီး မနှင်းဝေလှိုင်ကို မှားယွင်းပစ်ခတ်လိုက်၍ ကွယ်လွန်မှု ပြည်သူများနှင့် နစ်နာသူ မိသားစုကို မြို့ပြ ပျောက်ကျားအဖွဲ့က ဝန်ချတောင်း ပန်၊ နောင်တစ်ချိန် အပြစ်အတွက် ခံယူမည်ဟု အတိအလင်း အသိပေး

ရန်ကုန်၊ ဩဂုတ် ၂၄ မန္တလေးမြို့ လမ်း ၃၀ နှင့် ၅၇ လမ်းထောင့်တွင် ယမန်နေ့ နံနက်ပိုင်း ကိုစည်သူကိုကိုနှင့် ဇနီး မနှင်းဝေလှိုင်ကို မှား ယွင်းပစ်ခတ်မှုကြောင့် ကွယ်လွန်သွားရမှုအပေါ် Tiger Force Mandalay အဖွဲ့က ပြည်သူများနှင့် နစ်နာသူ မိသားစုကို ဝန်ချတောင်းပန်လိုက်သည်။ Tiger...

သုံးဆယ်မြို့တွင် အသက် ၁၉ နှစ်အရွယ် အိမ်အကူ မကြူကြူလွင် ဦးခေါင်းချိုင့်ဝင်ဒဏ်ရာ၊ တစ်ကိုယ်လုံး အရှိုးဒဏ်ရာများဖြင့် နှိပ်စက်ခံရပြီး သေဆုံးမှု အိမ်ရှင်နှင့်စစ်အာဏာပိုင်များပေါင်း၍ အမှုဖျောက်ဖျက်

ရန်ကုန်၊ ဩဂုတ် ၂၄ ပဲခူးတိုင်း၊ သုံးဆယ်မြို့တွင် အသက် ၁၉ နှစ်အရွယ် အိမ်အကူ မကြူကြူလွင် နှိပ်စက်ခံရပြီး သေဆုံးမှု ကို အိမ်ရှင်နှင့်စစ်တပ်အာဏာပိုင်များပေါင်း၍ အမှုဖျောက်ဖျက်လိုက်သဖြင့် အမှုမှန်ပေါ်ပေါက်ရေး ခက်ခဲနေကြောင်း ဒေသခံများနှင့်အမှုမှန်ပေါ်ရေး လိုက်ပါဆောင်ရွက်သူများထံမှ သိရှိရသည်။ ပဲခူးတိုင်း ၊ သုံးဆယ်မြို့ ၊ ဘုရားကြီးရပ်ကွက်ရှိ ဦးသိန်းစိုးနှင့်...

Latest news

- Advertisement -spot_img