30 C
Yangon
spot_img

CATEGORY

News

အကြမ်းဖက် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေကို ဂျပန်ကာကွယ်ရေးသင်တန်းများမှ ဖယ်ရှား အရေးယူနိုင်ရေး လှုပ်ရှားမှုတွင် ပြည်သူများ ပါဝင်လက်မှတ်ရေးထိုး တောင်းဆိုနိုင်

ရန်ကုန်၊ မေ ၆ မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်း ကြိုးပမ်းမှု စတင်ပြီးနောက်ပိုင်း ဒုတိယအကြိမ်အဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပေးမှာဖြစ်ကြောင်း ဂျပန်အစိုးရက မကြာသေးမှီက အတည်ပြုခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဗိုလ်လောင်းနှစ်ဦးနဲ့ အရာရှိတစ်ဦးတို့ကို ဂျပန်နိုင်ငံရဲ့ National Defense Academy ကလည်းကောင်း အခြားအရာရှိတစ်ဦးကိ Japan...

မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် နဂါးညီနောင်အထူးတပ်ဖွဲ့က လမ်းလုံခြုံရေး စစ်ဆေးဆောင်ရွက်

ရန်ကုန်၊ မေ ၆ စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် နဂါးညီနောင်အထူးတပ်ဖွဲ့ Dragon Brothers Task Force - DBTF က စစ်ကောင်စီတပ်ဖွဲ့များ ဖြတ်သန်းသွားလာခြင်းမရှိစေရန် လမ်းလုံခြုံရေး ဆောင်ရွက်နေကြောင်း သိရှိရသည်။'ငါတို့မြို့၊ ငါတို့လမ်း ငါတို့ပိုင်တယ်။ ဘယ် မအလ မှ...

ဘုတလင်၊ ကံသစ်အရှေ့ရွာကို အကြမ်းဖက်စစ်တပ်က မီးတင်ရှို့၊ ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျပြီး အသက် ၇၀ ရွယ်အဖွား ၁ ဦး မီးလောင် သေဆုံး

ရန်ကုန်၊ မေ ၆ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကံသစ်အရှေ့ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ မေလ ၆ ရက် နံနက် ၄ နာရီခွဲတွင် မီးတင်ရှို့မှုကြောင့် အိမ်ခြေ ၅၀ ကျော် မီးလောင်ပြာကျသွားပြီး အသက် ၇၀ အရွယ် အဖွားအို ၁ ဦးပါ...

ပြည်သူများ၏ လက်မှတ် ၅ သိန်းကျော်ကြောင့် NUG ကို တရားဝင်မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုရန် နယူးဇီလန်လွှတ်တော်က ကြားနာ၊ Democracy For Myanmar Groupနှင့် နယူးဇီးလန်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ

ရန်ကုန်၊ မေ ၆ အင်တာနက်မှတစ်ဆင့် မြန်မာပြည်သူများ လက်မှတ်ရေးထိုးတောင်းဆိုလိုက်သည့် လက်မှတ်ပေါင်း ၅ သိန်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နယူးဇီလန်နိုင်ငံက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် နယူးဇီလန် လွှတ်တော်တွင် ကြားနာပွဲများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း နယူးဇီလန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများထံမှ သိရှိရသည်။နယူးဇီလန်အစိုးရက NUG ကို မြန်မာပြည်၏တရားဝင်အစိုးရအဖြစ်...

သကျက်တောရဲစခန်းကို သွေးစ္စာသီချင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြာ်သံများ သီဆိုဟစ်ကြွေး၍ PDF များ ဝင်တိုက်

ရန်ကုန် ၊ မေ ၆ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သကျက်တောနယ်မြေရဲစခန်းကို မနေ့မေ လ ၅ ရက်နေ့ ညပိုင်းမှာ သွေးစ္စာသီချင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြာ်သံတွေ သီဆိုဟစ်ကြွေးပြီးတော့ PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။ မေလ ၅ ရက်နေ့ ည...

မင်းအောင်လှိုင် အရှက်တကွဲ ဖြစ်ခဲ့ရတဲ့ MRTV အက်ပလီကေးရှင်း မိတ်ဆက်ပွဲ

By လမ်းသစ် MRTV အက်ပလီကေးရှင်း မိတ်ဆက်ပွဲကို ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က နေပြည်တော် MICC-2 ခန်းမဆောင်မှာ ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး၊ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ အဆိုပါ MRTV အက်ပလီကေးရှင်းတွေဟာ ကမ္ဘာတစ်ဝှမ်း အသုံးပြုနေသော...

မင်းအောင်လှိုင်က လက်ရှိအုပ်ချုပ်မှုပုံစံသည် ခွဲဝေပေးသည့်အုပ်ချုပ်မှုပုံစံမျိုးနီးပါးဖြစ်၍ မြန်မာနိုင်ငံနှင့်သင့်တော်သည့် ဖက်ဒရယ်ပုံစံ အုပ်ချုပ်ရေး သွားရမည်ဟုဆို၊ တိုင်းရင်းသားလက်နက်ကိုင်များကို နားလည်အောင်ရှင်းပြမည်ဟုဆို

ရန်ကုန်၊ မေ ၆ အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်ရှိအုပ်ချုပ်ရေးပုံစံသည် ခွဲဝေ ပေးတဲ့ အုပ်ချုပ်မှု စနစ်ပုံစံမျိုးနီးပါး လုပ်ဆောင်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့်သင့်တော်သည့် ဖက်ဒရယ်စနစ်ကိုသာ သွားခြင်းက ပိုကောင်းလိမ့်မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ကျင်းပသော စစ်ကောင်စီအစည်းအဝေးတွင် ငြိမ်း ချမ်းရေးနှင့်ပတ်သက်၍ ၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့်တွေ့ဆုံရန်...

KNDO နှင့် ပူးပေါင်းလာသည့် DKBA မှ ဗိုလ်စလုံးနှင့် အင်အား ၂၀၀ ကျော်ကို ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြကိုယ်တိုင် လက်ခံကြိုဆိုဂုဏ်ပြု

ရန်ကုန်၊ မေ ၆ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO ထံ ပူးပေါင်းလာသည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်မှ ဗိုလ်စလုံးနှင့် တပ်သား ၂၀၀ ကျော်ကို ယမန်နေ့ မေလ ၅ ရက်နေ့တွင် ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြကိုယ်တိုင် လက်ခံကြိုဆို ဂုဏ်ပြုပွဲကို KNDO ထိန်းချုပ်နယ်မြေတနေရာတွင် ပြုလုပ်ခဲ့သည်။ဗိုလ်စလုံနှင့် တပ်သား ၂၀၀...

မင်းအောင်လှိုင်ကိုယ်တိုင် တခမ်းတနား ဖွင့်လှစ်ခဲ့သော စစ်တပ်ဝါဒဖြန့် MRTV Application မိတ်ဆက်ပြီး ၁ ရက်အတွင်း အွန်လိုင်း Google Play store နှင့် Apple Store ပေါ်မှ ဖြုတ်ချ ဖယ်ရှားပိတ်ပင်

ရန်ကုန်၊ မေ ၆ အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တခမ်းတနား ဖွင့်လှစ်ခဲ့သော MRTV Application ကို အမေရိကန်ကုမ္ပဏီ Apps Web Social LLC က မိတ်ဆက်ပြီး ၁ ရက်အတွင်း Google Play store...

အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းမီးရှို့ခဲ့သောကြောင့် ရွာလုံးကျွတ် ပြာကျ ခဲ့သော ကလေးမြို့ အရှေ့စည်းရွာ

ရန်ကုန်၊ မေ ၅ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း အရှေ့စည်းရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်တပ်သည် အရှေ့စည်းရွာရှိ ၎င်းတို့...

Latest news

- Advertisement -spot_img